HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အယုဒ္ဓယမြို့မှာ ထိုင်းလူငယ်အချို့ ဝိုင်းရိုက်လို့ မြန်မာလုပ်သား တစ်ဦးသေဆုံးတယ်ဆိုတဲ့ သတင်းအမှား

ထိုင်းနိုင်ငံ အယုဒ္ဓယမြို့မှာ ဇန်နဝါရီ ၂၂ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဝိုင်းဝန်းရိုက်နှက်ခံရမှုအတွင်း အလုပ်က ပြန်လာတဲ့ မြန်မာလုပ်သားတစ်ဦး သေဆုံးခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 26 Jan 2026 8:27 PM IST

ဒီအကြောင်းအရာကို Soe Lin-vlog ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီ ၂၂ ရက်နေ့ ညပိုင်း ၉ နာရီ ဝန်းကျင်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ လူတစ်ဦး လဲကျနေတဲ့ ဗီဒီယို screenshot ပုံ အချို့နဲ့အတူ 'အာယုထယာတွင် နှုတ်ခမ်းမွှေးရှိသော လူငယ်အုပ်စု ဝိုင်းရိုက်မှုကြောင့် မြန်မာလုပ်သား တစ်ဦး သေဆုံး။ ထိုင်းနိုင်ငံ အာယုထယာခရိုင်မှာ ဒီနေ့ည ၉ နာရီကျော်ခန့် အလုပ်ပြီး အိမ်ပြန်လာတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတစ်ဦး နှုတ်ခမ်းမွှေးရှိသော လူငယ်အုပ်စုတစ်စုက ဝိုင်းဝန်း ရိုက်နှက်ခဲ့ခြင်းကြောင့် အသက်ဆုံးရှုံးခဲ့ကြောင်း ကနဦးသတင်းများအရ သိရှိရပါတယ်။ မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ အဆိုပါ လူငယ်အုပ်စုက လမ်းဘေးတွင် အုပ်စုလိုက် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး ဖြစ်စဉ်အပြီးမှာတော့ အခင်းဖြစ်ပွားရာနေရာမှ ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ ဒေသဆိုင်ရာ အာဏာပိုင်များက အမှုဖြစ်ရပ်၏ အကြောင်းရင်းနှင့် ပါဝင်ပတ်သက်သူများကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို အတည်ပြုနေကြောင်း သိရပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့ မြန်မာလုပ်သားများအပေါ် လုံခြုံရေးအန္တရာယ်များ ထပ်မံဖြစ်ပွားလာနေတာကြောင့် ဒေသခံမြန်မာအသိုင်းအဝိုင်းအတွင်း စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။ သေဆုံးသူရဲ့ မိသားစုနဲ့ ထပ်တူ အလွန်အမင်း စိတ်မကောင်းဖြစ်ရပြီး အမှုမှန်ကို တရားမျှတစွာ ဖော်ထုတ်ပြီး ကျူးလွန်သူများကို အရေးယူနိုင်ပါစေ လို့ မျှော်လင့်ပါတယ်' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အယုဒ္ဓယမြို့မှာ ထိုင်းလူငယ်အချို့ ဝိုင်းရိုက်လို့ မြန်မာလုပ်သား တစ်ဦးသေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လူမျိုးရေးပဋိပက္ခ ဖြစ်အောင် တမင်လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ရက် ညပိုင်းက အယုဒ္ဓယမြို့မှာ မြန်မာတစ်ဦးနဲ့ ထိုင်းလူမျိုးတစ်ဦးတို့ ယာဉ်မောင်းရင်း ပြဿနာဖြစ်ပွားတာက စတင်ပြီး နှုတ်ခမ်းမွေး လို့ လူသိများတဲ့ ထိုင်းမျိုးချစ်အဖွဲ့ ခေါင်းဆောင်က ဦးဆောင်ပြီး ထိုင်းအမျိုးသားရေးအစွန်းရောက် ၄၀ ခန့်က ဆိုင်ကယ်တွေနဲ့ ပတ်ပြီး အယုဒ္ဓယမြို့ရှိ မြန်မာလုပ်သားတွေ နေထိုင်ရာ တန်းလျားတွေနဲ့ လမ်းမနေရာတွေမှာ မြန်မာလုပ်သားတွေကို လိုက်လံရှာဖွေပြီး အကြမ်းဖက်ရိုက်နှက်ခဲ့ကြတာတွေ ရှိခဲ့ပါတယ်။

အကြမ်းဖက် ရိုက်နှက်မှုအတွင်း အနည်းဆုံး မြန်မာလုပ်သား ၃၀ လောက် ရိုက်နှက်ခံရတယ်လို့ သတင်းဌာနအချို့မှာ ဖော်ပြထားတာ ရှိပြီး အကြမ်းဖက်နေတဲ့ ရုပ်သံဖိုင်တွေလည်း လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေပါတယ်။

လတ်တလောမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အတွက် ကြားဝင်ညှိနှိုင်းဖြေရှင်းပေးမယ့် အဖွဲ့အစည်းတွေ လိုအပ်နေပြီး ရိုက်နှက်မှုကြောင့် ထိခိုက်ဒဏ်ရာရ ထားတဲ့သူတွေကလည်း တရားမျှတမှုအတွက် တောင်းဆိုနေကြတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။

ဒါပေမယ့် ဒီလိုအကြမ်းဖက်မှုအတွင်း မြန်မာလုပ်သားတစ်ဦး သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာ မရှိပါဘူး။

လက်ရှိဖြန့်ဝေနေတာတွေဟာ ဇန်နဝါရီ ၁၃ ရက်ညက ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်ထဲမှာ ဖြစ်ပွားခဲ့တဲ့ မြန်မာလုပ်သားချင်း ဓားနဲ့ခုတ်ခဲ့တဲ့ မြန်မာလူငယ် ၃ ယောက်ကို ဖမ်းဆီးရမိတဲ့ သတင်းကို ပုံဖျက်ပြီး အယုဒ္ဓယမြို့မှာ မြန်မာလုပ်သားတစ်ဦး ထိုင်းလူငယ်တွေ ဝိုင်းရိုက်လို့ သေဆုံးတယ်ဆိုပြီး လုပ်ကြံရေးသားထားတာပဲ ဖြစ်ပါတယ်။

မြန်မာလုပ်သားချင်း ဓားနဲ့ခုတ်ခဲ့တဲ့ မြန်မာလူငယ် ၃ ယောက်ကို ဖမ်းဆီးရမိတဲ့ အကြောင်းအရာကို သတင်းဌာနတွေမှာ ဇန်နဝါရီ ၂၂ ရက်နေ့မှာ ဖော်ပြခဲ့ကြတာပါ။


သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

လက်တလော ထိုင်းနိုင်ငံမှာဖြစ်ပွားနေတာတွေဟာ စစ်ကောင်စီ လက်ချက်မကင်းကြောင်းနဲ့ မြန်မာလုပ်သားတွေကို ပုံဖျက်ချင်တဲ့ သဘောလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနဲ့ အလုပ်သမားဒုဝန်ကြီး ဦးကျော်နီနဲ့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောကြားထားပါတယ်။

Tags:

Related Stories