BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • စနစ်ကျတဲ့သတင်းအမှားဂိုဏ်း...
Top Block

စနစ်ကျတဲ့သတင်းအမှားဂိုဏ်း (သို့မဟုတ်) RFM ကွန်ရက်

ဒေါ်အောင်ဆန်းစုကြည်ကိုဗစ်ရောဂါ ကူးစက်ခံရတယ်ဆိုတဲ့အကြောင်းအရာအပါအဝင် သူကွယ်လွန်တယ်ဆိုတဲ့ အထိဖန်တီးရေးသားတဲ့ သတင်းတွေပျံ့နှံ့ခဲ့ဖူးတာကို သတိထားမိကြပါလိမ့်မယ်။

By - Boom Live Myanmar |
Published -  29 Dec 2020 7:55 PM IST
  • စနစ်ကျတဲ့သတင်းအမှားဂိုဏ်း (သို့မဟုတ်) RFM ကွန်ရက်

    တကယ်မဟုတ်ခဲ့တဲ့ ဒီအကြောင်းအရာတွေဟာ တစ်နိုင်ငံလုံးအတွက်အရေးကြီးတဲ့ ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ လူပေါင်းသိန်း၊ သန်းချီအထိလွတ်လွတ်လပ်လပ် ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။

    လူထုကြားထဲပျံ့နှံ့ရောက်ရှိခဲ့တဲ့ သတင်းတုသတင်းအမှားတွေထဲမှာ တစ်နိုင်ငံလုံးဆူပူစေလောက်တဲ့အထိရည်ရွယ်ထုတ်လုပ်တဲ့သတင်းပေါင်းမြောက်များစွာလည်းရှိခဲ့ပါသေးတယ်။ ဥပမာ ရွေးကောက်ပွဲကာလတွေမှာ အကဲဆတ်လှတဲ့လူမျိုးရေးဘာသာရေးကိစ္စတွေကို ကိုင်တွယ်ပြီးဖြန့်ဝေတဲ့ ဒီလို သတင်းမျိုးတွေပါဝင်ပါတယ်။

    ပြီးခဲ့တဲ့ရွေးကောက်ပွဲမတိုင်ခင်မှာ မြန်မာနိုင်ငံအတွက်အန္တရာယ်ကြီးတဲ့ သတင်းအမှားတွေဖန်တီးပြီး နိုင်ငံတော်အဆင့်အထိ လှုပ်ခတ်စေခဲ့တဲ့သတင်းတုသတင်းအမှားတွေကို အဖွဲ့တစ်ခုတည်းက စနစ်တကျကိုင်တွယ်ဖြန့်ဝေသွားခဲ့ပါတယ်။လူမှုကွန်ရက်ပေါ်က လူပေါင်းသန်းချီထံပျံ့နှံ့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်သေဆုံးတယ်ဆိုတဲ့အကြောင်းအရာအပါအဝင် လက်ရှိဖြန့်နေဆဲ ရွေးကောာက်ပွဲရလဒ်မသမာမှုတွေရှိနေတယ်ဆိုတဲ့ သတင်းတုသတင်းအမှားတွေကို Radio Free Myanmar အမည်နဲ့အဖွဲ့ကကိုင်တွယ်ဖြန့်ဝေနေတာဖြစ်ပါတယ်။

    RFM ဘယ်လိုပေါ်လာသလဲ

    ပြီးခဲ့တဲ့ ရွေးကောက်ပွဲအကြိုကာလကစလို့ RFM အမည်နဲ့ဖြန့်ဝေတဲ့ သတင်းတုသတင်းအမှားတွေကို BOOM Myanmar ကအာရုံစိုက်ခဲ့ပါတယ်။ ရွေးကောက်ပွဲအတွက်အချိန်ကိုက်ထွက်ပေါ်လာတဲ့အဖွဲ့လို့ပြောလို့ရတဲ့ Radio Free Myanmarဟာ အစောပိုင်းကာလမှာကတည်းက NLDပါတီ နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဲ့ဒီပါတီက မုံရွာအောင်ရှင်တို့ ဒေါက်တာအောင်မိုးညိုတို့လို လူသိများတဲ့ပါတီတွင်းက ပုဂိုလ်တွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့သတင်းတွေကိုပဲအများဆုံး ဖန်တီးခဲ့တာကြောင့် လက်ရှိအာဏာရအစိုးရကိုပဲ ဦးတည်တိုက်ခိုက်ဖို့ပေါ်လာတယ်လို့ Boom က သုံးသပ်ပါတယ်။

