BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • PDF တွေကို...
သတင်းအတု

PDF တွေကို ကျည်ဆန်ပြီးဆေးထိုးပေးဖို့ NUG စီစဉ်မယ် ဆိုတဲ့ သတင်းအမှား

PDF တွေကို ကျည်ဆန်ပြီးတဲ့ဆေးထိုးပေးဖို့ NUG အစိုးရက စီစဉ်မယ်လို့ ဒေါက်တာဇော်ဝေစိုး ပြောထားတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ကိုလူမှုကွန်ရက်ပေါ်မှာဖြန့်ဝေလျက်ရှိပါတယ်။

By - Boom Live Myanmar |
Published -  29 May 2022 9:16 PM IST
  • PDF တွေကို ကျည်ဆန်ပြီးဆေးထိုးပေးဖို့ NUG စီစဉ်မယ် ဆိုတဲ့ သတင်းအမှား

    အဆိုပါ အကြောင်းအရာကို သတင်းစာပါ သတင်းပုံစံ ဖန်တီးပြီး မေလ ၂၂ ရက်နေ့ ရက်စွဲနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားတာ ဖြစ်ပြီး ၎င်းသတင်းရဲ့ ခေါင်းစဉ်မှာ "PDF များအား ကျည်ဆန်ပြီးဆေးထိုးပေးရန် NUG အစိုးရ စီစဉ်မည်" လို့ ရေးသားထားပါတယ်။

    သတင်းအမှားရဲ့ အတွင်းမှာတော့ "ရှေ့တန်းစစ်မျက်နှာများတွင် တာဝန်ထမ်းဆောင်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များအား ကျည်မတိုးဆေး၊ (ကျည်ပြီးဆေးများ ထိုးပေးနိုင်ရန် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ၂၀၁၁ ခုနှစ် မတ်လ (၁၉) ရက်က NUG နဲ့ CRPH တို့၏ အထူးအစည်းအဝေး Zoom Meeting တွင် ပြောကြားခဲ့ကြောင်း သိရသည်" လို့ ရေးသားထားကာ အဆိုပါ ကျည်ပြီးဆေးကို ဒေါက်တာဇော်ဝေစိုး ကိုယ်တိုင်တီထွင်ထားတာ ဖြစ်ပြီး ရာနှုန်းပြည့် အောင်မြင်တော့မှာဖြစ်ကြောင်း ဒေါက်တာဇော်ဝေစိုးက ပြောထားတယ်လို့ ၎င်း သတင်းအတုထဲ ဖြန့်ဝေထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။ အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တချို့က လူမှုကွန်ယက်ပေါ် ကူးယူဖော်ပြခြင်း ထပ်ဆင့်ဝေမျှခြင်းတို့ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ကျည်ဆန်ပြီးဆေးထိုးပေးဖို့ NUG အစိုးရက စီစဉ်နေကြောင်း ဒေါက်တာဇော်ဝေစိုး ပြောတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဒေါက်တာဇော်ဝေစိုးဟာ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုထားခြင်းမရှိသလို၊ သတင်းမီဒီယာတွေမှာလည်း ရေးသားဖော်ပြထားခြင်း မရှိပါဘူး။ ဒီသတင်းအမှားဟာ သတင်းစာပါ သတင်းပုံစံဖြစ်အောင် Photoshop နဲ့ ပြုလုပ်ထားတဲ့ သတင်းအမှားသက်သက်သာ ဖြစ်ပါတယ်။

    ဒီလို သတင်းစာပါ သတင်းပုံစံနဲ့ သတင်းအမှားဖြန့်ဝေမှုဟာ ရွေးကောက်ပွဲ မတိုင်ခင်ထဲက ဖြန့်ဝေခဲ့ကြတာဖြစ်ပြီး ရွေးကောက်ပွဲအပြီးမှာရော စစ်တပ်က အာဏာသိမ်းထားတဲ့ ကာလတစ်လျှာက်လုံးမှာပါ ဒီလို သတင်းအမှားတွေများစွာ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။

    ယခင်ဖြန့်ခဲ့ဖူးတဲ့ သတင်းစာပါ သတင်းပုံစံ ဖန်တီးထားတဲ့ သတင်းအမှားတစ်ချို့ကို အောက်ပါ Link တွေမှာ ဖတ်ပါ။

    NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောတယ်ဆိုတဲ့ သတင်းအမှား

    NUG လုပ်ရပ်တွေအပေါ် ဒေါ်စုမှတ်ချက်ပြုမထားပါ


    မဲစာရင်းနှင့်ကော်မရှင်ကိစ္စ ဒေါက်တာမျိုးညွန့်ပြောဆိုထားခြင်းမရှိ

    ဦးဝင်းထိန်ပြောသယောင် ဖန်တီးထားတဲ့ သတင်းအတု

    ပြည်ခိုင်ဖြိုးကို တိုက်ခိုက်ကြောင်း သတင်းစာပုံစံ ဖန်တီးထားတဲ့ သတင်းအတု

    လိင်ဖျော်ဖြေပြီး PDF တွေ ရန်ပုံငွေ ရှာနေတယ်လို့ ဖြန့်ထားတဲ့ သတင်းအတု




    Tags

    Fake newsFake newspaperPDFMilitaryCoupသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   PDF များအား ကျည်ဆန်ပြီးဆေးထိုးပေးရန် NUG အစိုးရ စီစဉ်မည်
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!