BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • အာဏာသိမ်းစေဖို့ ဦးတည်ဖန်တီးကြတဲ့...
Top Block

အာဏာသိမ်းစေဖို့ ဦးတည်ဖန်တီးကြတဲ့ သတင်းတု၊ သတင်းမှားတွေ

By - Boom Live Myanmar |
Published -  31 Jan 2021 1:17 PM IST
  • အာဏာသိမ်းစေဖို့  ဦးတည်ဖန်တီးကြတဲ့ သတင်းတု၊ သတင်းမှားတွေ


    တပ်မတော်အာဏာသိမ်းရေးကို ဦးတည်စေတဲ့ သတင်းအမှားတွေဟာပြီးခဲ့တဲ့နှစ်လကျော်ကတည်းက လူမှုကွန်ရက်ပေါ်မှာ အုံနဲ့ကျင်းနဲ့ပျံ့နှံ့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလအစောပိုင်းကည်းက တပ်မတော်ကအာဏာသိမ်းမယ်လို့ တိုက်ရိုက်ရေးသားတဲ့သတင်းအမှားမြောက်များစွာကို Boom ကတွေ့ရှိခဲ့ပါတယ်။

    Boom Myanmar က စိစစ်တွေ့ရှိတဲ့သတင်းအမှားတွေထဲမှာ အစောဆုံးသတင်းအနေနဲ့ တပ်မတော်ကတိုင်းပြည်ကိုနှစ်လအုပ်ချုပ်မယ်ဆိုတဲ့သတင်းအပါအဝင် အာဏာသိမ်းဖို့လှုံ့ဆော်ရေးသားတဲ့ သတင်းအမှားတွေကို ဒီဇင်ဘာလကတည်းကဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ်။

    တပ်မတော်က အာဏာမသိမ်းဘူးလို့ပြောလို့မရဘူးဆိုတဲ့ သတင်းစာရှင်လင်းပွဲမှာဖြေကြားချက်ထွက်မလာခင်အထိအာဏာသိမ်းရေးကို ဦးတည်စေတဲ့ သတင်းတု၊ သတင်းမှားတွေနဲ့ အဆိုပါဖြစ်စဉ်မျိုးကို ဆက်စပ်တွန်းပို့ပေးတဲ့ အကြောင်းအရာပေါင်းများစွာကိုလူမှုကွန်ရက်မှာချိန်သားကိုဖြန့်ဝေခဲ့ပါတယ်။

    Boom Myanmar က အခုဝေမျှမယ့်အကြောင်းအရာတွေဟာ အထက်ကရည်ညွှန်းခဲ့တဲ့အကြောင်းအရာတွေအပါအဝင် တပ်မတော်အာဏာသိမ်းရေးကိုဖြစ်လာစေလိုတဲ့ဦးတည်ချက်တွေနဲ့ စတစ်တကျတွန်းပို့ဖို့ ဖန်တီးထားတဲ့ သတင်းတုသတင်းအမှားတွေကိုစုစည်းထားတာဖြစ်ပါတယ်။

    ကာချုပ်က တိုင်းပြည်ကိုနှစ်လအုပ်ချုပ်မယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို ဒီဇင်ဘာလ ၂၆ ရက်နေ့ ကတည်းက အဲ့ဒေါဏီ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က စတင်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ မူရင်းရေးသားမှုကို ဒီနေရာတွေမှာကြည့်ပါ။

    သတင်းတု ၁

    သတင်းတု ၂

    အထက်ပါသတင်းမှားတွေထဲမှာအကိုးအကားနဲ့ ဖြစ်တန်ခြေအခိုင်အမာမရှိတဲ့ပြောဆိုရေးသားမှုတွေကိုထည့်သွင်းဖြန့်ဝေခဲ့ပြီးတပ်မတော်က အာဏာသိမ်းဖို့ဆိုတဲ့သိမှတ်မှုမျိုးကို လူထုကြားထဲစိမ့်ဝင်စေဖို့စတင်လာတာဖြစ်ပါတယ်။ Boom Myanmar က ဒီသတင်းကိုဆန်းစစ်ထားတဲ့အသေးစိတ် ရေးသားမှုကို ဒီလင့်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။


