
သရုပ်ဆောင် အိန္ဒြာကျော်ဇင် ကွယ်လွန်တယ်ဆိုတဲ့ သတင်းအမှား
မင်းသမီးအိန္ဒြာကျော်ဇင်ဟာ ထောင်တွင်းက ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံမှာ ကွယ်လွန်သွားတယ်ဆိုတဲ့အကြောင်းအရာတွေကို လူမှုကွန်ရက်မှာဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။

ဒီအကြောင်းအရာကို ဇွန်လ ၁၉ ရက်နေ့က စတင် ဖြန့်ဝေနေတာဖြစ်ပြီးမင်းသမီးအိန္ဒြာကျော်ဇင် ထောင်တွင်းက ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံမှာ ကွယ်လွန်တယ်လို့ ရေးသားကာ အသုဘယာဉ်တစ်စီးရှေ့မှာ မင်းသမီးရဲ့ ဓါတ်ပုံကပ်ထားတဲ့ ပုံကိုအသုံးပြုပြီး ရေးသားဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
သရုပ်ဆောင် အိန္ဒြာကျော်ဇင် ကွယ်လွန်တယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။ သူမကွယ်လွန်တဲ့ သတင်းအမှားကို ပြီးခဲ့တဲ့ မေလ ၁၀ ရက်ဝန်းကျင်မှာလည်း ဖြန့်ဝေခဲ့ကြပါသေးတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။ဒီသတင်းနဲ့ ပတ်သတ်ပြီး ယုံကြည်စိတ်ချရတဲ့ မည်သည့် သတင်းဌာနတွေမှာမှ ဖော်ပြထားခြင်းမရှိတဲ့အပြင် အိန္ဒြာကျော်ဇင်ရဲ့ Fan Page ဖြစ်တဲ့ Pathy Pathy Eaindra Kyaw Zin Crazy မှာ ရေးသားဖော်ပြထားတာ မရှိသလို အိန္ဒြာကျော်ဇင်ရဲ့ အမဖြစ်သူ Ei Kyaw Zin ရဲ့ ဖေစ့်ဘွတ်အကောင့်မှာလည်း ရေးသားထားတာ မရှိပါဘူး။
အိန္ဒြာကျော်ဇင်အနေနဲ့ facebook, instagram စတဲ့ ဆိုရှယ် မီဒီယာအကောင့်တွေကို လက်ရှိအချိန်ထိ အသုံးပြုခြင်းမရှိပေမယ့် Pathy Pathy Eaindra Kyaw Zin Crazy ဆိုတဲ့ Fan Page မှာ သူမရဲ့ အနုပညာလှုပ်ရှားမှုသတင်းတွေ တင်ပေးလေ့ရှိတာ တွေ့ရပါတယ်။
ဒီလအစောပိုင်းကလည်း မင်းသမီးအိန္ဒြာကျော်ဇင် အနေနဲ့ အနုပညာအလုပ်တွေ ဆက်လက်မလုပ်ကိုင်တော့ဘူးဆိုပြီး သတင်းအမှားဖြန့်ဝေခဲ့တဲ့အတွက် သူမရဲ့ အမဖြစ်သူက Ei Kyaw Zin ဖေစ့်ဘွတ်အကောင့်ကနေ သတင်းအမှားနဲ့ ပတ်သတ်ပြီး ပြန်လည်ဖြေရှင်းခဲ့ရပါသေးတယ်။
ပြန်လည်ဖြေရှင်းထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။
သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာ အာဏာသိမ်းမှု နဲ့ စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် စစ်ကောင်စီက ခင်ပွန်းသည်နဲ့အတူ ဥပဒေပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးထောင်ချခံခဲ့ရပြီး မတ်လအတွင်းက ကင်းလွတ်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
Claim : မင်းသမီးအိန္ဒြာကျော်ဇင် ထောင်တွင်းက ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံမှာ ကွယ်လွန်
Claimed By : Facebook, Website
Fact Check : False
Next Story