BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • NUG လုပ်ရပ်တွေအပေါ်...
      သတင်းအတု

      NUG လုပ်ရပ်တွေအပေါ် ဒေါ်စုမှတ်ချက်ပြုမထားပါ

      NUG ရဲ့ လက်ရှိလုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကမနှစ်သက်ကြောင်း လုပ်ကြောင်ဖြန့်ဝေထားတဲ့ သတင်းအမှားတွေကို လူမှုကွန်ရက်ပေါ်မှာယခုရက်ပိုင်းအတွင်းဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။

      By - Boom Live Myanmar |
      Published -  20 Sept 2021 7:01 PM IST
    • NUG လုပ်ရပ်တွေအပေါ် ဒေါ်စုမှတ်ချက်ပြုမထားပါ

      အဆိုပါ သတင်းအမှားကို လူမှုကွန်ယက်ပေါ်မှာ စက်တင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက စတင်ပျံနှံ့ခဲ့တာကို တွေ့ရပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ

      ဒေါ်အောင်ဆန်းစုကြည်နာမည်နဲ့ တရားခွင်ဓါတ်ပုံတွေကိုသုံးပြီး "NUG ၏ အကြမ်းဖက်လုပ်ရပ်များကို ဒေါ်အောင်ဆန်းစုကြည် မနှစ်သက်၊ လက်နက်မကိုင်ပဲ ငြိမ်းချမ်းစွာ ဖြေရှင်းရန် တိုက်တွန်း" လို့ ရေးသားထားတဲ့ဒီအကြောင်းအရာကို လူမှုကွန်ရက်မှာဖြန့်ဝေနေကြတာဖြစ်ပါတယ်။

      ဒီခေါင်းစဉ်နဲ့အတူ ဖြန့်ဝေထားတဲ့ သတင်းရဲ့ အတွင်းမှာတော့ "NUG CRPH နှင့် PDF တို့၏ လက်နက်ကိုင် လမ်းစဉ်အား သူမ မသိရှိခဲ့ကြောင်း၊ အပစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်းနှင့် နိုင်ငံပိုင် အဆောက်အဦးများ၊ လမ်းတံတားများကို မိုင်းထောင်ဖျက်ဆီးခြင်းများဟာလည်း ဖြေရှင်းပုံနည်းလမ်း မမှန်ကန်ကြောင်း၊ သူမ မသိပဲ အခုလို လက်နက်ကိုင်လမ်းစဉ်ကို လုပ်ဆောင်ခြင်းအပေါ် များစွာ အံ့ဩဝမ်းနည်းရပြီး ငြိမ်းချမ်းစွာ ဖြေရှင်းလိုတဲ့ သူမကို စော်ကားတာပဲ ဖြစ်ကြောင်း ပြည်သူလူထုအနေဖြင့် အကြမ်းဖက်မှုများကို အားမပေးရန် ပြောလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေမှတဆင့် ပြည်သူလူထုထံ အမှာစကားပါ" လို့ရေးသားထားတာဖြစ်ပါတယ်။

      မူရင်းရေးသား ဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

      အဆိုပါ သတင်းအမှားကို သတင်းလောက ထဲက အယ်ဒီတာတချို့ပါ သတင်းအစစ်ထင်ပြီး ဖြန့်ဝေနေကြသိလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တချို့ကလည်း သတင်းအမှန်ထင်ပြီး သုံးသပ်ချက်တွေ ရေးသားနေတာကို တွေ့ရပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒေါ်အောင်ဆန်းစုကြည်ပြောကြားထားတယ်ဆိုတဲ့ ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ Photoshop နဲ့ သတင်းစာပုံစံ ဖန်တီးထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      ဒီသတင်းအမှားနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က ""မိုးလုံးပြည့်မုသာဝါဒ"ပါ ကျနော်တို့အမှုသည်က လူအများစိတ်ညှိုးငယ်စေမဲ့ ဘယ်စကားမှ မဖြန့်ခိုင်းပါဘူး" လို့ ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။


      ဒီလို သတင်းစာပုံစံဖြန့်ဝေထားတဲ့ သတင်းအတုတွေဟာ ရွေးကောက်ပွဲမတိုင်ခင်ထဲက ဖြန့်ဝေလေ့ရှိတဲ့ သတင်းအတုတွေဖြစ်ပြီး မကြာခဏ ၎င်းပုံစံနဲ့ ပြန်လည်ဖြန့်ဝေနေတာကို တွေရပါတယ်။ ယခင် သတင်းစာပုံစံနဲ့ ထွက်ပေါ်ဖူးတဲ့ သတင်းအမှားတွေကို အောက်ပါ Link မှာ ဖတ်ပါ။

      ပြည်ခိုင်ဖြိုးကို တိုက်ခိုက်ကြောင်း သတင်းစာပုံစံ ဖန်တီးထားတဲ့ သတင်းအတု

      ဆန္ဒပြသူတွေကို နှိမ်နှင်းဖို့ သမ္မတက အမိန့်ပေးခဲ့တယ်ဆိုတဲ့ သတင်းအမှား

      မဲမသမာမှုတွေကြောင့် ဦးဝင်းထိန် နုတ်ထွက်တယ်ဆိုတဲ့ သတင်းအမှား

      မဲစာရင်းနှင့်ကော်မရှင်ကိစ္စ ဒေါက်တာမျိုးညွန့်ပြောဆိုထားခြင်းမရှိ



      Tags

      Fake newsfake newspaperAung San Suu KyiNUGCRPHPDFCoupMilitaryသတင်းအတုသတင်းစာအတုစစ်ကောင်စီ
      Read Full Article
      Claim :   ဒေါ်အောင်ဆန်းစုကြည်ပြောကြားထားတယ်ဆိုတဲ့ သတင်းစာပါ သတင်းအတိုလေးကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!