BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • KIA တပ်မဟာ ၉ ကျရှုံးသွားပြီဆိုတဲ့...
သတင်းအတု

KIA တပ်မဟာ ၉ ကျရှုံးသွားပြီဆိုတဲ့ သတင်းအတု

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ တပ်မဟာ ၉ ကျဆုံးသွားပြီဆိုတဲ့ သတင်းအတုတွေဒီရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  30 Nov 2021 5:14 PM IST
  • KIA တပ်မဟာ ၉ ကျရှုံးသွားပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို ဦးမင်းသင်္ချာ နေပြည်တော် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၁ မိနစ်မှာ ရေးတင်ခဲ့တာ ဖြစ်ပြီး ၎င်းသတင်းအမှားထဲမှာ "KIA တပ်မဟာ ၉ ကျရှုံးသွားပါဘီ ပြေးချိန်တောင် မရလိုက်ဘူးဟု သိရပါတယ် ပြည်ထောင်စု မြန်မာ့တပ်မတော် တပ်မ ၈၈ ကတွယ်လိုက်တာပါ။ KIA အလောင်း ၂၀၀ ကျော် လက်နက်မျိုးစုံ ၃၀၀ ကျော်ရရှိပါသည်။ Mi 35 အပြင် အိုးစည် ဒိုးပတ်များဖြင့် ပစ်ကူယူ ချေမှုန်း လိုက်ခြင်းဖြစ်ပါသည်။ Mig တောင် မပစ်လိုက်ရ . အရမ်းပျော့တဲ့ KIA သူပုန်များအား နာရီပိုင်းအတွင်း ချေမှုန်းသော တပ်မ ၈၈ အား ဂုဏ်ပြု ပေးလိုက်ကြပါဦး" လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၆၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၀၀ ကျော်ရှိကာ ကူးယူဖော်ပြသူများစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ ၉ ကျဆုံးသွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက်စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ထားတဲ့ သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။

    အဆိုပါ သတင်းအမှား မထွက်ပေါ်ခင် နိုဝင်ဘာလ ၁၇ ရက်နေ့ခန့်ကလည်း KIA တပ်ရင်း ၁၂ ကျတယ် ဆိုတဲ့ သတင်းအမှားတွေ ဖြန့်ခဲ့ပါတယ်။ ၎င်းသတင်းအမှားနဲ့ ပတ်သက်ပြီး KIO/KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး ကြီး နော်ဘူက Mizzima သတင်းဌာနကိုသတင်းအမှားဖြစ်ကြောင်း ဖြေကြားထားပါတယ်။ Mizzima က သတင်းကို ဒီ Link မှာ ဖတ်ပါ။

    အခု စစ်ကောင်စီထောက်ခံသူတွေ ဖြန့်နေတဲ့ KIA တပ်မဟာ ၉ ကျဆုံးတယ် ဆိုတဲ့ အကြောင်းအရာဟာလည်း ဝါဒဖြန့်ချိထားတဲ့ သတင်းအမှားသက်သက်သာ ဖြစ်ပြီး လက်ရှိကာလအထိ KIA ရဲ့ မည်သည့် တပ်မဟာမှ ကျရှုံးခြင်းမရှိပါဘူး။

    Tags

    False newsKIABrigade 9Kachin StateCoupMilitaryသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ ၉ ကျဆုံးသွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက်စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!