HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

လိင်ဖျော်ဖြေပြီး PDF တွေ ရန်ပုံငွေ ရှာနေတယ်လို့ ဖြန့်ထားတဲ့ သတင်းအတု

PDF လူငယ်တွေက အသက် ၅၀ ကျော် တစ်ခုလပ်တွေနဲ့ လိင်ဖျော်ဖြေပြီး ရန်ပုံငွေ ရှာနေတယ်ဆိုတဲ့ သတင်းအတုတွေ ဖြန့်ဝေထားကြပါတယ်။

By - Boom Live Myanmar | 9 May 2022 7:54 AM GMT

အဆိုပါအကြောင်းအရာကို ဖြန့်ဝေရာမှာ သတင်းစာပါ သတင်းပုံစံ ပြုလုပ်ပြီး လူမှုကွန်ယက်ပေါ် ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြတာ ဖြစ်ပါတယ်။ အဆိုပါ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "PDF လူငယ်များ အသက် ၅၀ ကျော် တစ်ခုလပ်နှင့် မုဆိုးမများအား တစ်ညလျှင် ကျပ် ၄ သိန်းဖြင့် လိင်ဖျော်ဖြေ၍ ရံပုံငွေ ရှာနေရ" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ဖြန့်ဝေထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ "PDF လူငယ်များအနေဖြင့် အလှူငွေရရှိမှု နည်းပါးလာသည့်အတွက် လိင်ဖျော်ဖြေခြင်း လုပ်ဆောင်၍ ရံပုံငွေရှာနေရကြောင်း၊ အခုရက်ပိုင်းမှာတော့ NLD ပါတီအသိုင်းအဝိုင်းက အန်တီကြီးတွေကိုပဲ ဝန်ဆောင်မှုပေးနေမှာပါ၊ အများစုကတော့ ငါးဆယ်ကျော်တွေများတယ်၊ တစ်ခုလပ်တွေ မုဆိုးမတွေလည်း ပါတာပေါ့၊ ကျွန်တော်တို့က တစ်ည (၄) သိန်းယူပါတယ်…" (မူရင်းအတိုင်း) လို့ ရေးသားထားကာ website ထောင်ကာ Porn Video များရိုက်တင်ဖို့ ဒါရိုက်တာဝိုင်းက အားပေးကြောင်း၊ အကယ်ဒမီ လူမင်းနဲ့ ပန်ဆယ်လိုတို့ကလည်း တက်နိုင်သလောက် ကူညီပေးမှာဖြစ်ကြောင်း ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

အဆိုပါ အကြောင်းအရာကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ စစ်ကောင်စီထောက်ခံတဲ့ Group တွေ ထဲကို ကူးယူဖော်ပြခြင်း ထပ်ဆင့်မျှဝေခြင်းတွေ ပြုလုပ်နေကြသလို ဟာသသဘောနဲ့ နောက်ပြောင် ဖြန့်ဝေနေသူတွေလည်း ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ဒီသတင်းအမှားဟာ သတင်းစာပုံစံဖြစ်အောင် Photoshop နဲ့ ဖန်တီးပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ်သာ ဖြစ်ပါတယ်။ သတင်းအမှားဖြန့်သူဟာ သတင်းစာပါ သတင်းပုံစံ ပြုလုပ်ထားပေမယ့် သတင်းစာတွေမှာ ရေးသားကြတဲ့ စကားပြေအရေးအသားကိုတွေကိုတတ်ကျွမ်းတာမဟုတ်သလို စကားပြေ၊ စကားပြောတွေ ရောနှောရေးထားတာကို တွေ့ရပါတယ်။ ဝါကျ အဆုံးတွေမှာလည်း ပုဒ်မ( ။ ) ချထားခြင်း မရှိဘဲ ဖေ့စ်ဘွတ်ပိုစ့်တွေမှာ ရေးသားသလို ပြီးစလွယ် ရေးသားထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် အဆိုပါအကြောင်းအရာတစ်ခုလုံးမှာ ဘယ်သူကထုတ်ဖေါ်ပြောပြတယ်ဆိုတဲ့ အထောက်အထားတစုံတရာမပါသလို၊ ဘယ်က သိရပြီးရေးထားတယ်ဆိုတဲ့အချက်တွေလည်းမပါဝင်ပါဘူး။

ဒီလို သတင်းစာပါ သတင်းပုံစံနဲ့ သတင်းအမှားဖြန့်ဝေမှုဟာ ရွေးကောက်ပွဲ မတိုင်ခင်ထဲက ဖြန့်ဝေခဲ့ကြတာဖြစ်ပြီး ရွေးကောက်ပွဲအပြီးမှာရော စစ်တပ်က အာဏာသိမ်းထားတဲ့ ကာလတစ်လျှာက်လုံးမှာပါ ဒီလို သတင်းအမှားတွေများစွာ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။ယခင်ဖြန့်ခဲ့ဖူးတဲ့ သတင်းစာပါ သတင်းပုံစံ ဖန်တီးထားတဲ့ သတင်းအမှားတစ်ချို့ကို အောက်ပါ Link တွေမှာ ဖတ်ပါ။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောတယ်ဆိုတဲ့ သတင်းအမှား

NUG လုပ်ရပ်တွေအပေါ် ဒေါ်စုမှတ်ချက်ပြုမထားပါ


မဲစာရင်းနှင့်ကော်မရှင်ကိစ္စ ဒေါက်တာမျိုးညွန့်ပြောဆိုထားခြင်းမရှိ

ဦးဝင်းထိန်ပြောသယောင် ဖန်တီးထားတဲ့ သတင်းအတု

ပြည်ခိုင်ဖြိုးကို တိုက်ခိုက်ကြောင်း သတင်းစာပုံစံ ဖန်တီးထားတဲ့ သတင်းအတု



 


Related Stories