HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဗိုလ်နဂါး နဲ့ မိသားစု စစ်ကြောရေးမှာ အသတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးနဲ့ မိသားစုဝင်တွေကို စစ်တပ်က စစ်ကြောရေးအတွင်း သတ်ဖြတ်လိုက်ပြီဆိုပြီး ရေးသားဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar | 27 Feb 2026 9:16 PM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MN cele ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၇ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ''ဗိုလ်နဂါး စစ်ကြောရေးမှာ မိသားစုလိုက် အသတ်ခံရ။ ပြည်သူတွေကို သစ္စာဖောက်လိုက်တဲ့ ဗိုလ်နဂါး တပ်တွင်း စစ်ဆေးခံနေရပြီး စစ်ကြောရေးမှာ သေဆုံးပြီဟု သတင်းထွက်' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဗိုလ်နဂါး နဲ့ မိသားစု စစ်ကြောရေးမှာ အသတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ ဗိုလ်နဂါး စစ်တပ်ဆီ လက်နက်ချတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ဆက်စပ်ပြီး ထင်မြင်ချက်တွေကို နောက်ခံစကားပြောနဲ့ ပြောဆိုထားတာသာ ဖြစ်ပါတယ်။

ဗိုလ်နဂါး နဲ့ မိသားစု စစ်ကြောရေးမှာ အသတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို သက်ဆိုင်ရာ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တွေဆီက ထုတ်ဖော်ပြောဆိုထားတာမျိုး မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။

အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

NUG လက်အောက်ခံ PDF ခရိုင်တပ်ရင်းတပ်ဖွဲ့တွေက BNRA ဂိတ်စခန်းတွေကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ဝင်ရောက်စီးနင်းပြီး နောက်တစ်ရက်မှာ ဗိုလ်နဂါးကို စစ်တပ်က ရဟတ်ယာဉ်နှင့် ကယ်ထုတ်သွားပြီးနောက် BNRA ထိပ်ပိုင်းခေါင်းဆောင်တွေ ဖြစ်တဲ့ ဒုတိယဥက္ကဋ္ဌနဲ့ စစ်ရေးတာဝန်ခံ အပါအဝင် တပ်ဖွဲ့ဝင် ငါးဦးလည်း စစ်တပ်ထံ ဘက်ပြောင်းသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဗိုလ်နဂါးအပါအဝင် BNRA တပ်ဖွဲ့ဝင်တွေကို သက်ငယ်မုဒိမ်းမှု၊ PDF တပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်မှု၊ ပကဖ ရဲဘော်တွေကို နှိပ်စက်ညှဉ်းပန်းမှု အပါအဝင် အမှု ခုနစ်မှုနဲ့ တရားစွဲဆိုထားကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။

Tags:

Related Stories