HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဓါတ်ပုံအဟောင်းတွေ အသုံးပြုပြီး KIA ကာကင်းစခန်းသိမ်းနိုင်သယောင် သတင်းအမှားဖြန့်

KIA တပ်တွေ ထိန်းချုပ်ထားတဲ့ လိုက်ဇာ ကာကင်းကုန်းကို စစ်ကောင်စီတပ်တွေ တိုက်ခိုက်ပြီး လက်နက်တွေ အများအပြား သိမ်းမိတယ်ဆိုတဲ့ သတင်းအမှားဖြန့်ဝေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar | 15 Sep 2022 11:43 PM GMT

အဆိုပါ သတင်းအမှားကို သတင်းဘုရင် ဆိုတဲ့ ပေ့ချ်တစ်ခုက စက်တင်ဘာလ ၁၁ ရက်နေ့ ည ၇ နာရီ ၄၄ မိနစ်မှာ ၎င်းရဲ့ ဖေ့စ်ဘွတ်ပေါ်တင်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ လက်နက်တွေ၊ ဗုံးသီးတွေ၊ ကျည်အိမ်တွေ၊ မော်တာဗုံးသီးတွေ အပါအဝင် သံသေတ္တာ ၈ လုံး၊ မီးစက်တစ်လုံးကို ဖြန့်ခင်းပြထားတဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပါတယ်။ အဆိုပါ ဓါတ်ပုံတွေနဲ့အတူ "လိုင်ဇာ ကာကင်းကုန်း ရလါဒ် ကောင်းတယ်" (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၁၄၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၀၀ ကျော်ရှိကာ တစ်ခြား ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာကလည်း ဖြန့်ဝေနေကြပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီတပ်တွေက KIA ရဲ့ လိုက်ဇာ ကာကင်းကုန်းကို တိုက်ခိုက်ပြီး လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမိတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလတ်စစ်ဆေးကြည့်တဲ့အခါ ဓါတ်ပုံအဟောင်းတွေကို အသုံးပြုပြီး သတင်းအမှားဖြန့်ထားတာ တွေ့ရပါတယ်။

၎င်းတို့ အသုံးပြုထားတဲ့ အဆိုပါ ဓါတ်ပုံတွေဟာ ၂၀၁၆ ခုနှစ်က ဂီဒုန်နှင့် လိပ်ပြာကုန်း စခန်းကို စစ်ကောင်စီတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်က ဓါတ်ပုံတွေသာ ဖြစ်ပါတယ်။ အဆိုပါ ၂၀၁၆ ခုနှစ်က တိုက်ပွဲမှာ KIA ရဲ့ အမာခံတပ်စခန်းကို စစ်ကောင်စီတပ်တွေက သိမ်းပိုက်ပြီး လက်နတ်ခဲယမ်းတွေပါ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်က KIA ရဲ့ အမာခံ စခန်းသိမ်းခံခဲ့ရတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ဖတ်ပါ။ဒါ့အပြင် KIA တပ်ရင်းတွေ ကျဆုံးပြီး စစ်ကောင်စီတပ်တွေ လိုက်ဇာကို ထိန်းချုပ်နိုင်တော့မယ်ဆိုတဲ့ သတင်းအမှားတွေ မကြာခဏ ထွက်ပေါ်လာလေ့ရှိပါတယ်။ အဆိုပါ သတင်းအမှားတွေကို ၂၀၂၁ ခုနှစ်ကတည်း ဖြန့်ဝေလေ့ ရှိခဲ့တာ ဖြစ်ပြီး အခုအချိန်ထိလည်း ဖြန့်ဝေနေကြဆဲသာ ဖြစ်ပါတယ်။ယခင် မကြာခဏ ဖြန့်ဝေလေ့ရှိတဲ့ သတင်းအမှားတွေကို အောက်ပါ Link တွေမှာ ဖတ်ပါ။

KIA တပ်ရင်း ၁၂ ကျတယ်ဆိုတဲ့ သတင်းမှား ဖြန့်နေ

KIA တပ်မဟာ ၉ ကျရှုံးသွားပြီဆိုတဲ့ သတင်းအတု

လိုင်ဇာကို စစ်ကောင်စီတပ်တွေထိန်းချုပ်နိုင်တော့မယ်ဆိုတဲ့ သတင်းအတု


သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ အကောင့်တုတွေဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့် သတင်းတွေ သတင်းအမှားတွေ ဆက်တိုက် ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

 


Related Stories