BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NLD ထိပ်ပိုင်း ခေါင်းဆောင်များ...
သတင်းအတု

NLD ထိပ်ပိုင်း ခေါင်းဆောင်များ သဘောထားများ အစိတ်စိတ် အမွှာမွှာ ကွဲနေတယ်ဆိုတဲ့ သတင်းအတု

၂၀၂၀ ပြည်လုံးကျွတ် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်နေတဲ့ကာလမှာ နိုင်ငံရေးပါတီတွေအပေါ် တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ နိုင်ငံရေးအမြတ် ထုတ်ထားတဲ့ သတင်းအမှားတွေ နေ့စဉ်လိုလို ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  17 July 2020 12:27 PM IST
  • NLD ထိပ်ပိုင်း ခေါင်းဆောင်များ သဘောထားများ အစိတ်စိတ် အမွှာမွှာ ကွဲနေတယ်ဆိုတဲ့ သတင်းအတု

    ဒီရက်ပိုင်း အတွင်းမှာ NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များ သဘောထားမတူတဲ့ အတွက် အစိတ်စိတ် အမွှာမွှာ ပြိုကွဲနေတယ်ဆိုတဲ့ သတင်းအမှား တစ်ပုဒ် ပျံ့နှံ့နေပါတယ်။ အဲ့ဒီ သတင်းအမှားကို မင်းဟိန်းခန့် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုက ဇူလိုင်လ ၁၀ ရက်နေ့ နေ့ခင် ၃ နာရီ ၈ မိနစ်မှာ ဟင်္သာတ USDP သွေးချင်းများဆိုတဲ့ ဖေ့စ်ဘွတ် ဂရုထဲမှာ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ သတင်းအမှားဟာ Radio Free Myanmar ဆိုတဲ့ တံဆိပ်ပါတဲ့ ပုံတစ်ပုံ အနေနဲ့ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ သတင်းအမှား ဓါတ်ပုံထဲမှာ "NLD ထိပ်ပိုင်း အမွှာမွှာကွဲဘီ" (စာလုံးပေါင်း သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပြီး သတင်းရဲ့ အတွင်းပိုင်းမှာတော့ "၂၀၂၀ ဇူလိုင်လ (၅) ရက်နေ့တွင် NLD ပါတီ၏ ယာယီ ဗဟိုရုံးချုပိ ဖွင့်ပွဲသို့ NLD ထိပ်တန်း ခေါင်းဆောင်များ တက်ရောက်ကြပြီး မတူညီသော သဘောလက္ခဏာများစွာကို တွေ့ရသည်။ ပါတီရုံးခန်းဖွင့်ပွဲသို့ သမ္မတအမည်ခံယူထားသူ ဝင်းမြင့်(ဦး) လည်း ၎င်းဖွင့်ပွဲသို့ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။ ၎င်း ဖွင့်ပွဲသို့ သမ္မတဆိုသူက အရင်ရောက်နှင့်ပြီး ဒေါ်ဆုကြည် ကို ကြိုဆိုနေသည်ကို တွေ့ရသော်လည်း ကားပေါ်မှ ဆင်းလာသော ဒေါ်ဆုကြည်က သမ္မတဆိုသူကို လှည့်၍ပင် မကြည့်ခဲ့ပေ။ ၎င်းဖွင့်ပွဲတွင် ထူးခြားချက်များစွာ ပါဝင်နေသည်ကို ပြည်သူများ သတိပြုမိကြပေသည်။ ဒေါ်ဆုကျည်က Mask တပ်မထားခြင်း၊ ဇော်မြင့်မောင်နှင့် အဖွဲ့က NLD တံဆိပ်ပါတဲ့ Mask ကိုသာ တပ်ခြင်း သမ္မတဝင်းမြင့်(ဦး) နှင့် အဖွဲ့က Surgical mask ကိုသာ တပ်ခြင်း လက်ရှိ အစိုးရအဖွဲ့ အခြေခံ ဥပဒေကို ချိုးဖောက်ခြင်း စသည်များကို တစ်ပြိုင်နက်ထဲ တွေ့ရသည်။ NLD ပါတီ ထိပ်ပိုင်းတွင် ကိုယ်စားလှယ် ရွေးချယ်ခြင်း ကိစ္စ၊ လာဘ်ပေးလာဘ်ယူ ကိစ္စ၊ မြေကွက်ကိစ္စ၊ လုပ်ပိုင်ခွင့်ကိစ္စများဖြင့် အချင်းချင်းပင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲလျှက်ရှိကြောင်း လေ့လာသိရှိရသည်" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားကို ဖြန့်ဝေခဲ့တဲ့ မင်းဟိန်းခန့်ဆိုသူရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ အကောင့်တု တစ်ခု ဖြစ်တာကို တွေ့ရပြီး ၎င်းအကောင့်ပိုင်ရှင်ဟာ နိုင်ငံရေးဝါဒဖြန့်ချီထားတဲ့ သတင်းအမှားတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ ရေးသား ဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။

