BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • UEC က...
သတင်းအတု

UEC က ရာဇဝတ်မှုချိုးဖောက်တယ်လို့ရေးသားဖြန့်ဝေတဲ့သတင်းအမှား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေကို ကူးယူခွင့်မပြုပဲ ရာဇဝတ်မှု ကျူးလွန်နေကြောင်းနဲ့ ပုံစံ(၁၆)နဲ့ပုံစံ (၁၉) လွဲမှားနေတဲ့ အချက်အလက်တွေကို ရရှိထားပြီးကြောင်း ရေးသား ဖြန့်ဝေတဲ့သတင်းအမှားတွေထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  16 Dec 2020 11:09 AM IST
  • UEC က ရာဇဝတ်မှုချိုးဖောက်တယ်လို့ရေးသားဖြန့်ဝေတဲ့သတင်းအမှား

    ဒီရေးသားမှုကို Thandar Shwe Yi ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ပိုင်ရှင်က ဒီဇင်ဘာလ ၂ ရက်နေ့ ညနေပိုင်းက စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းမှားတွေ ရေးသားဖြန့်ဝေလေ့ရှိတဲ့ Radio Free Myanmar (RFM) လိုဂိုပါ Template ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

    ပုံထဲက စာမှာတော့ "UEC က ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေကိုမည်သည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းကိုမှ မပေးဖို့ ၂၀၂၀ ဒီဇင်္ဘာ (၁)ရက်နေ့ကညွှန်ကြားလိုက်တယ်လို့ RFM ကစုံစမ်း သိရှိရကြောင်း၊ ပုံစံ (၁၆) နဲ့ ပုံစံ(၁၉) တို့ကို ရရှိထားပြီး စာရင်းတွေ ကွဲလွဲနေတယ်လို့ နိုင်ငံရေးပါတီတစ်ခုက RFM ကိုပြောကြားကြောင်း၊ ယခုကဲ့သို့ လူမိုက်ဆန်ဆန် အမိန့်ပေးခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်နေတယ်လို့ UEC မှ တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်းနဲ့ မဲစာရင်းတွေ အကုန်ပြန်ညှိရန်နဲ့ NLD ပါတီရဲ့ အနိုင်ရလာဒ်ကို မထိခိုက်စေရန် ဗဟို UEC က ညွှန်ကြားကြောင်း" တွေ ရေးသားထားတာပါ။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီဖြန့်ဝေမှုမှာ RFM လိုဂိုပါ Template ကို အသုံးပြုထားတာကို ကြည့်ရုံမျှနဲ့ ဒါဟာ သတင်းမှားဆိုတာ သိရှိနိုင်ပါတယ်။ ယခင်က ရှိခဲ့တဲ့ Radio Free Myanmar (RFM) ပေချ့်ဟာလည်း လွတ်လပ်တဲ့အာရှအသံ Radio Free Asia (RFA) နဲ့ အမည်ဆင်တူရိုးမှားပြုလုပ်ပြီး ဖေစ့်ဘွတ်ပေါ်မှာ သတင်းအမှားတွေနဲ့ အမုန်းစကားတွေ ဖြန့်ဝေနေတဲ့ အတွက် Facebook က ပယ်ဖျက်ခဲ့တာ လအတန်ကြာခဲ့ပြီ ဖြစ်ပါတယ်။

    လက်ရှိ ဖေစ့်ဘွတ်ပေါ်မှာ တွေ့မြင်နေရတဲ့ RFM ပေချ့်ရဲ့ သတင်းတွေဆိုတာ သတင်းမှားတွေသာဖြစ်ပြီး စာတွေကို ကြိုက်နှစ်သက်ရာ ရေးနိုင်အောင်ဖန်တီးထားတဲ့ RFM လိုဂိုပါ Template အလွတ်တွေနဲ့ ဖန်တီးထားခြင်းသာ ဖြစ်ပါတယ်။ ဒါတွေကို တချို့RFM သတင်းတွေဖြန့်ချိနေတဲ့ ပိုစ့်အောက်မှာ အချင်းချင်းမျှဝေနေကြတာ ဖြစ်ပါတယ်။ အောက်ဖော်ပြပါပုံကို ကြည့်ပါ။


    RFM လိုဂိုအသုံးပြု သတင်းမှားတွေ ဖြန့်ဝေနေတာနဲ့ ပါတ်သတ်ပြီး BOOM က အကြိမ်ကြိမ် ရေးသားတင်ပြီးဖြစ်ပါတယ်။ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒါကြောင့် ပုံစံ (၁၆) နဲ့ ပုံစံ(၁၉) တို့ကို ရရှိထားပြီး စာရင်းတွေ ကွဲလွဲနေတယ်လို့ နိုင်ငံရေးပါတီတစ်ခုက RFM ကို ပြောကြားကြောင်း ဆိုတာအချက်တွေအပါအဝင် အချက်တွေဟာ မှားယွင်းနေတဲ့ အချက်တွေသာ ဖြစ်ပါတယ်။

    ပုံစံ (၁၆) နဲ့ ပုံစံ(၁၉) တွေကို နိုင်ငံရေးပါတီတစ်ခုက ရရှိထားကြောင်းနဲ့ မဲစာရင်းတွေ အကုန်ပြန်ညှိရန် UEC ဗဟိုက ညွှန်ကြားတယ်ဆိုတဲ့ အချက်တွေဟာလည်း ယုတ္တိမရှိပဲ လိုရာဆွဲရေးထားကြောင်း သိသာစေပါတယ်။

    မြို့နယ်ကော်မရှင်အဖွဲ့ခွဲအနေနဲ့ မြို့နယ်ရွေးကောက်ပွဲမှတ်တမ်းကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင်အဖွဲ့ခွဲတွေကို ပေးပို့ရတာဖြစ်ပြီး လက်ခံထားတဲ့ ကော်မရှင်အဖွဲ့ခွဲတွေက ဒီအချက်အလက်စာရင်းတွေကို ရွေးကောက်ပွဲပြီးတဲ့နေ့ ကနေ နောက်ထပ်ရွေးကောက်ပွဲ ပြုလုပ်ပြီးစီးတဲ့အချိန်အထိ ချိပ်ပိတ်ထားတဲ့ အထုပ်တွေထဲမှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။


    အထက်ဖော်ပြပါပုံကတော့ မဲစာရင်းမိတ္တူကူးယူရန်ကိစ္စနဲ့ ပါတ်သတ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်တဲ့ ကြေငြာချက်ပဲ ဖြစ်ပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    ElectionElection Myanmarသတင်းအမှားRFM လိုဂိုRFM TemplateRadio Free Myanmarရွေးကောက်ပွဲဆိုင်ရာ အချက်အလက်UEC ဗဟိုပုံစံ(၁၆)ပုံစံ (၁၉)
    Read Full Article
    Claim :   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေကို ကူးယူခွင့်မပြုပဲ ရာဇဝတ်မှု ကျူးလွန်နေကြောင်းနဲ့ ပုံစံ(၁၆)နဲ့ပုံစံ (၁၉) လွဲမှားနေတဲ့ အချက်အလက်တွေကို ရရှိထားပြီးကြောင်း ရေးသား ဖြန့်နေမှုအပေါ် BOOM က သတင်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!