BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဆက်တိုက်ဖြန့်ဝေတဲ့ တပ်မတော်က...
သတင်းအတု

ဆက်တိုက်ဖြန့်ဝေတဲ့ တပ်မတော်က ယာယီအာဏာသိမ်းတယ်ဆိုတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ ဒီဇင်ဘာလမကုန်ခင်ကနေ အခုအထိ တပ်မတော်က ယာယီအာဏာသိမ်းထားတယ်ဆိုတဲ့ သတင်းအမှားတွေကို အကောင့်အများအပြားကနေဆက်တိုက်ဖြန့်ဝေနေပြီး တခါတရံမှာ အကောင့်တုတချို့ကနေ တပြိုင်းတည်းဖြန့်ဝေနေမှုတွေရှိပါတယ်။

By - Boom Live Myanmar |
Published -  4 Jan 2021 7:44 PM IST
  • ဆက်တိုက်ဖြန့်ဝေတဲ့ တပ်မတော်က ယာယီအာဏာသိမ်းတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာတွေကို ဒီဇင်ဘာလလယ်ခန့်ကစပြီး ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ စတင်ဖြန့်ဝေခဲ့ကြတာ ဖြစ်ပြီး အစောပိုင်း ဖြန့်ဝေခဲ့တဲ့ သတင်းအမှားတွေထဲမှာ NLD အစိုးရဟာ ဇန်နဝါရီလ ၁ ရက်နေ့ မှာ သက်တမ်းကုန်မှာ ဖြစ်ပြီး မတ်လ ၁ ရက်နေ့အထိ နိုင်ငံတော်ရဲ့ အာဏာဟာ ကာချုပ်လက်ထဲမှာသာ ရှိမယ်လို့ ဖြန့်ဝေခဲ့ကြပါတယ်။

    အဲ့ဒီနောက်မှာ ဇန်နဝါရီလ ၁ ရက်နေ့ မနက်ပိုင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအရ တပ်မတော်က ယာယီအာဏာထိန်းထားပြီဆိုတဲ့ ဖေ့စ်ဘွတ်ပိုစ့်တွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီကလွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ ကိုယ်စားလှယ် ဒေါ်တင်တင်စိုးက ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဒီအကြောင်းအရာကိုပဲ Live လွှင့်ပြောဆိုခဲ့ပါတယ်။

    "အစိမ်းကို ချစ်သောအားဖြင့် ဒီည ၁၂ နာရီမှာ တပ်မတော်က အာဏာသိမ်းလိုက်ပြီ။ ဟေ့ရှင်းလား ပျော်လားဟေ့၊ မတရားသဖြင့် လုပ်တာမဟုတ်ဘူး ခြေ/ဥနဲ့လုပ်သွားတာ၊ ပျော်သလားဟေ့မောင်တို့ရေ" ဆိုပြီး သူ့ရဲ Live မှာပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

    ဇန်နဝါရီလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့မှာတော့ ထူးထူးအောင် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က အဲ့ဒီသတင်းအမှားတွေကို ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ထပ်မံမျှဝေထားပါတယ်။ အဲ့ဒီဖေ့စ်ဘွတ်ပိုစ့်ထဲမှာ "ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ယနေ့မှစ၍ အလိုအလျောက် တပ်မတော်က နိုင်ငံတော် အာဏာကို ခေတ္တ ထိန်းသိမ်းပြီးဖြစ်ပါတယ်။ Must Know , Must Do ပါ။ အားလုံးနားလည် သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်.မည်သူ တစ်ဦး တစ်ယောက်ကမှ ကန့်ကွက်လို့မရပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသော တာဝန်ကို ယနေ့ ၁-၁-၂၀၂၁ မှ စ၍ တပ်မတော်မှ ခေတ္တထိန်းသိမ်း တာဝန်ယူပြီး ဖြစ်ပါတယ်" လို့ ရေးတင်ခဲ့ပါတယ်။