    သတင်းတု၊ သတင်းအမှားတွေ သူတို့ဘယ်လိုဖြန့်သလဲ

    RFM က သတင်းအမှားတွေဖြန့်တဲ့ပုံစံကရိုးရှင်းပါတယ်။ လူမှုကွန်ရက်ကိုပဲကနဦးအသုံးချကြတာပါ။ ဒါပေမယ့် အွန်လိုင်းက သတင်းစားသုံးသူတွေရဲ့ယုံကြည်မှုကိုရဖို့ အတွက်တော့ နာမည်ကိုသတင်းဌာနတစ်ခုနဲ့ဆင်တူ ယိုးမှားဖြစ်အောင်ပြင်ဆင်ခဲ့ပါတယ်။ အဲ့ဒီအပြင် သူတို့သတင်းတွေကို ရေးသားထုတ်လုပ်တဲ့သူတွေဟာ ယုံကြည်စိတ်ချရတဲ့ သတင်းရေးသားသူတွေလို့ထင်ရအောင်လည်းပြင်ဆင်ခဲ့ကြပါတယ်။

    RFM ရဲ့ လုပ်ကိုင်ပုံတွေကို စောင့်ကြည့်ဖေါ်ထုတ်ခဲ့တဲ့ Frontier Myanmar က ရေးသားထားတဲ့ဆောင်းပါး မှာ ဒီအချက်ကိုထည့်သွင်းဖေါ်ပြထားပါတယ်။

    ဒီပုံမှာ မြန်မာအမျိုးသမီးတစ်ယောက်ပုံကို အသုံးချပြီး သူတို့ရဲ့ သတင်းရေးသားသူအဖြစ်နဲ့ ဖန်တီးထားတာဖြစ်ပါတယ်။



    ပုံကိုသေချာကြည့်ရင် မျက်နှာမှာအုပ်ထားတဲ့ Mask နဲ့ ခန္ဓာကိုယ်မှာဖုံးထားတဲ့ အစိမ်းရောင်တွေဟာ Photoshop နဲ့ဖန်တီးထားတာဖြစ်ပါတယ်။ အဲ့ဒီအပြင် ရေးသားထားတဲ့ စာကလည်းသဒ္ဒါအမှားအယွင်းတွေနဲ့ ရေးသားထားတာဖြစ်ကြောင်း Frontier ထောက်ပြထားပါတယ်။အလားတူပဲသူတို့ရေးသားဖြန့်ဝေတဲ့သတင်းတွေမှာ သတင်းဌာနအဖြစ်ထင်ယောင်ထင်မှားဖြစ်စေနိုင်ဖို့ သတင်းတွေရဲ့အဆုံးမှာ အယ်ဒီတာဆိုတဲ့ရာထူးနဲ့နာမည်တွေကို တွဲဖက်ဖြန့်ဝေကြတာဖြစ်ပါတယ်။

    RFM ရဲ့ သတင်းမှားတွေကို အင်နဲ့အားနဲ့ဖြန့်တဲ့ နောက်ထပ်အရင်းအမြစ်ကတော့ လူမှုကွန်ရက်မှာ ဘယ်သူ၊ဘယ်ဝါ ဘယ်ကမှန်းမသိနိုင်တဲ့ အကောင့်နဲ့ Group ပေါင်းမြောက်များစွာပဲဖြစ်ပါတယ်။ဥပမာ မဘိန်းမြို့နယ်က မဲစာရင်းကိစ္စသတင်းအမှားကိုဖြန့်တဲ့ ဒီအကောင့်နဲ့ ဒီအကောင့်တွေကို နမူနာပေးရရင် သူတို့ဘယ်သူဘယ်ဝါမှန်းသိသာနိုင်တဲ့ ကိုယ်ရေးအချက်အလက်အစစ်တွေမပါသလို၊ ကိုယ်ပိုင်ဓါတ်ပုံတွေမရှိကြပါဘူး။ အဲ့ဒီအပြင် နာမည်တွေကလည်း နာမည်အရင်းတွေမဟုတ်ကြပါဘူး။ Boom အနေနဲ့ RFM ကသတင်းတွေကို ဆန်းစစ်တဲ့အခါမှာ အရင်ဆုံး လေ့လာတာက ဒီသတင်းကို ဘယ်လိုအကောင့်နဲ့ဖြန့်ဝေတာလဲဆိုတာကိုပါ။ဒီလိုလေ့လာတဲ့အခါ လူထုကြားထဲပျံ့တဲ့ သတင်းအများစုဟာ အထက်မှာရည်ညွှန်းတဲ့ ဘယ်သူဘယ်ဝါဖေါ်ပြမထားတဲ့အကောင့်တွေဖြစ်နေလေ့ရှိပါတယ်

