BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပြည်ခိုင်ဖြိုးကို တိုက်ခိုက်ကြောင်း...
သတင်းအတု

ပြည်ခိုင်ဖြိုးကို တိုက်ခိုက်ကြောင်း သတင်းစာပုံစံ ဖန်တီးထားတဲ့ သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ NLD ပါတီက ဗဟိုအတွင်းရေးမှူး မုံရွာအောင်ရှင်ရဲ့ ပြောစကားကို သတင်းစာပုံစံ ဖန်တီးပြီး ဖြန့်ဝေထားတဲ့ သတင်းအမှား တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  7 Nov 2020 5:39 PM IST
  • ပြည်ခိုင်ဖြိုးကို တိုက်ခိုက်ကြောင်း သတင်းစာပုံစံ ဖန်တီးထားတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားဟာ လူမှုကွန်ယက်ပေါ်မှာ လွန်ခဲ့တဲ့ အောက်တိုဘာ လကုန်ရက်က စတင်ပျံနှံ့ခဲ့တာ ဖြစ်ပြီး ဒီရက်ပိုင်းမှာ ထပ်ဆင့်ဝေမျှသူ များပြားခဲ့ပါတယ်။ အဆိုပါ သတင်းအမှားဟာ သတင်းစာ သတင်း တစ်ပုဒ်ပုံစံ ဖန်တီးထားတဲ့ စာရွက်အပိုင်းလေးကို လူမှုကွန်ယက်ပေါ် ပြန်လည် ဖြန့်ဝေခဲ့တာပဲ ဖြစ်ပါတယ်။

    အဲ့ဒီ သတင်းရဲ့ ခေါင်းစဉ်မှာ "ပြည်ခိုင်ဖြိုးပါတီကို လူကြိုက်များလာတာ မဖြစ်သင့်ဟု မုံရွာအောင်ရှင်ဆို" ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားပါတယ်။ သတင်းရဲ့ အတွင်း ပုံမှန်သတင်းတွေမှာ တည်ဆောက်လေ့မရှိတဲ့ အဖွင့်အပိုဒ်ကို စကားပြောတိုက်ရိုက်သုံးထားပြီး သတင်းတုတစ်ခုလုံးကို အဲ့ဒီစာပိုဒ်နဲ့ပဲဖေါ်ပြထားတာဖြစ်ပါတယ်။

    "ကျွန်တော်တို့ အုပ်ချုပ်တာ (၅) နှစ်ပြည့်တော့မယ်။ စင်္ကာပူကို ကျော်ဖို့က သိပ်ပြီး မလိုတော့ဘူး။ မြေအောက်မြို့တော်နဲ့ မိုးပျံတံတားတွေ အတွက်လည်း ကျွန်တော်တို့ စီမံချက်တွေ ချထားပြီးပြီ။ နောက်ထပ် (၅) နှစ်လောက် ကျွန်တော်တို့ အုပ်ချုပ်လိုက်ရင် အဲ့ဒါတွေ အကုန်လုံးဖြစ်လာတော့မှာပါ။ ကျည်ဆန်ရထားတွေ အာကာသယာဥ်တွေလည်း ကျွန်တော်တို့ လုပ်ဦးမှာပါ။ နောက်ပြီး မြေအိုးနဲ့ လုပ်ထားတဲ့ နြူကလီးယား ဓါတ်ပေါင်းဖိုတွေလည်း ကမ္ဘာကို ချပြပေးဖို့ ရှိပါတယ်။ ရေအောက် ငါးပြတိုက်ကြီးနဲ့ ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်ဖို့ဟာလည်း အချိန်သိပ်မလိုတော့ပါဘူး။ အခုလို အချိန်မှာ ပြည်သူလူထုက ကျွန်တော်တို့ ပါတီထက် ပြည်ခိုင်ဖြိုး ပါတီကို ဘာဖြစ်လို့ ပိုပြီး ထောက်ခံနေရတာလဲ ဆိုတာ စဥ်းစားလို့ မရနိုင်အောင် ဖြစ်မိပါတယ်.." လို့ ရေးသားထားပါတယ်။