    သမ္မတ ကို ဖြုတ်ချလို့ ရကြောင်း တပ်ချုပ် ပြောတယ် ဆိုတဲ့သတင်းအမှား

    အဆိုပါ သတင်းအတုဟာ ဒီဇင်ဘာလ ၁၃ ရက်နေ့ ကတည်းကလူမှုကွန်ရက်မှာလူအမြောက်အများဖြန့်ဝေခဲ့တာဖြစ်ပြီး တပ်မတော်ထောက်ခံသူတွေကြားထဲမှာ အများဆုံးဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ်။ အစိမ်းရောင် နောက်ခံအရောင်နဲ့ပြုလုပ်ထားတဲ့အပေါ် "တာဝန်မကျေတဲ့ သမ္မတအား စွပ်စွဲအပြစ်တင်ဖြုတ်ချလို့ရကြောင်း ဥပဒေအတိုင်း တပ်ချုပ်ကြီး ပြောပါပြီ" လို့ ရေးသားထားပါတယ်။

    ဖေ့စ်ဘွတ်အကောင့်ပေါင်းခြောက်ရာကျော်ကထပ်ဆင့်ဝေမျှကြတဲ့အဆိုပါသတင်းအမှားဟာ ကာကွယ်ရေးဦးစီးချုပ်လုံး၀ပြောဆိုထားခြင်းမရှိတဲ့အကြောင်းအရာကို ရည်ရွယ်ချက်ရှိရှိဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ်။မူရင်းဖြန့်ဝေခဲ့တဲ့အကြောင်းအရာတွေကို ဒီမှာကြည့်ပါ။

    ဒီအကြောင်းအရာပေါ် Boom ကဆန်းစစ်ထားတဲ့ သတင်းရေးသားချက်ကို ဒီမှာကြည့်ပါ။


    တပ်မတော်က ယာယီအာဏာသိမ်းတယ်ဆိုတဲ့ သတင်းအမှား

    အထက်ပါသတင်းအမှားနှစ်ပုဒ်စလုံးမှာ တပ်မတော်က အာဏာသိမ်းမယ်လို့ သိမှတ်မှားစေနိုင်တဲ့ ဖြန့်ဝေမှုတွေကို ဦးတည်ပြုလုပ်ခဲ့တာဖြစ်ပြီးဒီလုပ်ဆောင်ချက်တွေကို အရှိန်မြင့်တဲ့ရေးသားဖြန့်ဝေမှုတွေက သတင်းစာရှင်းလင်းပွဲမတိုင်မီ ဇန္နဝါရီလဆန်းမှာ ဆက်လက်ထွက်ပေါ်လာပါတယ်။

    ဒီလိုသတင်းအမှားမျိုးကိုအကောင့်ပုန်းအကောင့်တုတွေနဲ့သာမကပြည်ခိုင်ဖြိုးပါတီလွှတ်တော်ကိုယ်စားလှယ်နဲ့ဆက်စပ်သူတွေဆီကပါလူသိရှင်ကြားစတင်ဖြန့်ဝေလာပါတယ်။ ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီကလွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ ကိုယ်စားလှယ် ဒေါ်တင်တင်စိုးက ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဒီအကြောင်းအရာကိုပါ Live လွှင့်ပြောဆိုခဲ့ပါတယ်။

    "အစိမ်းကို ချစ်သောအားဖြင့် ဒီည ၁၂ နာရီမှာ တပ်မတော်က အာဏာသိမ်းလိုက်ပြီ။ ဟေ့ရှင်းလား ပျော်လားဟေ့၊ မတရားသဖြင့် လုပ်တာမဟုတ်ဘူး ခြေ/ဥနဲ့လုပ်သွားတာ၊ ပျော်သလားဟေ့မောင်တို့ရေ" ဆိုပြီး သူ့ရဲ Live မှာပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

