HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

PDF တွေကို ချေမှုန်းဖို့ အာဆီယံ ၉ နိုင်ငံက လက်မှတ်ရေးထိုးတယ်ဆိုတဲ့ သတင်းအတု

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေထဲက ၉ နိုင်ငံက အကြမ်းဖက်အဖွဲ့အဖြစ် လက်မှတ်ရေးထိုးထားပြီး ချေမှုန်းတော့မယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 6 May 2022 9:20 AM GMT

အဆိုပါ သတင်းအမှားကိုမေလ ဆန်းပိုင်းမှာ ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာနဲ့ လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေနေကြတာ ဖြစ်ပြီး သတင်းအမှားထဲမှာ "နိုင်ငံ ၉ နိုင်ငံပါဝင်တဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ PDF အဖွဲ့အားအကြမ်းဖက်အဖြစ် လက်မှတ် ရေးထိုး သဘောတူပြီးဖြစ်ပါသဖြင့် အာစီယံ အကြမ်းဖက်ဥပဒေနဲ့ပါ ထပ်မံငြိစွန်းခဲ့ပြီး ၎င်း အကြမ်းဖက်များအား ရှာဖွေဖမ်းဆီးရန် ဝရမ်းအမိန့်ကို မြန်မာနိုင်ငံ နိုင်ငံတော်ဝန်ကြီးချူပ် လက်မှတ်ရေးထိုး၍ ပေးပို့ခဲ့ပါပြီ။ ယခုရှာဖွေရှင်းလင်းရန် စစ်ဆင်ရေးစီမံကိန်းရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်တော့မည် ဖြစ်ပါကြောင်း PDF အကြမ်းဖက်ကို အပြီးသတ် ချေမှုန်းဖို့ ဥပဒေပြု လက်မှတ်ရေးထိုးနိုင်ခဲ့ပြီ" လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။ အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ကူးယူဖော်ပြခြင်း ထပ်ဆင့်ဝေမျှခြင်းတွေ ပြုလုပ်နေကြပါတယ်။

သတင်းဆန်းစစ်ချက်

PDF တွေကို အာဆီယံ ၉ နိုင်ငံက အကြမ်းဖက်အဖွဲ့အဖြစ်လက်မှတ်ရေးထိုးပြီး ရှင်းလင်းတော့မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဒီသတင်းအမှားဟာ ယမန်နှစ် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ဖြန့်ဝေခဲ့တဲ့ သတင်းအမှားတစ်ပုဒ်ဖြစ်ပြီး ဒီရက်ပိုင်းအတွင်းမှာ ပြန်လည်ဖြန့်ဝေလာတာ ဖြစ်ပါတယ်။ ယမန်နှစ်က ဖြန့်ဝေခဲ့တဲ့ သတင်းအမှားကို အောက်က Link မှာ ဖတ်ပါ။

အာဆီယံ ၉ နိုင်ငံက PDF ကို အကြမ်းဖက်အဖွဲ့အဖြစ် လက်မှတ်ရေးထိုးတယ် ဆိုတဲ့ သတင်းအတု

အာဆီယံနိုင်ငံတွေထဲမှာ NUG အစိုးရဟာ မလေးရှားနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကာ အလွတ်သဘော တွေ့ဆုံထားမှုလည်း ရှိပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ NUG အစိုးရနဲ့ အာဆီယံနိုင်ငံတွေ ဆွေးနွေးဖို့ မလေးရှားနိုင်ငံကတောင်းဆိုခဲ့ပါတယ်။ ဒီလို တောင်းဆိုချက် ထွက်ပေါ်လာချိန်မှာ ဒီသတင်းအမှားကို ထပ်မံ ဖြန့်ဝေလာကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီကလည်း NUG နဲ့ အာဆီယံတွေဆုံဖို့ မလေးရှားနိုင်ငံရဲ့ တောင်းဆိုချက်ကို ကန့်ကွက်ခဲ့ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ APHR ကလည်း အာဆီယံနိုင်ငံတွေနဲ့ NUG အစိုးရ အမြန်ဆုံး တရားဝင် ဆွေးနွေးဖို့ တိုက်တွန်းထားပါတယ်။

မလေးရှားနိုင်ငံနဲ့ APHR တို့ရဲ့ တောင်းဆိုချက်နဲ့ စစ်ကောင်စီက ကန့်ကွက်ထားတဲ့အကြောင်း သတင်းကို ဒီနေရာ မှာဖတ်ပါ။


Related Stories