HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ထိုင်းနိုင်ငံမှာ မြန်မာတွေထွက်သွား ဆိုတဲ့ ဗင်နိုင်းကိုင်ပြီး ဆန္ဒပြနေသလား

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့မှာ ထိုင်းမျိုးချစ်အဖွဲ့လို့ လူသိများတဲ့အဖွဲ့က မြန်မာတချို့ကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့စဉ်က ပုံတွေကို အသုံးပြုပြီး ထိုင်းတွေက 'မြန်မာတွေ ထွက်သွား' ဆိုပြီး ဆိုင်းဘုတ်တွေကိုင် ဆန္ဒပြနေတယ်သယောင် လုပ်ကြံဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar | 26 Jan 2026 6:02 PM IST

ဒီအကြောင်းအရာကို Godigital ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ထိုင်းနိုင်ငံ အလံတွေ ခေါင်းမှာစည်းထားတဲ့ လူအချို့က မြန်မာ-ထိုင်း နှစ်ဘာသာနဲ့ ရေးသားထားတဲ့ 'မြန်မာတွေ ထွက်သွား' ဆိုတဲ့ ဗင်နိုင်းကိုင်ဆောင် ဆန္ဒပြနေတဲ့ ပုံကို အသုံးပြုထားပါတယ်။

ပိုစ့်မှာ ရေးသားထားတာကတော့ ထိုင်းနိုင်ငံ၊ အယုဒ္ဓယမှာ မြန်မာနဲ့ ထိုင်းနိုင်ငံသားတို့ ယာဉ်မောင်းရင်း ပြဿနာဖြစ်ပွားရာမှ “တေ့အာချီဝ” (အများအခေါ် နှုတ်ခမ်းမွေး) ခေါင်းဆောင်တဲ့ ထိုင်းမျိုးချစ်အဖွဲ့က မြန်မာအများစုနေထိုင်တဲ့ ရပ်ကွက်တွေအတွင်း ဝင်ရောက် ခြိမ်းခြောက် အနိုင်ကျင့်တဲ့ ဖြစ်စဉ်အကြောင်း ရေးသားထားပါတယ်။

ဖြန့်ဝေမှုမတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

မြန်မာတွေထွက်သွား ဆိုပြီး ဆိုင်းဘုတ်ကိုင် ဆန္ဒပြနေတဲ့ ပုံကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့ အခါ လုပ်ကြံဖန်တီးထားတဲ့ ဓာတ်ပုံ ဖြစ်တာကို တွေ့ရပါတယ်။

စတင်ဖြန့်ဝေခဲ့တဲ့ ပိုစ့်ပါပုံမှာ 'ရုပ်ပုံ-AI' လို့ စာတမ်းရေးထိုးထားတယ်ဆိုပေမယ့် ဒါဟာ ပုံကို edit ပြီးပြန်တင်တာလားဆိုတာ မသိရတဲ့အပြင် လက်ရှိ ထိုင်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေအရ ဒီလိုပုံတွေဟာ လူမျိုးရေး မုန်းတီးမှု ပိုမိုဖြစ်ပွားစေနိုင်ပါတယ်။

ဒါ့အပြင် ဒီပိုစ့်မှာ အသုံးပြုထားတဲ့ ပုံကို ပြန်လည်ဖြန့်ဝေသူတွေက ထပ်မံပြုပြင်လိုက်တဲ့အတွက် 'ရုပ်ပုံ-AI' ဆိုတဲ့ စာတမ်းလည်း ပျောက်သွားပြီး လူမှုမီဒီယာပေါ်မှာ အမုန်းပွားမှုတွေ ပိုမိုပြင်းထန်လာစေပါတယ်။


ပြီးခဲ့တဲ့ ၁၉ ရက်နေ့ကလည်း နှုတ်ခမ်းမွှေးခေါင်းဆောင်တဲ့ ထိုင်းမျိုးချစ်အဖွဲက အယုဒ္ဓယခရိုင်၊ ဘန်ပအင်မြို့၊ ဆင်ထိဝါးရပ်ကွက်ထဲက မြန်မာတွေကို သွားရောက်အင်အားပြ ရိုက်နှက် ခြိမ်းခြောက် သတိပေးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

လတ်တလော ထိုင်းနိုင်ငံအတွင်းမှာ မြန်မာနဲ့ ထိုင်းလူမျိုးအချို့ ခိုက်ရန်ဖြစ်ပွားပြီးနောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ အနေအထိုင်ဆင်ခြင်ဖို့ လူမှုကွန်ရက်မှာ သတိပေးနေကြပါတယ်။

Tags:

Related Stories