BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • မဲမသမာမှုတွေကြောင့် ဦးဝင်းထိန်...
      သတင်းအတု

      မဲမသမာမှုတွေကြောင့် ဦးဝင်းထိန် နုတ်ထွက်တယ်ဆိုတဲ့ သတင်းအမှား

      သတင်းစာမှာ ပါရှိတဲ့ သတင်းပုံစံနဲ့ ဖြန့်ဝေထားတဲ့ သတင်းအမှားတွေထဲမှာ ဦးဝင်းထိန်နာမည်ကို အသုံးပြုထားတဲ့ သတင်းအမှားတစ်ပုဒ် ထပ်မံ ထွက်ပေါ်လာပါတယ်။

      By - Boom Live Myanmar | 29 Jan 2021 4:25 AM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • မဲမသမာမှုတွေကြောင့် ဦးဝင်းထိန် နုတ်ထွက်တယ်ဆိုတဲ့ သတင်းအမှား

      အဆိုပါ သတင်းအမှားကို ဇန်နဝါရီလ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲ့ဒီသတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ရွေးကောက်ပွဲ မဲမသမာမှုများကိစ္စ သမိုင်းတရားခံ မဖြစ်လို NLD နာယကကြီး ဦးဝင်းထိန် နှုတ်ထွက်စာတင်မည်" (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

      အဆိုပါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တု ပေါင်းများစွာနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

      သတင်းဆန်းစစ်ချက်

      NLD ပါတီရဲ့ နာယက ဦးဝင်းထိန်က ပါတီက နုတ်ထွက်စာတင်တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက်စစ်ဆေးကြည့်တဲ့အခါ နိုင်ငံရေးအမြတ်ထုတ်ဖို့ ဖြန့်ဝေထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

      အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ဦးဝင်းထိန် နုတ်ထွက်စာ တင်တယ်ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားသာဖြစ်တယ်လို့ Boom Myanmar ကို အတည်ပြုပါတယ်။

      လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ဦးဝင်းထိန် နာမည်သုံးပြီး သတင်းစာပုံစံ ဖန်တီးထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်ခဲ့ပါသေးတယ်။ အဆိုပါ သတင်းအမှားထွက်ပေါ်ချိန်မှာ NLD ပါတီ ဗဟိုပြန်ကြားရေးက ဦးကြည်တိုးက ၎င်းရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ဦးဝင်ထိန်ဟာ ဩဂုတ်လကနေ အခု ဇန်နဝါရီလအထိ မည်သည့် သတင်းထောက်ကိုမှ အင်တာဗျူး ဖြေကြားထားခြင်း မရှိဘူးလို့ အသိပေး ရေးသားခဲ့ပါတယ်။


      ဒီလိုသတင်းစာပုံစံ သတင်းအတုတွေဖန်တီးပြီး ဖြန့်ဝေနေတဲ့အပေါ် NLD ပါတီ ဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင်က "သတင်းအမှား၊ သတင်းအတုကို ပုံစံတစ်မျိုးနဲ့ လုပ်လာကြတယ်ပေါ့။ စောစောပိုင်းကတော့ ဒီလိုပြောပါတယ်၊ ဟိုလိုပြောပါတယ်ဆိုပြီး ရိုးရိုးပဲ ဖြန့်တာလေ။ အခုကျတော့ အဲ့လိုမဟုတ်တော့ဘူး။ သတင်းစာထဲမှာပဲပြောလို့ သတင်းစာထဲကနေ ယူပြီးတင်တဲ့ပုံစံမျိုး ပြန်လုပ်ကြတယ်လေ။ ဒါတွေက တကယ်တမ်းကတော့ ဘယ်လိုပုံစံနဲ့ပဲ ဖြန့်ဖြန့် ဒီဟာ သတင်းအမှားလား သတင်းအတုလားဆိုတာ ပြည်သူတွေကတော့ သိကြပါတယ်။ ဒါတွေဟာ သတင်းအမှားလား သတင်းအတုလား ဆိုတာ သိကြပါတယ်" လို့ မှတ်ချက်ပေးပါတယ်။


      Tags

      False news NLD spokesperson resigned election fraud Election Myanmar မဲမသမာမှု သတင်းအမှား ရွေးကောက်ပွဲ 
      Read Full Article
      Claim :   NLD ပါတီရဲ့ နာယက ဦးဝင်းထိန်က ပါတီက နုတ်ထွက်စာတင်တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက်စစ်ဆေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!