BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဦးဝင်းထိန်ပြောသယောင် ဖန်တီးထားတဲ့...
      သတင်းအတု

      ဦးဝင်းထိန်ပြောသယောင် ဖန်တီးထားတဲ့ သတင်းအတု

      NLD နာယက ဦးဝင်းထိန်က ပြောဆိုထားသယောင် လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားတစ်ပုဒ် ယခုရက်ပိုင်းအတွင်း ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar | 20 Jan 2021 12:19 PM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • ဦးဝင်းထိန်ပြောသယောင် ဖန်တီးထားတဲ့ သတင်းအတု

      အဆိုပါ သတင်းအမှားကို သတင်းစာတစ်ခုမှာဖေါ်ပြခဲ့တဲ့ သတင်းပုံစံဖန်တီးပြီး အကောင့်တု ပေါင်းများစွာနဲ့ ဖြန့်ဝေနေတာဖြစ်ပါတယ်။

      အဆိုပါ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "မဲမသမာမှုတွေ ဖြေရှင်းပြီးမှ အစိုးရဖွဲ့သင့်ကြောင်း NLD နာယက ဦးဝင်းထိန်ပြောကြား" လို့ ရေးသားထားပြီး သတင်းရဲ့ အတွင်းပိုင်းမှာ "မဲခိုးတာကိုတော့ ကျွန်တော်လည်း လက်မခံပါဘူး။ ရွေးကောက်ပွဲကို ရိုးရိုးသားသားနဲ့ ယှဉ်ပြိုင်စေချင်တယ်။ ပြည်သူ့ဆန္ဒလေ ရွေးကောက်ပွဲလုပ်တယ်ဆိုတာ ပြည်သူတွေတင်မြှောက်ပေးတဲ့သူကို ရွေးချယ်ဖို့လုပ်တာလေ။ မဲခိုးတယ်ဆိုတာ ပြည်သူကို စော်ကားတာပဲ။ ကျွန်တော်လက်မခံဘူး။ ရှုတ်ချပါတယ်။ နောက်ပြီး နိုင်ငံခြားသား အကြံပေးတွေပေါ့ သူတို့ပါတယ်။ ဒီကိစ္စသူတို့လုပ်သွားတာ။ သေချာကို အချိန်ယူပြီး လုပ်သွားတာ။ အကုန်ပြန်ကြားတာပဲ။ သိသလောက် အကုန်ပြောလိုက်ရင် အားလုံးအင်းစိန် ပြေးမလွတ်တ်ဘ။ မဲရုံမှူး ဆရာမတွေ လစာတိုးသွားပြီ။ အဲ့ဒါခင်ဗျားတို့သိလား။ အကွက်တွေ လှတယ်လေ။ ဆရာမတွေ သွားမေးကြည့် ဘယ်လိုတွေ လုပ်ပေးခဲ့" လို့ ရေးသားထားပါတယ်။

      အဆိုပါ သတင်းစာပုံစံဖန်တီး ထားတဲ့ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုပေါင်းများစွာနဲ့ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီမှာကြည့်ပါ။

      သတင်းဆန်းစစ်ချက်

      သတင်းစာမှာ ပါရှိတဲ့သတင်းပုံစံဖန်တီးထားတဲ့ NLD ပါတီ နာယက ဦးဝင်းထိန် နာမည်သုံးပြီး ဖြန့်ဝေထားတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။

      ပုံမှန်အားဖြင့်ကြည့်မယ်ဆိုရင်ပဲ ဒီဖြန့်ဝေမှုမှာပါဝင်တဲ့ သတင်းရေးသားထားတဲ့ပုံစံဟာ သတင်းပုံစံမကျတာကို သိနိုင်ပါတယ်။သတင်းဌာနတွေက ရေးသားတဲ့သတင်းတွေကို ဖတ်ရှုနေကျဖြစ်ရင် ဒီသတင်းပုံစံက အစမှာတင်လွဲမှားနေတာကို မြင်တွေ့ရနိုင်ပါတယ်။ ပုံစံကျတဲ့ သတင်းရေးသားမှုတွေဟာ အဖွင့်စာပိုဒ်တွေကို ပြောစကားအရှည်ကြီးတွေနဲ့ စတင်ရေးသားလေ့မရှိပါဘူး။ ဒါကတစ်ချက်ပါ။

      နောက်တစ်ချက်က သတင်းစာအတု သတင်းထဲမှာ ဇန်နဝါရီလ ရက်စွဲနဲ့ ရန်ကုန် လို့ တပ်ထားပါတယ်။ NLD ပါတီရဲ့ နာယက ဦးဝင်ထိန်ဟာ ဩဂုတ်လကနေ အခုချိန်ထိ နေပြည်တော်ကိုရောက်ရှိနေတာဖြစ်ပါတယ်။

      ဒါ့အပြင် ဦးဝင်ထိန်ဟာ ဩဂုတ်လကနေ အခု ဇန်နဝါရီလအထိ မည်သည့် သတင်းထောက်ကိုမှ အင်တာဗျူး ဖြေကြားထားခြင်း မရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီက ဦးကြည်တိုးက လူမှုကွန်ယက်ပေါ် အသိပေး ရေးသားထားပါတယ်။


      သတင်းအမှားဖြန့်ဝေသူဟာ ၎င်းတို့ရဲ့ သတင်းကို သတင်းစာပုံစံ ဖန်တီးထားပေမယ့် သတင်းတစ်ပုဒ်လုံး ပုဒ်ဖြတ်၊ ပုဒ်ရပ်တွေ တစ်နေရာမှ မပါဝင်တာကိုတွေ့ရပါတယ်။ သတင်းစာတွေမှာ ပါရှိတဲ့ သတင်းတွေဟာ ပုဒ်ဖြတ်၊ ပုဒ်ရပ်တွေနဲ့ သတ်ပုံမှန်မှန်ကန်ကန်ဖြစ်ဖို့ စာပြင်အယ်ဒီတာတွေက သီးသန့်စစ်ပြီးမှ ထုတ်ဝေလေ့ရှိပါတယ်။

      ဒါအပြင် ၎င်းတို့ရေးသားထားတဲ့ အကြောင်းအရာတွေဟာ ရွေးကောက်ပွဲ မတိုင်ခင်ကာလကနေ အခုထိ ဖြန့်ဝေနေတဲ့ သတင်းအမှားတွေကို ပြန်လည် ဖြန့်ဝေထားတာကို တွေ့ရပါတယ်။ NLD ပါတီမှာ နိုင်ငံခြားသား အကြံပေးတွေ ဌားထားတယ် ဆိုတဲ့ အကြောင်းအရာဟာလည်း ၎င်းတို့ မကြာခဏ ဖြန့်ဝေလေ့ရှိတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။

      ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Boom က အချက်အလက် စစ်ဆေးထားခဲ့တဲ့ သတင်းတွေကို အောက်ပါ Link မှာ ဖတ်နိုင်ပါတယ်။

      နိုင်ငံခြားသားအကြံပေးများကြောင့် မဲခိုးမှုမပေါ်ပေါက်ဆိုတဲ့ သတင်းအမှား





      Tags

      fake newsfake newspaperElection Myanmar 2020NLDသတင်းအတုဦးဝင်းထိန်သတင်းစာအတု
      Read Full Article
      Claim :   သတင်းစာမှာ ပါရှိတဲ့သတင်းပုံစံဖန်တီးထားတဲ့ NLD ပါတီ နာယက ဦးဝင်းထိန် နာမည်သုံးပြီး ဖြန့်ဝေထားတဲ့ သတင်းအတုကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!