    သတင်းဆန်းစစ်ချက်

    မင်းဟိန်းခန့် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားဖော်ပြထားတဲ့ NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များ အစိတ်စိတ် အမွှာမွှာ ကွဲနေတယ် ဆိုတဲ့ သတင်းကို ဆန်းစစ်ဖို့ Boom Myanmar က အမျိုးသာဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင် ကို ဆက်သွယ် မေးမြန်းတဲ့အခါမှာ ဒါဟာ သတင်းအမှားသာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ထိပ်ပိုင်းခေါင်းဆောင်တွေ သဘောထား ကွဲနေတယ်ဆိုတာနဲ့ ပက်သက်ပြီး "အဲ့ဒါက သတင်းအမှားပါ။ လုပ်ကြံသတင်းတွေပါပဲ။ ဗဟိုမှာ ကျွန်တော်သိသလောက်ကတော့ ဗဟို မှာ ဘာအကွဲအပြဲမှ မရှိပါဘူး။ ဘာငွေရေးကြေးရေး ကိစ္စမှ ဘာမြေကွက် ကိစ္စမှ အကွဲအပြဲ မရှိပါဘူး။ ဗဟို CEC ထဲမှာ မြေကွက်ယူတာတို့ ပြုတာတို့လည်း ဘယ်သူမှ မရှိပါဘူး။ အဲ့ဒါ သတင်းအမှားပါ" လို့ မုံရွာအောင်ရှင် က Boom Myanmar ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

    Radio Free Myanmar ဆို့တဲ့တံဆိပ်နဲ့ သတင်းဌာန အယောင်ဆောင်ပြီး ဖြန့်ဝေနေမှုကို လေ့လာဆန်းစစ်ကြည့်တဲ့အခါမှာ ၎င်းတို့ရဲ့ အရေးအသားဟာ ပါတီစုံ ရွေးကောက်ပွဲ မစတင်ခင် အစိုးရ အုပ်ချုပ်ခဲ့တဲ့ ကာလက ဝါဒဖြန့်ချီခဲ့တဲ့ ပုံစံ စကားလုံးအသုံးအနှုန်း တွေနဲ့ ရေးသားထားတာကို တွေ့ရပြီး NLD ပါတီ နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပေါ် အစဉ်တစိုက် ဝါဒဖြန့် တိုက်ခိုက်နေတာကို တွေ့ရပါတယ်။

    Tags

    False newsNLD's CECtop leadersသတင်းအတုNLD ထိပ်ပိုင်းခေါင်းဆောင်မျာသဘောထားကွဲလွဲ
    Read Full Article
    Claim :   မင်းဟိန်းခန့် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားဖော်ပြထားတဲ့ NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များ အစိတ်စိတ် အမွှာမွှာ ကွဲနေတယ် ဆိုတဲ့ သတင်းကို Boom Myanmar က အမျိုးသာဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင် ကို ဆက်သွယ် မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!