HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

NCA လက်မှတ် ထိုးမထားတဲ့အဖွဲ့တွေက စစ်ကြေညာတယ်ဆိုတာမဟုတ်ပါ

တစ်နိုင်ငံလုံး ပစ်ခတ်ခိုက်တိုက်မှု ရပ်ဆိုင်းရေး သဘောတူညီချက် (NCA) မှာ လက်မှတ်ထိုးမထားတဲ့ လက်နက်ကိုင် ၇ ဖွဲ့ပါဝင်တဲ့ FPNCC အဖွဲ့က စစ်ကြောညာလိုက်ပြီဆိုပြီး ရေးသားဖြန့်ဝေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar | 17 May 2025 9:17 AM IST

ဒီအကြောင်းအရာကို Khit Thit Television ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၁၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'FPNCC စစ်ကြေညာလိုက်ပြီ။ NCA အပစ်ရပ်မထိုးထားတဲ့ FPNCC အဖွဲ့ စစ်ကြေညာလိုက်ပြီ။ ဗမာပြည်မထဲ အကုန်ဆင်းပြီ။ KIA၊ TNLA၊ SSA ပူးပေါင်းပြီ' လို့ ရေးသားထား တာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

NCA မှာ လက်မှတ် ထိုးမထားတဲ့ FPNCC အဖွဲ့တွေ စစ်ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ People's Spring သတင်းဌာနမှာ မေလ ၁၄ ရက်နေ့က ဖော်ပြထားတဲ့ 'KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဂမ်ရှောင်ဦးဆောင်ပြီး မဟာမိတ်များနှင့်​ တွေ့ဆုံ​ဆွေး​နွေး' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

သတင်းထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဂွမ်ထန်ဂမ်ရှောင် ဦးဆောင်တဲ့ KIO ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီလကုန်ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ၀ ဒေသတွေကို သွားရောက်ပြီး မဟာမိတ်တပ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်း ရေးသားထားတာပါ။

ဒီသတင်းထဲမှာ NCA မှာ လက်မှတ် ထိုးမထားတဲ့ FPNCC အဖွဲ့တွေ စစ်ကြေညာတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

People's Spring သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories