BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကာချုပ်က ၂ လ...
သတင်းအတု

ကာချုပ်က ၂ လ အုပ်ချုပ်မယ်ဆိုတဲ့သတင်း ဖြစ်နိုင်သလား

လူမှုကွန်ယက်ပေါ်မှာ NLD အစိုးရက သက်တမ်းကုန်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂ လ အုပ်ချုပ်မယ် ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  28 Dec 2020 8:39 PM IST
  • ကာချုပ်က ၂ လ အုပ်ချုပ်မယ်ဆိုတဲ့သတင်း ဖြစ်နိုင်သလား

    အဆိုပါ သတင်းအမှားကို ဒီဇင်ဘာလ ၂၆ ရက်နေ့ ည ၇ နာရီ ၅၁ မိနစ်မှာ အဲ့ဒေါဏီ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးတင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ သတင်းအမှားထဲမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ လက်ရှိ NLD အစိုးရက သက်တမ်းကုန်မှာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။ အဲ့ဒီ သက်တမ်းကုန်သွားတဲ့ ကာလကနေ မတ်လ ၁ ရက်နေ့ထိ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်ထဲမှာ ရှိမယ်လို့ ရေးသားထားပါတယ်။ အဆိုပါ သတင်းအမှားတင်တဲ့သူဟာ ဒီအချက်အလက်အမှားတွေနဲ့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဓါတ်ပုံကို ပူးတွဲတင်ထားပါတယ်။

    ၎င်းတင်ထားတဲ့ သတင်းအမှားကို Like လုပ်ထားသူ ၃၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၀၀ နီးပါး ရှိနေပြီး ကူးယူဖော်ပြသူများလည်း ရှိနေပါတယ်။

    မူရင်းဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။


    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာနဲ့ပတ်သက်လို့ Boom ကအချက်အလက် စစ်ဆေးမှုမပြုခင် အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ရှင်းပြလိုပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတတွေရဲ့ ရာထူးသက်တမ်းဟာ (၅) နှစ်လို့ သတ်မှတ်ထားပါတယ်။ ဒီ (၅) နှစ်သက်တမ်းကုန်မှ နောက်ထပ် သမ္မတနဲ့ ဒုသမ္မတတို့ကို ရွေးချယ်ရတာ ဖြစ်ပါတယ်။ ယခင်သမ္မတဟောင်း ဦးသိန်းစိန်ဟာ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီမှာ နေပြည်တော်က သမ္မတအိမ်တော်မှာ နိုင်ငံတော်သမ္မတတာဝန်ကို လွဲပြောင်းပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။

    ဒါ့ကြောင့် လက်ရှိ သမ္မတရာထူးတာဝန်ထမ်းဆောင်နေတဲ့ သမ္မတဦးဝင်းမြင့်ရဲ့ တာဝန်ဟာ မတ်လ ၃၀ ရက်နေ့အထိ ဖြစ်ပြီး NLD အစိုးရကပဲ ထပ်မံအနိုင်ရထားတဲ့ အတွက် လက်ရှိသမ္မတဦးဝင်းမြင့်ကို နောက်ထပ် (၅) နှစ်တာ သက်တမ်းမှာ သမ္မတအဖြစ် ပြန်လည် မြင်တွေ့ရနိုင်ပါတယ်။

    ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတသက်တမ်း တာဝန်ထမ်းဆောင်သူဟာ (၂) ကြိမ်ဆက်တိုက် တာဝန်ယူခွင့်ရမှာ ဖြစ်ပါတယ်။ သမ္မတတာဝန်က လွဲပြောင်းပေးအပ်တဲ့ အခါမှာလည်း လက်ရှိသမ္မတက နောက်တက်မယ့် သမ္မတကို အိမ်တော်ထဲမှာ အခမ်းအနားနဲ့ ရာထူးတာဝန်လွဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ သတင်းအမှားဖြန့်သူတွေ ရေးသားထားသလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ၂ လ တာဝန်ယူရမှာ မဟုတ်ပါဘူး။

    ဒါကြောင့်လက်ရှိဖြန့်ဝေနေတဲ့အကြောင်းအရာဟာ အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ တပ်မတော်က လွှဲပြောင်းရယူတယ်ဆိုတဲ့အထင်မျိုး လူတွေထင်ယောင်ထင်မှားဖြစ်စေဖို့ဖြန့်ဝေရေးသားမှုသက်သက်သာဖြစ်ပါတယ်။ အလားတူပဲ ဒီအကြောင်းအရာကိုရေးသားဖြန့်ဝေရာမှာလည်း ဘာကြောင့်တပ်မတော်က နှစ်လတာဝန်ယူအုပ်ချုပ်ရမယ်ဆိုတဲ့အထောက်အထား၊ အကိုးအကား၊ ကြေငြာချက်တစုံတရာကိုမျှ ကိုးကားရေးသားထားတာမဟုတ်ပဲ လူတွေထင်ယောင်ထင်မှားဖြစ်စေဖို့ သက်သက်ရေးသားထားတဲ့ သတင်းအတုမျိုးသာဖြစ်ပါတယ်။






    Tags

    Fake newsthat the Commander-in-Chiefruling for two monthsNLD governmentအစိုးရသက်တမ်းကုန်ကာချုပ်သတင်းအတု
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာရေးသားဖြန့်ဝေထားတဲ့ NLD အစိုးရက ဇန်နဝါရီလ ၁ ရက်နေ့မှာ သက်တမ်းကုန်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂ လ အုပ်ချုပ်မယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!