    လူမှုကွန်ရက်နဲ့ ဝဘ်ဆိုက်

    RFM ရဲ့ သတင်းဖြန့်ဝေတဲ့ပုံစံထဲမှာ အထက်ပါအချက်တွေအပြင် အဓိကအရင်းအမြစ်က Radio Free Myanmar ဖေ့စ်ဘွတ်ပေ့ခ်ျနဲ့ ဝဘ်ဆိုက်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဝဘ်ဆိုက်နဲ့ပေ့ချ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကိုဗစ်ဖြစ်တယ်ဆိုတဲ့ သတင်းနဲ့ သမ္မတရုံးညွှန်ကြားရေးမှုး ဦးဇော်ဌေးနဲပတ်သက်တဲ့ သတင်းအမှားတွေဖြန့်ဝေပြီးတဲ့ နောက်မှာတော့ အစိုးရက ပိတ်ချခဲ့ပါတယ်။ ဒါပေမယ့် ဝဘ်ဆိုက်ကိုပိတ်ချရာမှာ မြန်မာနိုင်ငံတွင်းက ဝင်ရောက်ကြည့်ရှုလို့မရအောင်နဲ့ အဲ့ဒီဝဘ်ဆိုက်ပေါ်ကသတင်းတွေကို လူမှုကွန်ရက်မှာ တင်လို့မရအောင်သာပြုလုပ်ထားတာဖြစ်ပြီး ဝဘ်ဆိုက်ကတော့ တခြားနိုင်ငံတွေကနေဝင်ရောက်ကြည့်ရှုလို့ရနေပါသေးတယ်။

    ဒီလိုပိတ်ချလိုက်တာနဲ့ RFM အမည်နဲ့ သတင်းတုသတင်းမှားတွေရပ်တန့်သွားတာတော့မဟုတ်ပါဘူး။ ဝဘ်ဆိုက်နဲ့လူမှုကွန်ရက်တွေပိတ်သွားပြီးတဲ့နောက်မှာ RFM LOGO နဲ့ သတင်း Screen Shot ပုံစံဖန်တီးထားတဲ့သတင်းတုတွေတော့လက်ရှိအချိန်ထိပျံ့နှံ့နေပါသေးတယ်။ ပြီးခဲ့တဲ့အပတ်ထဲမှာပဲ Boom အနေနဲ့ RFM အမည်နဲ့ပျံ့နှံ့လာတဲ့ ဒီလို သတင်းတွေ စိစစ်ခဲ့ရတုန်းပဲဖြစ်ပါတယ်။ တကယ်တမ်းလူမှုကွန်ရက်မှာပျံ့နှံ့တဲ့ RFM အမည်နဲ့ ပျံ့နှံ့ခဲ့တဲ့သတင်းတု၊ သတင်းမှားအများစုဟာလည်း Template လို့ခေါ်တဲ့ အရံသင့်စာဖြည့်ရေးနိုင်တဲ့ အောက်ပါ ပုံစံနဲ့တွေနဲ့ပဲဖြန့်ကြတာဖြစ်ပါတယ်။


