BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အာဆီယံ ၉ နိုင်ငံက PDF ကို...
သတင်းအတု

အာဆီယံ ၉ နိုင်ငံက PDF ကို အကြမ်းဖက်အဖွဲ့အဖြစ် လက်မှတ်ရေးထိုးတယ် ဆိုတဲ့ သတင်းအတု

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို အာဆီယံ ၉ နိုင်ငံက အကြမ်းဖက်အဖွဲ့အဖြစ် လက်မှတ်ရေးထိုးထားတယ် ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ဒီရက်ပိုင်းအတွင်း ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  7 Sept 2021 6:45 PM IST
  • အာဆီယံ ၉ နိုင်ငံက PDF ကို အကြမ်းဖက်အဖွဲ့အဖြစ် လက်မှတ်ရေးထိုးတယ် ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုပေါင်းများစွာနဲ့ ဖြန့်ဝေထားတာဖြစ်ပြီး အဲ့ဒီ သတင်းအမှားထဲမှာ "နိုင်ငံ ၉ နိုင်ငံပါဝင်တဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ PDF အဖွဲ့အားအကြမ်းဖက်အဖြစ် လက်မှတ် ရေးထိုး သဘောတူပြီးဖြစ်ပါသဖြင့် အာစီယံ အကြမ်းဖက်ဥပဒေနဲ့ပါ ထပ်မံငြိစွန်းခဲ့ပြီး ၎င်း အကြမ်းဖက်များအား ရှာဖွေဖမ်းဆီးရန် ဝရမ်းအမိန့်ကို မြန်မာနိုင်ငံ နိုင်ငံတော်ဝန်ကြီးချူပ် လက်မှတ်ရေးထိုး၍ ပေးပို့ခဲ့ပါပြီ။ ယခုရှာဖွေရှင်းလင်းရန် စစ်ဆင်ရေးစီမံကိန်းရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်တော့မည် ဖြစ်ပါကြောင်း PDF အကြမ်းဖက်ကို အပြီးသတ် ချေမှုန်းဖို့ ဥပဒေပြု လက်မှတ်ရေးထိုးနိုင်ခဲ့ပြီ" လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ် ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာနဲ့ ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အာဆီယံ ၉ နိုင်ငံက အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ထားတဲ့ သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။

    အာဆီယံနိုင်ငံတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အကြမ်းအဖက်အဖွဲ့အဖြစ် ကြေငြာထားခြင်းမရှိသလို မည်သည့် သတင်းဌာနကမှ အဆိုပါ အကြောင်းအရာကို သတင်းထုတ်ပြန်ထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားကြတဲ့ သတင်းအမှားတွေသာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ဩဂုတ်လခန့်ကလည်း စစ်ကောင်စီထောက်ခံသူတွေက အဆိုပါ သတင်းအမှားမျိုးတစ်ကြိမ်ဖြန့်ခဲ့ဖူးပါတယ်။ ဩဂုတ်လက ဖြန့်ခဲ့တဲ့ သတင်းအမှားထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အာဆီယံနိုင်ငံတွေနဲ့ မဟာမိတ် ၈ နိုင်ငံ ပူးပေါင်းတိုက်ခိုက်မယ်လို့ ဖြန့်ထားခဲ့တာ ဖြစ်ပါတယ်။

    ဩဂုတ်လက ထွက်ပေါ်ခဲ့တဲ့ သတင်းအမှားကို အောက်ပါ link မှာ ဖတ်နိုင်ပါတယ်။

    NUG နဲ့ CRPH နဲ့ တခြားအဖွဲ့တွေကို ပူးပေါင်းတိုက်ထုတ်ဖို့ အာဆီယံမှာ သဘောတူတယ်ဆိုတဲ့ သတင်းအမှား

    ဒီရက်ပိုင်းအတွင်းမှာတော့ အာဆီယံအထူး သံတမန်က စစ်ကောင်စီခန့်အပ်ထားတ့​ြ နိုင်ငံခြားရေးရာဝန်ကြီး ဝဏ္ဏမောင်လွင်ကို ၄ လတာ အပစ်ရပ်ဖို့ Online ဆွေးနွေးပွဲမှာ တောင်းဆိုခဲ့ပြီး စစ်ကောင်စီက Online မှာတော့ လက်ခံခဲ့ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားဒေသတွေမှာတော့ စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။





    Tags

    Fake newsASEAN countriesPDFterrorist groupCoupMilitaryသတင်းအတုစစ်ကောင်စီ
    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!