BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • RFM အမည်နဲ့ဖြန့်ဝေတဲ့ မဘိမ်းမြို့က...
သတင်းအတု

RFM အမည်နဲ့ဖြန့်ဝေတဲ့ မဘိမ်းမြို့က မဲစာရင်းသုံးသိန်းသတင်း

မဘိမ်းမြို့နယ်မှာ မှတ်ပုံတင်မရှိသူသုံးသိန်းနီးပါး မဲစာရင်းထည့်ခဲ့တယ်ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့ အပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။

By - Boom Live Myanmar |
Published -  8 Dec 2020 12:27 PM IST
  • RFM အမည်နဲ့ဖြန့်ဝေတဲ့ မဘိမ်းမြို့က မဲစာရင်းသုံးသိန်းသတင်း

    ဒီရေးသားဖြန့်ဝေမှုတွေကို ဒီဇင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ စတင်ဖြန့်ဝေလားတာဖြစ်ပြီး သတင်းမှားတွေ ရေးသားဖြန့်ဝေလေ့ရှိတဲ့ Radio Free Myanmar (RFM) လိုဂိုပါ Template ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

    ရေးသားဖြန့်ဝေရာမှာ "မဘိမ်းတမြို့နယ်ထဲမှာ မှတ်ပုံတင်မရှိသူ (၃)သိန်း နီးပါး မဲစာရင်းမှာထည့်ခဲ့ကြောင်း၊ NLD ပါတီအတွက် UEC ကပြုလုပ်ပေးခဲ့သည့် ရာဇဝတ်မှု့ကြီးများကို PEMG က RFM သို့ပေးပို့လာကြောင်း၊ မဘိမ်းမြို့နယ် တစ်ခုထဲတွင် မှတ်ပုံ တင်အ ထောက်အထားမဲ့သူပေါင်း (၂၈၉၉၃၂)ဦး မဲပေးခွင့်ပြုခဲ့ သည်ကိုတွေ့ရှိရကြောင်း၊ မဲဆန္ဒရှင်ဦးရေရဲ ့ ၂၀% ကျော်ကို ဒီမြို့လေးမှာလာထည့်သွားကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တရားစွဲလို့ရ အောင်ပေးပို့သွား မယ်လို့ PEMG ရဲ့လက်ထောက်ဒါရိုက်တာ ဦးအောင်မြင့်က RFM သို့ပြောကြားသွားကြောင်း၊ UEC ရဲ့ ထုတ်ပြန်ချက်အရ မဘိမ်းမြို့နယ်တစ်ခုထဲမှာ မဲ ပေးပိုင်ခွင့်ရှိသူဦးရေ (၁၄၄၅၁၆၈)ဦး ရှိတယ်လို့ ဖော်ပြထားကြောင်း" ရေးသားထားတာပါ။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီသတင်းကို ဆန်းစစ်မှုမလုပ်ခင် ဖြန့်ဝေရာမှာ အသုံးပြုထားတဲ့ Radio Free Myanmar (RFM) လိုဂိုပါ template အကြောင်းကို ပြောရရင် ဒီ RFM ဟာ လွတ်လပ်တဲ့အာရှအသံ Radio Free Asia (RFA) နဲ့ အမည်ဆင်တူရိုးမှားပြုလုပ်ပြီး ဖေစ့်ဘွတ်ပေါ်မှာ သတင်းအမှားတွေနဲ့ အမုန်းစကားတွေ ဖြန့်ဝေနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒါကြောင့် RFM ကို Facebook က ဖြုတ်ချထားပြီး ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သမ္မတအိမ်တော် သတင်းသမားများကို ဖေ့ဘွတ်စ် ဂရုကနေ ပြန်လည်ဖြေကြား ထားဖူးပါတယ်။

    ဒီအကြောင်းအရာနဲ့ပတ်သက်လို့ BOOM သတင်းဌာနကလည်း ရေးသားထားပြီး ဖြစ်သလို့ RFA သတင်းမှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ အသေးစိတ်ဖတ်ရှု့နိုင်ပါတယ်။

    ဒါကြောင့် Facebook က ဖြုတ်ချလိုက်ထားပြီးဖြစ်တဲ့ RFM ပေချ့်ရဲ့ သတင်းတွေဆိုတာ သတင်းမှားတွေသာဖြစ်ပြီး စာတွေကို ကြိုက်နှစ်သက်ရာ ရေးနိုင်အောင်ဖန်တီးထားတဲ့ RFM လိုဂိုပါ Template အလွတ်တွေနဲ့ ဖန်တီးထားခြင်းသာ ဖြစ်ပါတယ်။ ဒါတွေကို တချို့RFM သတင်းတွေဖြန့်ချိနေတဲ့ ပိုစ့်အောက်မှာ အချင်းချင်းမျှဝေနေကြတာ ဖြစ်ပါတယ်။

    ရေးသားဖြန့်ဝေမှုမှာပါတဲ့ မဘိမ်းတမြို့နယ်ထဲမှာ မှတ်ပုံတင်မရှိသူ (၃)သိန်း နီးပါး မဲစာရင်းထည့်ခဲ့ကြောင်း၊ မှတ်ပုံတင်အ ထောက်အထားမဲ့သူပေါင်း (၂၈၉၉၃၂)ဦး မဲပေးခွင့်ပြုခဲ့ကြောင်းနဲ့ UEC ရဲ့ ထုတ်ပြန်ချက်အရ မဘိမ်းမြို့နယ်တစ်ခုထဲမှာ မဲ ပေးပိုင်ခွင့်ရှိသူဦးရေ (၁၄၄၅၁၆၈)ဦး ရှိတယ်လို့ ဖော်ပြထားတယ်ဆိုတဲ့ အချက်တွေဟာ မှားယွင်းကြောင်း တွေ့ရှိရပါတယ်။


    အထက်ပါပုံမှာ ဖော်ပြထားတဲ့ စာရင်းအရ မဘိမ်းမြို့နယ်မှာ မြို့ပေါ်နဲ့ ကျေးလက်နေ လူဦးရေစုစုပေါင်း ၄၁၈၁၅ ဦးသာရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေဟာ မြို့ပေါ် ၃၅၄၇ နဲ့ ကျေးလက်မှာ ၂၈၁၂၆ ဦး စုစုပေါင်း ၃၁၆၇၃ ဦးသာ ရှိပါတယ်။ ဒီအချက်အလက်တွေက ၂၀၁၉ ခုနှစ် စက်တင်ဘာလ နောက်ဆုံးပတ်က စာရင်းပြုစုထားတဲ့ အချက်အလက်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ၂၀၂၀ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က ပြန်လည်ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    နောက်ထပ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၅ ရက်နေ့က ဖော်ပြထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ စာရင်းမှာလည်း မဲဆန္ဒရှင်ဦးရေ ၃၂၉၁၈ ယောက်သာရှိတယ်လို့ ဖော်ပြထားပါတယ်။ အောက်ဖော်ပြပါ ပုံကို ကြည့်ပါ။


    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    အပေါ်မှာ ထောက်ပြခဲ့တဲ့ အချက်တွေအရ အခုရေးသားဖြန့်နေမှုတွေဟာ သတင်းမှားတွေပဲ ဖြစ်ပါတယ်။

    Tags

    Voter listFake newsElectionUnion Election Commissionမဲစာရင်း
    Read Full Article
    Claim :   မဘိမ်းမြို့နယ်မှာ မှတ်ပုံတင်မရှိသူသုံးသိန်းနီးပါး မဲစာရင်းထည့်ခဲ့တယ်ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့ အပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!