    သူတို့ဘာတွေဖြန့်သလဲ၊ ဘာကြောင့်ဖြန့်ကြသလဲ

    BOOM က စောင့်ကြည့်လေ့လာမှုတွေအရ RFM အဖွဲ့က ဖြန့်ဝေတဲ့ သတင်းတု၊ သတင်းမှားတွေမှာဦးတည်ချက် ပြတ်ပြတ်သားသားတွေ့ရပါတယ်။ အဲ့ဒါက ရွေးကောက်ပွဲကာလတလျှောက်လုံးမှာ သတင်းမှားတွေနဲ့ အသုံးချပြီး နိုင်ငံရေးမတည်ငြိမ်အောင်လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ ဒါ့အပြင် သတင်းတုသတင်းအမှားတွေကို အသုံးချပြီး မဲပေးသူတွေ ဆုံးဖြတ်ချက်ဝေဝါးစေဖို့၊ ရွေးကောက်ပွဲကိုနှောက်ယှက်ဖို့၊ အာဏာရပါတီဖြစ်တဲ့ NLD နဲ့ ပါတီတွင်းက အထင်ကရပုဂ္ဂိုလ်တွေကို နိုင်ငံရေးထိုးနှက်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဖန်တီးတဲ့ သတင်းတု၊ သတင်းမှားတွေကို စနစ်တကျပြင်ဆင်ဖြန့်ဝေကြတာဖြစ်ပါတယ်။

    RFM အဖွဲ့က ဖြန့်ဝေတဲ့အထဲမှာ NLD ပါတီတွင်းမှာ မွတ်စလင်မ်အမတ် ၆၈ ရာခိုင်နှုန်းထည့်သွင်းထားတယ်ဆိုတဲ့သတင်းမျိုး၊ ဒေါ်အောင်ဆန်းစုကြည်ရောဂါကူးစက်တယ်ဆိုတာမျိုး၊ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ ပြိုကွဲပြီး NLD ပါတီပျက်သွားတယ် ဆိုတဲ့ သတင်းမျိုးတွေကို ရွေးကောက်ပွဲရက် အနီးကပ်တဲ့အထိဖြန့်ဝေကြတာဖြစ်ပြီး ဒီသတင်းတုသတင်းအမှားတွေဟာ မဲပေးသူတွေအတွက် ရုတ်တရက် အတွေးအကြံဝေဝါးစေနိုင်တဲ့အကြောင်းအရာတွေဖြစ်ပါတယ်။

    ဒါ့အပြင် အထက်ပါအကြောင်းအရာတွေကို စကားလုံးအသုံးအနှုန်းအနည်းငယ်ပြင်ဆင်ပြီး လူမှုကွန်ရက်မှာ အထပ်ထပ်အခါခါဆင့်ကဲဖြန့်ဝေမှုတွေပြုလုပ်သလို ဒီလိုပြုလုပ်ခြင်းဟာ လူထုကြားထဲ သတင်းအမှား၊ အချက်အလက်အမှားတွေရောထွေးမှတ်ယူစေနိုင်တဲ့ လုပ်ဆောင်မှုမျိုးဖြစ်ပါတယ်။

    RFM အဖွဲ့က သတင်းတု၊ သတင်းမှားတွေဖြန့်ဝေရာမှာ ရွေးကောက်ပွဲအကြိုကာလကနေ ရွေးကောက်ပွဲအလွန်ကာလအထိ အချိန်ကိုက်ဖြန့်ဝေမှုတွေပြုလုပ်နေတာဖြစ်ပြီး လက်ရှိအချိန်အထိ ရွေးကောက်ပွဲရလဒ်အပေါ်မှာ အချက်အလက်အမှားတွေကို အသုံးချပြီး နိုင်ငံတဝှမ်းမှာ မဲမသမာမှုတွေဖြစ်တယ်ဆိုတဲ့ အထင်မျိုးရောက်စေဖို့ တိကျသေချာမှုမရှိတဲ့အရေးအသားတွေနဲ့ ဆက်လက်ဖြန့်ဝေမှုတွေ ရှိနေတုန်းပဲဖြစ်ပါတယ်။

