HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့ ထောင်ဒဏ်က လွတ်မြောက်လာပြီဆိုတဲ့ သတင်းအမှား

လက်ရှိ စစ်ကော်မရှင်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူတွေကို အမှုပိတ်သိမ်းပြီး ပြန်လွှတ်ပေးတဲ့အထဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့လည်း လွတ်လာပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 28 Nov 2025 3:27 PM IST

ဒီအကြောင်းအရာကို Media TV ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဒေါ်စု ကို အပြင်ထုတ်ကြပြီ။ ၂၇ရက်နေ့ ထူးပြီ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့် လွတ်လာတဲ့ သတင်းကြောင့် တစ်နိုင်ငံလုံး ပြည်သူတွေ သွားကြိုနေကြပြီ' လို့ ရေးသားထားပါတယ်။

ဗီဒီယိုရဲ့ Thumbnail မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ထောင်တံခါးက ထွက်လာတဲ့ ပုံကို AI နဲ့ ဖန်တီးထည့်သွင်းပြီး လူစိတ်ဝင်စားအောင် ပြုလုပ်ထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့ ထောင်ဒဏ်က လွတ်မြောက်လာပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ Khit Thit Media မှာ နိုဝင်ဘာ ၂၇ ရက်နေ့က ဖော်ပြထားတဲ့ 'မြန်မာစစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို အမေရိကန်အစိုးရက ပြတ်ပြတ်သားသားပယ်ချရန် အမေရိကန် လွှတ်တော် နှစ်ရပ်စလုံးမှ နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌများနှင့်လွှတ်တော်အမတ်များက တောင်းဆို' ဆိုတဲ့ သတင်းကို အခြေခံပြီး နောက်ခံ စကားပြောနဲ့ ပြန်လည်ပြောဆို ထားတာသာ ဖြစ်ပါတယ်။

သတင်းထဲမှာ မြန်မာအကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို အမေရိကန်အစိုးရက ပြတ်ပြတ်သားသား ပယ်ချဖို့ အမေရိကန် လွှတ်တော် နှစ်ရပ်စလုံးက နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌတွေနဲ့ လွှတ်တော်အမတ်တွေက ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တဲ့ အကြောင်း ရေးသားထားတာပါ။

ဒီသတင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့ ထောင်ဒဏ်က လွတ်မြောက်လာပြီဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းတွေနဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။

Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီကစလို့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူတွေ၊ အမှုဖွင့်ခံထားရသူတွေ အပါအဝင် အဲဒီပုဒ်မနဲ့ ဖမ်းဝရမ်းထုတ်လို့ ထွက်ပြေးတိမ်းရှောင်နေရသူတွေကို စစ်တပ်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ) က အမှုပိတ်သိမ်းကြောင်း နိုဝင်ဘာ ၂၆ ရက်က ကြေညာခဲ့ပေမယ့် ဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ လွတ်မြောက်ခဲ့တာ မရှိပါဘူး။

ပုဒ်မ ၅၀၅ - က နဲ့ ရန်ကုန်မြို့ အင်းစိန်ထောင်မှာ အကျဉ်းချထိန်းသိမ်းခံထားရတဲ့သူတွေကို နိုဝင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက ပြန်လွှတ်ပေးလိုက်ခဲ့တာ အယောက် ၂၀၀ ဝန်းကျင်ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories