BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အစိုးရဝန်ထမ်း ၇၀...
သတင်းအတု

အစိုးရဝန်ထမ်း ၇၀ ကျော်ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ ညွှန်မှူး၊ လဝကအရာရှိ၊ ထွေအုပ်နဲ့ ကျောင်းဆရာ၊ဆရာမတွေကို ဖမ်းထားတယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  25 Jan 2021 7:08 PM IST
  • အစိုးရဝန်ထမ်း ၇၀ ကျော်ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို ဇန်နဝါရီလ ၁၉ ရက်နေ့ မနက် ၉ နာရီ ၂၂ မိနစ်မှာ "ခခရဲ့တိမ်ယံ ခခရဲ့တိမ်ယံ" ဆိုတဲ့ နာမည်နဲ့ဖေ့စ်ဘွတ်အကောင့်က ဖြန့်ဝေခဲ့တာဖြစ်ပြီး အဲ့ဒီသတင်းအမှားအကြောင်းအရာထဲမှာ "ဒီလိုလေးတွေ့ရပြီ။ ကဲအမျိုးတို့ရေ စပြီနော့။ ညွှန်မှူး. ..၉ ..ဦး၊ လဝက အရာရှိ..၃၀. ဦး။ ထွေအုပ်စာရေး..၅၀. ဦး။ ကျောင်းဆရာ/ဆရာမ..၇၂. ဦး ဆွဲစိထားပြီ။ မသမာမှု၏နောက်ကွယ် ဆုတောင်းပေတော့။ ကံကောင်းကြပါစေ ဟုသာ။ နောက်ထပ်ဆက်လက်ဖော်ထုတ်ပါလိမ့်ဦးမည်" လို့ရေးသားထားပါတယ်။

    ဒီအကြောင်းအရာကို မဲစာရင်းနဲ့ပတ်သတ်တဲ့သတင်းအမှားတွေအပါအဝင်လက်ရှိအစိုးရအပေါ်အချက်အလက်အမှားတွေနဲ့တိုက်ခိုက်လေ့ရှိတဲ့အကောင့်တွေကနေဖြန့်ဝေနေတာဖြစ်ပြီး အကောင့်တစ်ခုမှာတော့ ထပ်ဆင့်ဝေမျှသူ ၅၀၀ ကျော်ရှိနေပါတယ်။

    ဒီအကြောင်းအရာကိုပဲ နောက်ထပ် ဘဂျမ်း နာမည်နဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုနဲ့ U Hlaing Than ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တွေက ကူးယူဖော်ပြပြီး ထပ်ဆင့်ဖြန့်ဝေထားတာကို တွေ့ရပါတယ်။ ဘဂျမ်းဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က တင်ထားတဲ့ပိုစ့်ကို ထပ်ဆင့်ဝေမျှသူ ၁၁၀၀ ကျော်ရှိနေပြီး U Hlaing Than ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က တင်ထားတဲ့ပိုစ့်ကို ထပ်ဆင့်ဝေမျှသူ ၁၀၀ နီးပါးရှိနေပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    သတင်းအမှားဖြန့်သူတွေ ဖြန့်ထားကြတဲ့ ညွှန်မှူး၊ လဝကအရာရှိ၊ ထွေအုပ်နဲ့ ကျောင်းဆရာ၊ ဆရာမ တွေကို ဖမ်းထားတယ်ဆိုတဲ့ အကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ နိုင်ငံရေးအမြတ်ထုတ်ဖို့ ဝါဒဖြန့်ထားတဲ့ သတင်းအမှား ဖြစ်ကြောင်းတွေ့ရပါတယ်။

    တကယ်တော့ဒီအကြောင်းအရာတွေဟာ ရွေးကောက်ပွဲ မဲရလဒ်တွေ ပြီးကတည်းက မကြာခဏဖြန့်ဝေလေ့ရှိတဲ့ သတင်းအမှားတွေသာ ဖြစ်ပါတယ်။ ညွှန်မှူးတွေ၊ လဝကအရာရှိတွေ၊ ထွေအုပ်တွေ၊ ဆရာ/ဆရာမတွေကို ဖမ်းထားခြင်းလည်း မရှိပါဘူး။

    ယခင်ကလည်း မဲရုံတာဝန်ကျ ဆရာ၊ဆရာမတွေကို ဖမ်းဆီးထားတယ်ဆိုတဲ့ အကြောင်းအရာဟာ ယခင်ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းအမှားတွေသာဖြစ်ပြီး အခုသတင်းအမှားထဲမှာ ထွေအုပ်တွေ၊ လဝကတွေကိုပါ လုပ်ကြံရေးသား ဖြန့်ဝေတာကို တွေ့ရပါတယ်။ ယခင် ဆရာ၊ဆရာမတွေကို ဖမ်းထားတယ်လို့ ဖြန့်ဝေခဲ့တဲ့ သတင်းအမှားကို အောက်ပါ Link မှာ ဖတ်နိုင်ပါတယ်။

    မဲရုံတာဝန်ကျ ဆရာမ ၁၆ ဦးကိုဖမ်းဆီးတယ်ဆိုတဲ့သတင်းအမှား


    ဒီလိုရေးသားဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က "ရှုံးတဲ့ ပါတီတွေအနေနဲ့ အရှုံးကို လက်မခံနိုင်တော့ ရှုပ်ထွေးအောင် သတင်းအမှားတွေ ဖြန့်လိုက်၊ လှုံ့ဆော်မှုတွေ လုပ်နဲ့ တစ်လျှောက်လုံး လုပ်လာကြတယ်။ ဒါတွေက ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။ ပြည်သူလူထုရဲ့ ဒဏ်ခတ်တာကို သေချာပေါက် ခံရပါလိမ့်မယ်။ အဲ့ဒါပဲ ပြောချင်ပါတယ်" လို့ မှတ်ချက်ပေးပါတယ်။


    Tags

    Fake newsarrest listvote fraudElection Myanmar 2020သတင်းအတုမဲမသမာမှုရွေးကောက်ပွဲ
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာထွက်ပေါ်နေတဲ့ ညွှန်မှူး၊ လဝကအရာရှိ၊ ထွေအုပ်နဲ့ ကျောင်းဆရာ၊ ဆရာမ တွေကို မဲမသမာမှုကြောင့် ဖမ်းထားတယ်ဆိုတဲ့ အကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!