    ဒီအကြောင်းအရာအသေးစိတ်နဲ့ပတ်သက်တဲ့ သတင်းတင်ပြချက်ကို ဒီလင့်မှာ ဝင်ရောက်လေ့လာပါ။


    ရန်ကုန်မှာ တင့်နဲ့သံချပ်ကားရှစ်ဆယ်ကျော်ဖြန့်ကျက်ထားတယ်ဆိုတဲ့ သတင်းအမှား

    ရန်ကုန်နဲ့တခြားနယ်မြို့တွေမှာ တင့်ကားတွေ ဟန်ရေးပြသွားလာခဲ့တာတွေရှိခဲ့ပေမယ့် ဒီအကြောင်းအရာမှာထည့်သွင်းဖြန့်ဝေသလိုအစီးရေ ရှစ်ဆယ်ကျော်ဖြန့်ကျက်ထားတယ်ဆိုတဲ့အချက်အလက်မမှန်ကန်ပါဘူး။ ဒီသတင်းအမှားကိုတော့ အာဏာသိမ်းဖို့အခြေအနေတွေကို ဦးတည်လာခဲ့တဲ့ပြီးခဲ့တဲ့ရက်ပိုင်းတွေဖြန့်ဝေတာဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ဆန်းစစ်ရေးသားချက်ကို ဒီလင့်မှာဝင်ရောက်ဖတ်ရှုပါ။

    အာဏာသိမ်းရေးဦးတည်စေဖို့ သတင်းအမှားတွေဖြန့်ဝေတဲ့ လှုပ်ရှားမှုတွေဟာ လနဲ့ချီပြင်ဆင်ပြီး လူထုကြားထဲကိုဦးစွာဖြန့်ဝေခဲ့သလို အဲ့ဒီအချက်အလက်မှားတွေနဲ့ရေးသားတဲ့အာဏာသိမ်းရေးဖြစ်စဉ်ဟာဇန္နဝါရီလကုန်ပိုင်းမှာတော့ အမှန်တကယ်လှုပ်လှုပ်ခတ်ခတ်ဖြစ်လာသလို တပ်မတော်ဖက်က တရားဝင်ထုတ်ဖေါ်ပြောဆိုမှုတွေဟာလည်း လူထုကြားထဲစိုးရိမ်ဖွယ်ရာဖြစ်လာစေခဲ့ပါတယ်။

    တပ်မတော်အာဏာသိမ်းရေးကို တွန်းပို့ဖြန့်ဝေတဲ့သတင်းအမှားတွေထဲမှာတိုက်ရိုက်သူံးနှုန်းရေးသားတဲ့အရေးအသားတွေအပါအဝင် တပ်မတော်၊ UEC နဲ့အစိုးရကြားထဲ အခြေအနေတင်းမာစေဖို့လုပ်ကြံရေးသားတဲ့အကြောင်းအရာမြောက်များစွာလည်း လူမှုကွန်ရက်မှာနေ့စဉ်နဲ့အမျှထွက်ပေါ်ခဲ့ပါတယ်။ ဥပမာအားဖြင့် လူထုကြားထဲအချက်အလက်နဲ့ဖြစ်စဉ်အမှားတွေကို အမှန်တကယ်ထင်မှတ်သွားစေဖို့ရေးသားကြတဲ့ မဲခိုးဖို့ သမ္မတက ညွှန်ကြားခဲ့တယ်ဆိုတဲ့ သတင်းအတုတွေ၊ အစိုးရဝန်ထမ်း ၇၀ ကျော်ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းအမှားတွေဟာ အာဏာသိမ်းစေရေးဖြစ်စဉ်တွေကိုပံ့ပိုးစေတဲ့ သတင်းတု သတင်းမှားတွေ အဖြစ်နဲ့ချိတ်ဆက်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။


    Tags

    Myanmar Election CommissionMilitaryCoupFakenewsmisinfomationUnion Election Commission
    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!