NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောတယ်ဆိုတဲ့ သတင်းအမှား

သတင်းအမှား ဖြန့်နေကြအဖွဲ့က NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နာမည် အသုံးပြုပြီး ချင်းပြည်နယ်ကမီးလောင်မှုဖြစ်စဉ်အပေါ် လမ်းကြောင်းလွဲစေနိုင်တဲ့ သတင်းအမှားတွေ ယခုရက်ပိုင်းမှာပဲ ဖြန့်ဝေလာကြပါတယ်။

အဆိုပါ သတင်းအမှားကို သတင်းစာပါ သတင်းပုံစံ ဖန်တီးထားပြီး ဖြန့်ဝေထားကာ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "တော်လှန်ရေးအတွက် ကိုယ့်မြို့ကိုယ် မီးရှို့ခဲ့သည့် ချင်း PDF အဖွဲ့အား လေးစားဂုဏ်ယူကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဆို" လို့ ရေးသားထားပါတယ်။

သတင်းအမှားရဲ့ အတွင်းမှာတော့ "တော်လှန်ရေးလုပ်တယ်ဆိုတာ စတေးသင့်တာ စတေးရမှာပါ၊ ချင်းပြည်နယ်က PDF တွေဟာ စစ်ရေးအခြေအနေအရ သူတို့မြို့ဖြစ်တဲ့ ထန်တလန်မြို့ကို အောင်မြင်စွာ မီးရှို့နိုင်ခဲ့ပါတယ်၊ ထန်တလန်မြို့ကြီး မီးလောင်နေတာကိုလည်း Drone ပျံသန်းပြီး အရည်အသွေးကောင်းမွန်တဲ့ ဓါတ်ပုံတွေ မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်၊ ဒါဟာ အလွန်ထူးခြားပြောင်မြောက်တဲ့ လုပ်ရပ်ဖြစ်တာကြောင့် သူတို့အတွက် လွန်စွာပဲ ဂုဏ်ယူမိပါတယ်၊….." (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို စစ်ကောင်စီကို ထောက်ခံအားပေးနေတဲ့ ဖေ့စ်ဘွတ်အကောင့်တု ပေါင်းများစွာနဲ့ လူမှုကွန်ယက်ပေါ် ကူးယူဖြန့်ဝေနေကြပါတယ်။

သတင်းဆန်းစစ်ချက်

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် နာမည်အသုံးပြုပြီး ဖြန့်ဝေထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ထားတဲ့ သတင်းအမှားသာ ဖြစ်ကြောင်းစိစစ်တွေ့ရှိရပါတယ်။

သတင်းစာပါ သတင်းတွေဟာ စကားပြေပုံစံနဲ့သာ ဖော်ပြကြတာဖြစ်ပြီး စကားပြောပုံစံနဲ့ ရေးသားလေ့မရှိပါဘူး။ သတင်းစာပါ သတင်းပုံစံ ဖန်တီးပြီး သတင်းအမှားဖြန့်ထားပေမယ့် စကားပြေ အရေးအသားကို နိုင်နင်းစွာ မရေးနိုင်ဘဲ စကားပြောပုံစံနဲ့ ရေးထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဒီအကြောင်းအရာကို မည်သည့်သတင်းဌာနကိုမှ ပြောကြားထားခြင်း မရှိသလို ၎င်းရဲ့ ဖေ့စ်ဘွတ်မှာလည်း ရေးသားခဲ့ခြင်းလည်းမရှိပါဘူး။ အခုလို သတင်းစာပုံစံနဲ့ ဖြန့်တဲ့ သတင်းအမှားတွေဟာ ရွေးကောက်ပွဲ မတိုင်ခင်ထဲက မကြာခဏဆိုသလို ဖြန့်ဝေလေ့ရှိတာကို တွေ့ရပြီး ဒီရက်ပိုင်းထဲ ဆက်တိုက်ပြန်လည်ဖြန့်ဝေလာကြတာဖြစ်ပါတယ်။

သတင်းစာပုံစံ ဖြန့်ဝေလေ့ရှိတဲ့ သတင်းအတု တွေက အောက်ပါ link တွေမှာ ဖတ်ပါ။

ဦးဝင်းထိန် က ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြစ်တင်ထားတယ်ဆိုတဲ့ သတင်းအတု

NUG လုပ်ရပ်တွေအပေါ် ဒေါ်စုမှတ်ချက်ပြုမထားပါ

ပြည်ခိုင်ဖြိုးကို တိုက်ခိုက်ကြောင်း သတင်းစာပုံစံ ဖန်တီးထားတဲ့ သတင်းအတု

ဆန္ဒပြသူတွေကို နှိမ်နှင်းဖို့ သမ္မတက အမိန့်ပေးခဲ့တယ်ဆိုတဲ့ သတင်းအမှား

မဲမသမာမှုတွေကြောင့် ဦးဝင်းထိန် နုတ်ထွက်တယ်ဆိုတဲ့ သတင်းအမှား

မဲစာရင်းနှင့်ကော်မရှင်ကိစ္စ ဒေါက်တာမျိုးညွန့်ပြောဆိုထားခြင်းမရှိ






Claim Review :   NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် နာမည်အသုံးပြုပြီး ဖြန့်ဝေထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
Claimed By :  facebook
Fact Check :  False
Show Full Article
Next Story