HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒုချုပ်စိုးဝင်း ထားဝယ်လေဆိပ်မှာ တိုက်ခိုက်ခံရပြီး သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီ ဒုခေါင်းဆောင်စိုးဝင်း ထားဝယ်လေဆိပ်မှာ အနီးကပ် တိုက်ခိုက်ခံရပြီး သေဆုံးသွားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 31 Jan 2026 8:25 AM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Thadin ဆိုတဲ့ Youtube ချန်နယ်မှာ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုနဲ့ ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဒုချုပ် စိုးဝင်း ထားဝယ်လေဆိပ်မှာ အနီးကပ် တိုက်ခိုက်ခံရ ပွဲချင်းပြီး သေဆုံး။ ဒုချုပ်စိုးဝင်း ထားဝယ်လေဆိပ် ရောက်ရောက်ချင်း တိုက်ခိုက်ခံရပြီး လေဆိပ်မှာတင် ပွဲချင်းပြီး၊ နေပြည်တော်ကို ပြန်ပို့' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒုချုပ်စိုးဝင်း ထားဝယ်လေဆိပ်မှာ တိုက်ခိုက်ခံရပြီး သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဗီဒီယိုထဲမှာ People's Spring သတင်းဌာနမှာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၁၅ ရက်နေ့က ရေးသားဖော်ပြထားတဲ့ 'ICJ အမှုမှာ စစ်ခေါင်းဆောင်ကြောင့် 'လွိုင်ကော်ရောက်နေသည့်စစ်ကောင်စီဒုခေါင်းဆောင်စိုးဝင်း၏ ညစာစားပွဲကယားပြည်နယ်ခန်းမနှင့် ဒကစအား ရှော့ဒုံးများဖြင့် တိုက်ခိုက်ခံရ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

ဒုချုပ်စိုးဝင်း ထားဝယ်လေဆိပ်မှာ တိုက်ခိုက်ခံရပြီး သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ကြေညာထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။

People's Spring မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories