BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • RFM အမည်နဲ့ဖြန့်ဝေတဲ့ ရွေးကောက်ပွဲ...
သတင်းအတု

RFM အမည်နဲ့ဖြန့်ဝေတဲ့ ရွေးကောက်ပွဲ မဲကိစ္စသတင်းအတု

ရွေးကောက်ပွဲ မတိုင်ခင်ကာလကနေ ရွေးကောက်ပွဲအပြီးအထိ Radio Free Myanmar (RFM) ဆိုတဲ့ နာမည်နဲ့ သတင်းအမှားပေါင်း များစွာထွက်ပေါ်ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  28 Dec 2020 9:59 AM IST
  • RFM  အမည်နဲ့ဖြန့်ဝေတဲ့ ရွေးကောက်ပွဲ မဲကိစ္စသတင်းအတု

    ဒီဇင်ဘာလ ၂၅ ရက်နေ့ မှာလည်း RFM နာမည်နဲ့ ဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ် ထပ်မံထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီ သတင်းအမှားကို ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ၅ နာရီ သုံးမိနစ်မှာ မိုးသူဇာမေ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဖြန့်ဝေထားတာ ဖြစ်ပြီး ၎င်း သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "NLD ကိုစကောလောက်မှ ဇောက်မနက်ဟု UEC ဆို" လို့ ရေးသားထားတာဖြစ်ပါတယ်။

    အဆိုပါ သတင်းရဲ့ အတွင်းမှာတော့ "၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအမည်ခံ၍ မဲလိမ်မဲခိုးပြီး ကလိမ်ကကျစ်လုပ်သည့်အထဲတွင် NLD ပါတီ NLD အစိုးရမှာသာ အဓိကတာဝန်ရှိသည်။ NLD ပါတီအလိုကျ UEC ကိုရွေးချယ်ခန့်အပ်ခဲ့ခြင်း ဖြစ်ပြီး UEC ကလည်း NLD အလိုကျသာပြုလုပ် ခဲ့ခြင်းဖြစ် သည်။ တပ်မတော်၏ ရှာဖွေတွေ့ရှိချက်ထွက်လာအပြီး NLD ထိပ်တန်းက UEC အားအပြစ်ပုံသည်ကို တွေ့ရသောအ ခါ UEC တာဝန်ရှိသူတစ်ဦးက "ဒီလိုတော့မဖြစ်သင့်ဘူးလို့ပြောချင်တယ်။ ကိုယ်တို့ ဆိုလည်းပါတီဝင်ဘဲ။ ပါတီရဲ့တာဝန်ပေးချက်အရဘဲ UEC မှာလုပ်ရတာ၊တလျှောက်လုံးUECကိုသူ တို့ဘဲစီမံနေတာ လေ။ UEC အနေနဲ့မဲစာရင်းက အစ ပါတီကပေးဆိုရင် ပေးတယ်၊ မပေးနဲ့ဆိုရင်မ ပေးဘူး။ အခုလိုအချိန်မှာကိုယ် တို့ဘာလုပ်မလဲစဉ်း စားရမယ်။ ခုလိုလက်ညှိုးထိုးချနေတာ ကတော့ကိုယ်တို့အတွက်က အဆင်မပြေဘူး။ ကိုအောင် ရှင်ကတော့ပြောလိုက်တာတွေ့တယ်၊ ခုလိုအခါ ကျမှ ကိုယ်တို့ကိုလက်ညှိုးထိုးတာတော့ဇကောလောက်ဇောက် မနက်လို့ပေါ့"ဟု UEC တာဝန်ရှိသူ တစ်ဦးက RFM သို့ပြောကြားသည်" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားမှု အပြည့်အစုံကို ဒီမှာ ကြည့်ပါ။

    အဆိုပါ မိုးသူဇာမေ ဆိုတဲ့အကောင့်မှာ တင်ထားတဲ့ သတင်းအမှားကို Like လုပ်ထားသူ ၁၃၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၂၈၀၀ ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    RFM ဆိုတဲ့ နာမည်နဲ့ ဖြန့်ဝေထားတဲ့ NLD ပါတီအပေါ် UEC က ပုတ်ခတ်ပြောဆိုထားတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ NLD ပါတီနဲ့ UEC ကြား အမုန်ပွားအောင် ရန်တိုက်ပြီး နိုင်ငံရေး အမြတ်ထုတ်ထားတဲ့ သတင်းအမှား ဖြစ်ကြောင်း တွေ့ရပါတယ်။

    သတင်းအမှားတင်ထားတဲ့ Radio Free Myanmar ဆိုတဲ့ အဖွဲ့ဟာ ရွေးကောက်ပွဲ မတိုင်ခင်ကနေ အခုအချိန်ထိ NLD ပါတီကို သတင်းအမှားတွေနဲ့ အစဉ်တစိုက် တိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ၎င်းတို့ရေးသားသမျှ သတင်းအမှားတိုင်းဟာ NLD ပါတီတိုက် ခိုက်ထားတဲ့ သတင်းအမှားများသာ ဖြစ်ပြီး ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ်ကို ပြန်လည် မျှဝေနေတာကို တွေ့ရပါတယ်။

    ဒီလို သတင်းအမှားဖြန့်တဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က "သူတို့က တစ်ခုပြီးတစ်ခု ရှုပ်ထွေးအောင်ပေါ့လေ ကျွန်တော်မြင်တာက။ နောက်တစ်ခုက အနိုင်ရပါတီနဲ့ UEC နဲ့ ပြည်သူလူထုကို ရန်တိုက်ပေးမယ်။ အနိုင်ရပါတီနဲ့ UEC အလုပ်ရှုပ်နေအောင် ၊ ရှုပ်ထွေးနေအောင် လုပ်နေတယ်လို့ပဲ ကျွန်တော်တော့ မြင်ပါတယ်။ သူတို့ရဲ့ ကြိုးစားမှုကလည်း အရာထင်လာမှာ မဟုတ်ပါဘူး" လို့ မှတ်ချက် ပေးပါတယ်။

    Tags

    Fake newsUECNLDRadio Free Myanmarသတင်းအတုElection Myanmar
    Read Full Article
    Claim :   RFM ဆိုတဲ့ နာမည်နဲ့ ဖြန့်ဝေထားတဲ့ NLD ပါတီအပေါ် UEC က ပုတ်ခတ်ပြောဆိုထားတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!