    မူရင်းရေးသားမှု အပြည့်အစုံကို ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    ဒီရက်ပိုင်းအတွင်း ဆက်တိုက်ထွက်ပေါ်နေတဲ့ တပ်မတော်က ဇန်နဝါရီ ၁ ရက်နေ့မှာ ယာယီအာဏာသိမ်းယူလိုက်ပြီ ဆိုတဲ့ အကြောင်းအရာတွေဟာ ဝါဒဖြန့်သတင်းအမှား သက်သက်သာဖြစ်ပါတယ်။

    တပ်မတော်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ (၂) လ ယာယီ အာဏာထိမ်းသိမ်းထားတယ် ဆိုတဲ့ အကြောင်းအရာဟာ လုံးဝလွဲမှားနေတဲ့ အချက်ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတရဲ့ သက်တမ်းဟာ ၅ နှစ်ဖြစ်ပါတယ်။ ဒီ (၅) နှစ်သက်တမ်းကုန်မှ နောက်ထပ် သမ္မတနဲ့ ဒုသမ္မတတို့ကို ရွေးချယ်ရတာ ဖြစ်ပါတယ်။ ယခင်သမ္မတဟောင်း ဦးသိန်းစိန်ဟာ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီမှာ နေပြည်တော်က သမ္မတအိမ်တော်မှာ နိုင်ငံတော်သမ္မတတာဝန်ကို လွဲပြောင်းပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိ သမ္မတရာထူး တာဝန်ထမ်းဆောင်နေတဲ့ သမ္မတဦးဝင်းမြင့်ရဲ့ တာဝန်ဟာ မတ်လ ၃၀ ရက်နေ့အထိ ဖြစ်ပြီး NLD အစိုးရကပဲ ထပ်မံအနိုင်ရထားတဲ့ အတွက် လက်ရှိသမ္မတဦးဝင်းမြင့်ကို နောက်ထပ် (၅) နှစ်တာ သက်တမ်းမှာ သမ္မတအဖြစ် ပြန်လည် မြင်တွေ့ရနိုင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတသက်တမ်း တာဝန်ထမ်းဆောင်သူဟာ (၂) ကြိမ်ဆက်တိုက် တာဝန်ယူခွင့်ရမှာ ဖြစ်ပါတယ်။ သမ္မတတာဝန်က လွဲပြောင်းပေးအပ်တဲ့ အခါမှာလည်း လက်ရှိသမ္မတက နောက်တက်မယ့် သမ္မတကို အိမ်တော်ထဲမှာ အခမ်းအနားနဲ့ ရာထူးတာဝန်လွဲပြောင်းပေးရမှာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်သူတွေ ပြောဆိုနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ ဆိုတဲ့ ၎င်းတို့ရဲ့ ကိုးကားချက်ဟာလည်း အမှားသက်သက်သာ ဖြစ်ပါတယ်။

    ဒလမြို့နယ်က Live လွှင့်ပြီး သတင်းအမှားဖြန့်ခဲ့တဲ့ ဒေါ်တင်တင်စိုး ကို ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်က ဦးရွှေမြားဆိုသူက တရားလိုပြုလုပ်ပြီး ဥပဒေပုဒ်မ ၆၈ (က) နဲ့ အမှု့ဖွင့်ထားပါတယ်။

    အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ Myanmar Time သတင်းဌာနက သတင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။

    ဒီဇင်ဘာလ မကုန်ခင်ရက်ပိုင်းက ထွက်ပေါ်ခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးခဲ့တဲ့ သတင်းကိုလည်း အောက်ပါ Link မှာ ဖတ်နိုင်ပါတယ်။

    ကာချုပ်က ၂ လ အုပ်ချုပ်မယ်ဆိုတဲ့သတင်း ဖြစ်နိုင်သလား




    Tags

    False newsmilitaryseized powerတပ်မတော်ယာယီအာဏာသိမ်းသတင်းအမှား
    Read Full Article
    Claim :   တပ်မတော်က ဇန်နဝါရီ ၁ ရက်နေ့မှာ ယာယီအာဏာသိမ်းယူလိုက်ပြီ ဆိုတဲ့သတင်းအမှားတွေကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!