BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဦးဝင်းထိန် က...
သတင်းအတု

ဦးဝင်းထိန် က ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြစ်တင်ထားတယ်ဆိုတဲ့ သတင်းအတု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းထိန် က လက်ရှိလက်နက်ကိုင် တိုက်ခိုက်မှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်ရှိတယ်လို့ ပြောဆိုထားတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  27 Sept 2021 6:41 PM IST
  • ဦးဝင်းထိန် က ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြစ်တင်ထားတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို သတင်းစာပါ သတင်းပုံစံနဲ့ စက်တင်ဘာလ ၂၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး အဲ့ဒီသတင်းအမှားရဲ့ ခေါင်းစဉ်မှာ "အကြမ်းဖက်မှုများအတွက် ဒေါ်အောင်ဆန်းစုကြည်တွင် တာဝန်ရှိကြောင်း NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ပြောကြား" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    သတင်းအမှားရဲ့ အတွင်းမှာတော့ "ပုဒ်မ (၁၂၄၊က) ဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်အား ယမန်နေ့က နေပြည်တော်၊ ဥတ္တရခရိုင် တရားရုံး၌ ရုံးထုတ်စစ်ဆေးအပြီးမှာ ကျွန်တော်လည်း အသက် (၈၀) ပြည့်တော့မယ်၊ အေးအေးချမ်းချမ်းနေချင်ပြီဗျာ၊ ထောင်တွေတန်းတွေလည်း အကျမခံချင်တော့ဘူး၊ အစိုးရသက်သေအဖြစ်နဲ့ ကျွန်တော်သိထားသမျှတွေ ထွက်ဆိုပေးချင်တယ်၊ အဓိက မဲကိစ္စပေါ့၊ မဲမခိုးခဲ့ရင် တပ်မတော်ကလည်း အာဏာသိမ်းမှာ မဟုတ်ဘူးလေ၊ အခုက တိုင်းပြည်အခြေအနေမကောင်းဘူး၊ စီအိုင်အေ ခြေရှုပ်ခဲ့တာလည်း ပါတယ်၊ ကျွန်တော်တားတော့ ကျွန်တော့်ကို စိတ်ဆိုးတယ်၊ ဒါကြောင့် ဩစတြေးလျကို ကျွန်တော်ထွက်သွားခဲ့တာ၊ နိုဗယ်ငြိမ်းချမ်းရေးဆုကို ပိုင်ဆိုင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း အကြမ်းဖက်တဲ့လုပ်ရပ်တွေကို တားဆီးသင့်တယ်၊ အလိုတူနေလို့ မတားတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့၊ တရားရုံးကို ဦးတိုက်လျှောက်သွားမှာပါ။ (မူရင်းအတိုင်း) " လို့ရေးသားထားပါတယ်။

    မူရင်းဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြစ်တင်ထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ Photoshop နဲ့ သတင်းစာပုံစံ ဖန်တီးထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ၎င်း သတင်းအမှားထဲမှာ "ယမန်နေ့က ရုံးထုတ်စစ်ဆေးအပြီးမှာ" လို့ ရေးသားထားပြီး စက်တင်ဘာ ၂၄ ရက်နေ့မှာ ဦးဝင်းထိန်ကို ရုံးထုတ်စစ်ဆေးထားခြင်း လုံးဝမရှိပါဘူး။ သတင်းအမှားဖန်တီးသူဟာ ရုံးထုတ်စစ်ဆေးချိန်မှာ ပြောထားသယောင် ရေးသားထားတာကို တွေ့ရပါတယ်။

    ဒီသတင်းအမှားမထွက်ပေါ်ခင် ပြီးခဲ့တဲ့ တစ်ပတ်ခန့်မှာ အခုလိုပဲ သတင်းစာပါသတင်းပုံစံ ဖန်တီးပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် တိုက်ခိုက်ထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်ခဲ့ပါသေးတယ်။ အရင်တစ်ပါတ်က ထွက်ပေါ်ခဲ့တဲ့ သတင်းအမှားအကြောင်းကို အောက်ပါ Link မှာ ဖတ်ပါ။

    NUG လုပ်ရပ်တွေအပေါ် ဒေါ်စုမှတ်ချက်ပြုမထားပါ


    ဒီလို သတင်းစာပုံစံဖြန့်ဝေထားတဲ့ သတင်းအတုတွေဟာ ရွေးကောက်ပွဲမတိုင်ခင်ထဲက ဖြန့်ဝေလေ့ရှိတဲ့ သတင်းအတုတွေဖြစ်ပြီး မကြာခဏ ၎င်းပုံစံနဲ့ ပြန်လည်ဖြန့်ဝေနေတာကို တွေရပါတယ်။ ယခင် သတင်းစာပုံစံနဲ့ ထွက်ပေါ်ဖူးတဲ့ သတင်းအမှားတွေကို အောက်ပါ Link မှာ ဖတ်ပါ။

    ပြည်ခိုင်ဖြိုးကို တိုက်ခိုက်ကြောင်း သတင်းစာပုံစံ ဖန်တီးထားတဲ့ သတင်းအတု

    ဆန္ဒပြသူတွေကို နှိမ်နှင်းဖို့ သမ္မတက အမိန့်ပေးခဲ့တယ်ဆိုတဲ့ သတင်းအမှား

    မဲမသမာမှုတွေကြောင့် ဦးဝင်းထိန် နုတ်ထွက်တယ်ဆိုတဲ့ သတင်းအမှား

    မဲစာရင်းနှင့်ကော်မရှင်ကိစ္စ ဒေါက်တာမျိုးညွန့်ပြောဆိုထားခြင်းမရှိ



    Tags

    False newsU Win HteinblamedAung San Suu Kyicurrent crisisPDFCoupသတင်းအတုစစ်ကောင်စီMilitary Coup
    Read Full Article
    Claim :   ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြစ်တင်ထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!