HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ခေါင်းဆောင် တိုက်ခိုက်ခံရမှုအတွက် ဦးခင်ရီကို ဖမ်းဆီးတယ်ဆိုတဲ့ သတင်းအမှား

မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲမှာရှိတဲ့ စစ်ခေါင်းဆောင်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွက် ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီကို စစ်တပ်က ဖော်ထုတ်ဖမ်းဆီးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 31 Jan 2026 8:14 AM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay KhitThit ဆိုတဲ့ Youtube ချန်နယ်မှာ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုနဲ့ ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မင်းအောင်လှိုင် လုပ်ကြံသူ ဖော်ထုတ်ခံရ။ ခင်ရီ အပါအဝင် ဗိုလ်ချုပ် ၄ ဦး ဖမ်းဆီး။ မန္တလေး ပစ်ခတ်ခံရမှု တပ်တွင်းလုပ်ကြံခံရမှု ဖြစ်နေ။ ခင်ရီ ဦးဆောင်တယ်ဆိုပြီး သေဒဏ်ပေးရန် လုပ်နေပြီ' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ခေါင်းဆောင် တိုက်ခိုက်ခံရမှုအတွက် ဦးခင်ရီကို ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဗီဒီယိုထဲမှာ Khit Thit Media မှာ ဇန်နဝါရီ ၂၈ ရက်နေ့က ရေးသားဖော်ပြထားတဲ့ 'စစ်ခေါင်းဆောင် မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက် ခိုက်ဆိုသော သတင်းမှာ အမှားဟု စစ်တပ်က ငြင်းဆိုပြီး မင်းအောင်လှိုင် လူမြင်ကွင်းမှ ၃ ရက်ကြာ ခေတ္တ ပျောက်နေ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

သတင်းထဲမှာ မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်းမှား ဖြစ်တယ်လို့ စစ်တပ်က ငြင်းဆိုပေမယ့် စစ်ခေါင်းဆောင် လူမြင်ကွင်းကနေ ၃ ရက်ကြာ ပျောက်နေကြောင်း၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်မှာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနဲ့ တွေ့ဆုံပြီးကတည်းက ၃ ရက်ကြာ မည်သည့် အခမ်းအနားကိုမှ တက်ရောက်မှု မရှိပဲ ပျောက်နေကြောင်း၊ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်ကတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး သတင်းတစ်စုံတစ်ရာ မကြားမိဘဲ နေပြည်တော်တွင် ပုံမှန်အခြေအနေသာရှိတယ်လို့ ပြောဆိုကြောင်းတွေ ရေးသားထားတာပါ။

ဒီသတင်းထဲမှာ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီကို ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။

Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ နံနက်အစောပိုင်းမှာ Brave Warriors for Myanmar (BWM) အဖွဲ့နဲ့ အခြားတော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေတယ်လို့ ယူဆရတဲ့ မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာကို ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခိုက်တိုက်ခိုက်ခဲ့တယ်လို့ BWM က သတင်းထုတ်ပြန်ထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories