BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မဲခိုးဖို့ သမ္မတက...
သတင်းအတု

မဲခိုးဖို့ သမ္မတက ညွှန်ကြားခဲ့တယ်ဆိုတဲ့ သတင်းအတု

လူမှုကွန်ရက်မှာ သတင်းအမှားတွေမကြာခဏဖြန့်ဝေနေတဲ့ ဂိုရှယ်လေးအကောင့်ကနေ သတင်းမှားတစ်ပုဒ်ထပ်မံဖြန့်ဝေထားပါတယ်။

By - Boom Live Myanmar |
Published -  11 Jan 2021 6:33 PM IST
  • မဲခိုးဖို့ သမ္မတက ညွှန်ကြားခဲ့တယ်ဆိုတဲ့ သတင်းအတု

    ရွှေးကောက်ပွဲ မှာ မဲခိုးဖို့ သမ္မတက ကြိုတင်ကြံစည်ခဲ့တယ်ဆိုပြီးပြောဆိုထားတဲ့ ရုပ်သံ Video ကို ဖြန့်ဝေနေတာဖြစ်ပါတယ်။

    အဆိုပါ သတင်းအမှား Video ကို ဂိုရှယ်လေးဆိုသူရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ဖြစ်တဲ့ AKK Media Live ကနေ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ Video ဟာ ၁၃ မိနစ်နဲ့ ၃၇ စက္ကန့် ကြာမြင့်ပြီး Video ရဲ့ အစပိုင်းမှာ ဂိုရှယ်လေး ဆိုသူက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ မေလ (၅) ရက်နေ့က သမ္မတအိမ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၄၄ ယောက်နဲ့ ညစာ စားသုံးစဉ်မှာ ရွေးကောက်ပွဲကို အပြတ်သတ်အနိုင်ရဖို့ အားလုံး ပြင်ဆင်ထားပြီးပြီလို့ ဆိုထားပါတယ်။

    သမ္မတက အနိုင်ရဖို့ ကြိုတင်ကြံစည်ထားခြင်းဟာ မဲခိုးဖို့ မေလ (၅) ရက်နေ့ထဲက ပြင်ဆင်ခဲ့တာ ဖြစ်ပြီး ၎င်းဆီမှာ အဲ့ဒီ ညစာစားပွဲမှာ တက်ရောက်ခဲ့သူ (၈) ယောက်ရဲ့ အသံဖိုင်တွေ အခိုင်အမာရရှိထားတယ်လို့ ဆိုပါတယ်။ ဂိုလ်ရှယ်လေးက ၎င်းရဲ့ စွပ်စွဲပြောဆိုချက်တွေ မှားယွင်းခဲ့ရင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ကြိုက်တဲ့ နိုင်ငံတကာ တရားရုံးမှာ သူ့ကို တရားစွဲနိုင်တယ်လို့ ပြောထားပြီး တရားမစွဲရဲရင် အမှန်ကို ဝန်ခံခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။

    အဲ့ဒီ Video ရဲ့ နောက်ပိုင်းမှာ တန်ဇနီးယားနိုင်ငံရဲ့ ရွေးကောက်ပွဲအကြောင်းအနည်းငယ် ဖော်ပြထားပြီး ဘိုဘိုကျော်ငြိမ်း ဆိုသူရဲ့ အင်တာဗျူးတစ်ခုကို ဖော်ပြထားပြီး Video ရဲ့ နောက်ဆုံးအပိုင်းမှာတော့ ပြည်ခိုင်ဖြိုးပါတီရဲ့ သတင်းစာရှင်းလင်းပွဲကို ဖော်ပြထားပါတယ်။

    မူရင်းဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    ဂိုလ်ရှယ်လေး ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ဖြစ်တဲ့ AKK Media Live ဆိုတဲ့ ပေ့ချ်မှာ ပြောဆိုထားတဲ့ NLD ပါတီဟာ မဲခိုးဖို့ ကြိုတင်ကြံစည်ခဲ့တာ ဖြစ်ပြီး မေလ (၅) ရက်ထဲက သမ္မတက ပြောဆိုခဲ့တယ်ဆိုတဲ့အကြောင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ထားတဲ့ သတင်းအမှားသက်သက်ဖြစ်ကြောင်း တွေ့ရပါတယ်။

    ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က "ပထမပြောချင်တာက သမ္မတက ဒီလိုစကားမျိုးဘယ်တော့မှ မပြောဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောဖူးပါတယ် "ကျွန်မတို့ နိုင်အောင်လုပ်မယ်။ သို့သော်တရားမျှမျှတတနဲ့ မှန်မှန်ကန်ကန် အနိုင်ရအောင်လုပ်မယ်" အဲ့လိုပြောထားပြီးသား။ အဲ့ဒါကြောင့် မဲခိုးမယ်တို့၊ ရှုံးလည်း နိုင်ရမယ်။ နိုင်လည်း နိုင်ရမယ်ဆိုတာ ကျွန်တော်တို့မှာ မရှိဘူး။ နောက်တစ်ခုက ဂိုလ်ရှယ်လေးဆိုတာက တကယ်တမ်းကတော့ ဗမာပြည်ထဲမှာလည်း နေနိုင်တာလည်း မဟုတ်ဘူး။ သူ့ဟာသူ နိုင်ငံခြားကနေပြီးတော့ အထောက်အပံ့နဲ့ နေပြီးတော့ ဒီလို လော်ဘီလုပ်နေတာမျိုးပေါ့လေ။ NLD ဆန့်ကျင်ရေး လော်ဘီလုပ်နေတာမျိုးပါ။ အဲ့ဒီလို ကျွန်တော်တို့က သဘောထားတယ်။ အဲ့ဒါကြောင့် သူအခုတင်တဲ့ ပိုစ့်တွေပေါ့လေ။ သူတင်တဲ့အကြောင်းအရာတွေကို ကျွန်တော်တို့ ဂရုလည်းမစိုက်ဘူး။ ဒါတွေဟာ ကျွန်တော်တို့အတွက် အသိအမှတ်ပြုစရာလည်း မလိုဘူးလို့ပဲ ပြောချင်ပါတယ်" လို့ Boom Myanmar ကို ပြောပါတယ်။

    Tags

    Fake newsthe president's orderedstealing the votesမဲခိုးသတင်းအတု
    Read Full Article
    Claim :   ဂိုလ်ရှယ်လေး ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ဖြစ်တဲ့ AKK Media Live ဆိုတဲ့ ပေ့ချ်မှာ ပြောဆိုထားတဲ့ NLD ပါတီဟာ မဲခိုးဖို့ ကြိုတင်ကြံစည်ခဲ့တာ ဖြစ်ပြီး မေလ (၅) ရက်ထဲက သမ္မတက ပြောဆိုခဲ့တယ်ဆိုတဲ့အကြောင်းကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!