    RFM ကွန်ရက် ဘယ်လောက်ကျယ်ပြန့်သလဲ

    RFM အဖွဲ့နဲ့ပတ်သက်လို့ လေ့လာစောင့်ကြည့်သူတွေ၊ တရားဝင်သတင်းဌာနတွေ တညီတညွတ်တည်းသုံးသပ်ကြတာက ဒီအဖွဲ့ကို လူအမြောက်အများက စနစ်တကျလုပ်ဆောင်တယ်ဆိုတဲ့အဖြေမျိုးတွေ့ရပါတယ်။ အမှန်တကယ်လည်း ဒီအဖွဲ့အမည်နဲ့သတင်းအမှားဖြန့်တဲ့နှုန်းက တစ်ဦးတစ်ယောက်တည်းလုပ်ဆောင်တာမျိုးမဟုတ်ပဲ ဘက်တူတဲ့ လူတွေစုပြီးကွန်ရက်တစ်ခုအသွင်နဲ့လုပ်ဆောင်တာဖြစ်ပါတယ်။ အစပိုင်းမှာ RFM အမည်နဲ့ဖြန့်ဝေတဲ့ သတင်းအမှားတွေဟာForward Media Group ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေဖြန့်ဝေခဲ့ပေမယ့် အစိုးရက အဲ့ဒီပေ့ချ့်ကို ဖြုတ်ချခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ ကွန်ရက်တစ်ခုအသွင်နဲ့ပုံစံပြောင်းဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ အမည်နာမ၊ အချက်အလက်မစုံလင်တဲ့ အကောင့်တုအကောင့်ပုန်းများစွာနဲ့ သတင်းအမှား ဖြန့်ဖို့ သီးသန့်ပြင်ဆင်ထားတဲ့ Group တွေကနေပါလူပေါင်းသိန်းချီရောက်ရှိဖို့ကြိုးစားကြတာတွေ့ရပါတယ်။

    နမူနာအားဖြင့်ဆိုရရင် ဇွန်လအတွင်းက စတင်ဖြန့်ဝေခဲ့တဲ့ ဒီအကြောင်းအရာ မူရင်းပို့စ်တင်ပြီးနာရီပိုင်းအတွင်းမှာ လူပေါင်းတစ်ထောင်ကျော်ဖြန့်ဝေနေပြီးဖြစ်ပါတယ်။ ဒီလိုဖြန့်ဝေကြတဲ့အထဲမှာ မည်သူမည်ဝါမှန်းမသိနိုင်တဲ့အကောင့်တုတွေမြောက်များစွာပါဝင်ခဲ့ပါတယ်။

    လက်ရှိအချိန်ထိမှာပဲ Boom က အချက်အလက်စစ်ဆေးတဲ့ သတင်းသမားတွေအနေနဲ့ နောက်ထပ် RFM အမည်နဲ့ ဖြန့်ချိတဲ့ သတင်းတု သတင်းအမှားတွေ နေ့စဉ်လိုလိုတွေ့နေရဆဲဖြစ်ပါတယ်။ အစိုးရကို တိုက်ရိုက်ထိခိုက်စေတဲ့ သတင်းအမှားဖြစ်စဉ်တွေအပြီးမှာ ဒီအဖွဲ့တွေကို ဖော်ထုတ်အရေးယူမယ်ဆိုတဲ့ပြောဆိုချက်တွေရှိခဲ့ပေမယ့် လက်ရှိအချိန်ထိ Page တွေ ဝဘ်ဆိုက်တွေကို မမြင်စေဖို့ တားဆီးတာကလွဲလို့ ပါဝင်ထိန်းချုပ်သူတွေကို ထိထိရောက်ရောက်ဖော်ထုတ်နိုင်ခြင်းမရှိပါဘူး။

    ၂၀၂၀ တစ်နှစ်လုံးမှာ ပြည်တွင်းမှာရောပြည်ပမှာပါ သတင်းအမှားတွေကြီးစိုးခဲ့သလို ဒီသတင်းအမှားတွေကြားထဲမှာ Radio Free Myanmar အမည်နဲ့ပေါ်ထွက်လှုပ်ရှားတဲ့ လှုပ်ရှားမှုဟာသတင်းအမှားဖြန့်တဲ့အဆင့်ထက်ပိုမိုတာကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ဒီအဖွဲ့တွေကဖြန့်တဲ့ သတင်းအချက်အလက်အမှားတွေနဲ့ဆင်တူတဲ့ ကြွေးကြော်မှုတွေနဲ့ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။

    Tags

    RFMRadio Free MyanmarMyanmar ElectionFakenewsmisinfomationDisinfomationDaw Aung San Suu KyiMone Ywar Aung ShinZaw HtayNLD ပါတီဖျက်သိမ်းခံUEC
    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!