HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်တို့ ဒေါ်လာ ၁၂ သန်းကို သုံးစွဲပြီး ထွက်ပြေးတိမ်းရှောင်နေတယ်ဆိုတဲ့ သတင်းအတု

ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်တို့ ဒေါ်လာ ၁၂ သန်းကို ကိုယ်ကျိုးအတွက်သုံးစွဲနေတယ်လို့ဖန်တီးရေးသားပြီး သတင်းစာတစ်ခုမှာပါတဲ့ သတင်းပုံစံနဲ့ သတင်းအတုတစ်ပုဒ်လူမှုကွန်ရက်မှာပျံ့နှံ့လာပါတယ်။

By - Boom Live Myanmar | 11 July 2022 12:34 PM GMT

အဆိုပါ သတင်းအတုဟာ သတင်းစာပါ သတင်းပုံစံ ပြုလုပ်ထားတာ ဖြစ်ပြီး မဲခေါင်သတင်းမှာ ဖော်ပြထားတာဖြစ်ကြောင်း ရေးသားထားပါတယ်။ ၎င်း သတင်းအတုရဲ့ ခေါင်းစဉ်မှာ "ဒေါက်တာဇော်ဝေစိုး နှင့် ဦးရည်မွန်တို့ နွေဦးတော်လှန်ရေးအတွက် ဒေါ်လာ (၁၂) သန်းကို ကိုယ်ကျိုးအတွက် သုံးစွဲသည့်အတွက် လူမှုကွန်ရက်တွင် ဝေဖန်မှုများရှိနေ" လို့ ရေးသားထားပါတယ်။

"အနောက်အုပ်စုနှင့် ဒီမိုကရေစီလိုလားသူများက မြန်မာနိုင်ငံတွင် ဒီမိုကရေစီတိုက်ပွဲအတွက် ဆင်နွှဲနေကြသည့် လက်နက်ကိုင် တော်လှန်ရေး အောင်မြင်စေရန် အမေရိကန်ဘဏ်များက တဆင့် ဒေါ်လာ (၁၂) သန်း NUG/ CRPH ကို ထောက်ပံ့ခဲ့ပါတယ်။ ဒီငွေတွေကို ဒေါက်တာဇော်ဝေစိုးနှင့် ဦးရည်မွန်တို့က ကနဦး လက်နက်ကိုင်ဖို့အတွက် လက်နက်ဝယ်ရန် တစ်မြို့နယ်လျှင် သိန်း ၅၀၀ စီ၊ မြို့နယ်ပေါင်း ၁၅ မြို့နယ်အား သိန်းပေါင်း ၇၅၀၀၊ ထောက်ပံ့၍ အကြမ်းဖက်မှုများနှင့် ဖျက်ဆီးမှုများပြုလုပ်ရန် အစိုးရရဲ့ ယန္တရားအား နည်းမျိုးစုံဖြင့် နှောက်ယှက်ရန် ညွှန်ကြားခဲ့ပါတယ်။ အစပိုင်းမှာတော့ အောင်မြင်သလိုလို ရှိလာပေမယ့် လကြာသည့်အခါ မြို့ရွာအသီးသီးရှိ PDF များကို မထောက်ပံ့နိုင်တော့ပါ။ ဒါကိုသိတဲ့ အမေရိကန်နှင့် CIA က ဒေါ်လာ ၁၂ သန်း ကိစ္စ မေးမြန်းသည့်အခါ အဆိုပါ ၂ ဦးမှာ ထွက်ပြေးတိမးရှောင်နေရကြောင်း သိရှိရပါသည်" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။ အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုတွေ Page အတုတွေနဲ့ ပြန်လည်ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

သတင်းဆန်းစစ်ချက်

ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်တို့ ဒေါ်လာ ၁၂ သန်းကို ကိုယ်ကျိုးအတွက် သုံးစွဲပြီး ထွက်ပြေးတိမ်းရှောင်နေတယ်ဆိုတဲ့ အကြောင်းအရာကို အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားဖြန့်ဝေထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဒီ သတင်းအမှားဟာ Photoshop နဲ့ ဖန်တီးဖြန့်ဝေထားတာ ဖြစ်ပြီး ဒီသတင်းဟာ မဲခေါင်သတင်းဌာနမှာ ဖော်ပြဖူးခြင်းမရှိသလို၊ မဲခေါင်သတင်းဌာနဟာ သတင်းစာဆောင်အဖြစ်ထုတ်ဝေနေတဲ့ သတင်းဌာနမဟုတ်ပဲ အွန်လိုင်းသီးသန့်ရပ်တည်နေတဲ့ သတင်းဌာနသဖြစ်ပါတယ်။ဘူး။ ၎င်းသတင်းအမှားကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ခန့်ထဲက ဖြန့်ဝေခဲ့ကြတာဖြစ်ပြီး ဒီရက်ပိုင်းထဲမှာ ဖေ့စ်ဘွတ်အကောင့်တစ်ချို့က ပြန်လည်ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

ဒီလို သတင်းစာပါ သတင်းပုံစံဖြန့်ဝေတဲ့ သတင်းအမှားတွေဟာ လူမှုကွန်ရက်ပေါ် လွန်ခဲ့တဲ့ ၂ နှစ်ကျော်ခန့်ထဲက ဖြန့်ဝေခဲ့ကြတာ ဖြစ်ပြီး ရွေးကောက်ပွဲမတိုင်ခင် ကာလကနေ အခုချိန်ထိ NLD နဲ့ NUG ကို အစဉ်မပြတ် တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ ပုံစံဖြစ်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောတယ်ဆိုတဲ့ သတင်းအမှား

NUG လုပ်ရပ်တွေအပေါ် ဒေါ်စုမှတ်ချက်ပြုမထားပါ


မဲစာရင်းနှင့်ကော်မရှင်ကိစ္စ ဒေါက်တာမျိုးညွန့်ပြောဆိုထားခြင်းမရှိ

ဦးဝင်းထိန်ပြောသယောင် ဖန်တီးထားတဲ့ သတင်းအတု

ပြည်ခိုင်ဖြိုးကို တိုက်ခိုက်ကြောင်း သတင်းစာပုံစံ ဖန်တီးထားတဲ့ သတင်းအတု

လိင်ဖျော်ဖြေပြီး PDF တွေ ရန်ပုံငွေ ရှာနေတယ်လို့ ဖြန့်ထားတဲ့ သတင်းအတု

PDF တွေကို ကျည်ဆန်ပြီးဆေးထိုးပေးဖို့ NUG စီစဉ်မယ် ဆိုတဲ့ သတင်းအမှား

ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်ဟာ ဒေါ်လာ ၁၂ သန်းကို ကိုယ်ကျိုးအတွက် သုံးထားတယ်ဆိုတာ လူမှုကွန်ယက်ပေါ် ပြောဆို ဝေဖန်မှုလည်း မရှိသလို CIA နဲ့ အမေရိကန်က မေးမြန်းစစ်ဆေးလို့ တိမ်းရှောင်နေရတယ်ဆိုတာလည်း မဟုတ်ပါဘူး။ သတင်းအမှားဖြန့်သူတွေက ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဖို့ လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။


 


Related Stories