    အဆိုပါ သတင်းစာပုံစံ ဖန်တီးထားတဲ့ သတင်းကို ဖေ့စ်ဘွတ်အကောင့်တုများစွာနဲ့ လူများတဲ့ Group တွေထဲကို ဝေမျှခဲ့ကြ ပါတယ်။

    သတင်းဆန်းစစ်ချက်

    မုံရွာအောင်ရှင် ပြောကြားထားတယ်ဆိုတဲ့ သတင်းရဲ့ အတွင်းမှာ ရေးသားထားတဲ့ အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ သတင်းစာပုံစံ ဖန်တီးပြီး သတင်းအမှား ဖြန့်ဝေထားတာကို တွေ့ရပါတယ်။

    အဆိုပါ သတင်းအမှားဟာ စာစီစာရိုက်ပြုလုပ်ကာ Print ထုတ်ပြီး သတင်းစာ ပုံစံ ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ဒီလို ဖန်တီးထားတဲ့ စာရွက်ကို ဓါတ်ပုံရိုက်တင်ကာ လူမှုကွန်ယက်ပေါ် ဖြန့်ဝေခဲ့ခြင်း ဖြစ်ပါတယ်။ သတင်းအမှားထဲမှာ ပြောဆိုထားတဲ့ အကြောင်းအရာကို ကာယကံရှင် ဖြစ်သူ မုံရွာအောင်ရှင်ကို ဆက်သွယ် မေးမြန်းတဲ့အခါ ဒီလို ပြောဆိုထားခြင်း မရှိဘူးလို့ Boom Myanmar ကို အတည်ပြုပြောကြားပါတယ်။

    ဒီလို ဖြန့်ဝေထားတာနဲ့ ပတ်သက်ပြီး မုံရွာအောင်ရှင်က "ဒါကြီးက လုပ်ကြံသတင်းဖြစ်ပါတယ်။ အခုမီဒီယာကောင်စီတောင်မှ အတုလုပ်ခံရတယ်။ ဒီလိုအတုလုပ်တာတွေက ပိုပို ပြီးတော့ များလာတယ်ပေါ့။ ဒါပေမယ့် ကျွန်တော်တော့ ထင်ပါတယ်။ ရွေးကောက်ပွဲပြီးရင် ဒီဟာတွေက လျော့ကျသွားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အခုက ကျွန်တော်တို့အတွက်တင် မဟုတ်တော့ဘူး။ စောစောက ပြောသလိုပဲ မီဒီယာ ကောင်စီကိုလည်း အတုလုပ်ပြီးတော့ တိုက်ခိုက်လာတာပဲ။ အဲ့လိုမျိုးတွေ ဖြစ်လာတဲ့ အခါကျတော့ ပြောရရင်တော့ မီဒီယာကောင်စီကို နားရွက်တံတွေးဆွတ်တာပဲ။ ဒါတွေကို မီဒီယာကောင်စီအနေနဲ့ ကလည်း တော်တော်လေးကို မဖြစ်မနေ ဒီလို ကိစ္စတွေကို လိုက်လိမ့်မယ်လို့ ထင်ပါတယ်။ ပြီးတော့ သူတို့ ဒီထဲမှာ ရေးထားတာမျိုးလည်း တစ်ခါမှ ကျွန်တော် မပြောဖြစ်ဘူး" လို့ ပြောပါတယ်။

    Tags

    fake newspaperUSDP partyNLD Spoke personပြည်ခိုင်ဖြိုးသတင်းစာအတုမုံရွာအောင်ရှင်
    Read Full Article
    Claim :   မုံရွာအောင်ရှင် ပြောကြားထားတယ်ဆိုတဲ့ သတင်းရဲ့ အတွင်းမှာ ရေးသားထားတဲ့ အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!