HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒွေးနဲ့ ဖောက်ပြန်တဲ့ ဗီဒီယိုကို ဖော်ထုတ်တယ်ဆိုတဲ့ သတင်းအမှား

ကွယ်လွန်သွားတာ ကြာပြီဖြစ်တဲ့ သရုပ်ဆောင် ဒွေးရဲ့ လူမှုရေးပြသနာနဲ့ပတ်သက်ပြီးမေးမြန်းထားတဲ့ အင်တာဗျုးတခုကိုအသုံးချပြီး လူစိတ်ဝင်စားစေမယ့် အချက်အလက်အမှားတချို့ခေါင်းစဉ်တပ်ဝေမျှထားတဲ့အကြောင်းအရာကို သတင်းအမည်ခံ Page တစ်ခုက ဖြန့်ဝေလာခဲ့ပါတယ်။

By - Boom Live Myanmar | 27 Jun 2022 1:20 PM GMT

သရုပ်ဆောင်ဒွေးနဲ့ ပတ်သက်တဲ့ သတင်းတုသတင်းမှားတွေဟာ ယခင်ကတည်းက အမျိုးမျိုးထွက်ခဲ့ဖူးသလို တဖက်မှာလည်း သူနဲ့ပတ်သက်တဲ့ လူမှုရေအရှုပ်အရှင်းတွေအကြောင်း သူ့ရဲ့ဇနီးဖြစ်သူနဲ့တွေ့ဆုံမေးမြန်းမှုတစ်ခုရှိခဲ့ပါတယ်။ ယခုရေးသားဖြန့်ဝေမှုမှာတော့ သရုပ်ဆောင် ဒွေးနဲ့ အိန္ဒြာကျော်ဇင် တို့ကိုတိုက်ရိုက်စွတ်စွဲသုံးနှုံးထားတဲ့အပြင် သူတို့ဖောက်ပြန်တယ်ဆိုတဲ့ Video ဖိုင်ကိုဇနီးဖြစ်သူကဖော်ထုတ်သယောင် ထင်ယောင်ထင်မှားဖြစ်စေမယ့်ခေါင်းစဉ်မျိုးနဲ့ လူမှုကွန်ရက်ပေါ်ဖြန့်ဝေထားတာဖြစ်ပါတယ်။  ဒီလိုအကြောင်းအရာကို မေလ အတွင်းကလည်း ဖြန့်ဝေမှု တစ်ချို့ ရှိခဲ့ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ဒွေးရဲ့ဇနီးဖြစ်သူနဲ့ 2019 ခုနှစ်က  ပြုလုပ်ခဲ့တဲ့ Let's talk အင်တာဗျုးထဲကအချက်အလက်တွေကို အသုံးချပြီး အင်တာဗျုးမှာမပါတဲ့ နာမည်အသုံးအနှုန်ူးတွေကို ထည့်သွင်းဖြန့်ဝေထားတာဖြစ်ပါတယ်။ ဒီအကြောင်းအရာကိုဖြန့်ဝေရာမှာနောက်ခံစကားပြောနဲ့ "ဒွေးရဲ့ ပွေရှုပ်မှုတွေကြောင့် အိပ်ဆေးအကြိမ်ကြိမ်သောက်ခဲ့ရကြောင်း မမိုးမိုးပြောဆိုတယ်ဆိုတဲ့ အကြောင်းနဲ့ ဒွေးရဲ့ဇနီးဖြစ်သူဖြေဆိုထားတဲ့အချက်တချို့ကို ထည့်သွင်းဖြန့်ဝေထားတာဖြစ်ပါတယ်။

မူရင်း အင်တာဗျုးထဲမှာ ဒွေးမကွယ်လွန်မီက လူမှုရေးအရှုပ်အရှင်းတွေနဲ့ သူတို့ရဲ့အိမ်ထောင်ရေးတွေအကြောင်းတွေပြောဆိုထားပေမယ့် ဒွေးကဘယ်သူဘယ်ဝါနဲ့ဖောက်ပြန်တယ်ဆိုတာမျိုး၊ ဗီဒီယိုဖိုင်အထောက်အထားလိုအရာမျိုးတွေကို တလုံးတပါဒမှထည့်သွင်းပြောဆိုထားခြင်းမျိုးမပါဝင်ပါဘူး။

မူရင်းအင်တာဗျုးဖိုင်ကို ဒီနေရာမှာ ကြည့်ပါ။ လတ်တလော ကာလအတွင်းမှာ သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပတ်သတ်တဲ့ ကောလဟလ သတင်းအမှားတွေကို မကြာခန ဖြန့်ဝေနေတာ ရှိပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားခဲ့ပါသေးတယ်။


သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

Related Stories