HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

NUG ၊ CRPH နဲ့ PDF တို့ကိုအသိအမှတ်မပြုဘူးလို့ ဒေါ်စု ပြောမထားပါ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NUG ၊ CRPH နဲ့ PDF တို့ကို အသိအမှတ်မပြုဘူးလို့ပြောတယ်ဆိုတဲ့အကြောင်းအရာကို လူမှုကွန်ရက်အကောင့်တွေကနေရေးသားဖြန့်ဝေမှုတွေပေါ်ထွက်ခဲ့ပါတယ်။

By - Boom Live Myanmar | 10 May 2022 3:23 PM GMT

အဆိုပါ သတင်းအမှားကို မေလ လဆန်းပိုင်းမှာ စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားထဲမှာ "ဒေါ်စုကြည်၏ ယနေ့ပြောစကား၊ CRPH ရှိပြီးသားကို ဘာလို့ NUG အဖွဲ့ PDF အဖွဲ့ထပ်ဖွဲ့နေရတာလဲ NLD ထိပ်ပိုင်းတွေအထဲရောက်နေသဖြင့် NLD လိုဂို NLD တံဆိပ်တုံးသုံးပြီးမည်သူမှ အမိန့်မထုတ်ရ သူတို့ပြန်မလာမချင်းမည်သူမှ ပြောဆိုရေးသား အမိန့်ထုတ်ခွင့်မရှိပါတီအတွက်မလုပ်ရဟု CRPH NUG PDF ကို ဒေါ်စုကြည်မှ အသိအမှတ်မပြုလက်မခံကြောင်း ပြောကြားလိုက်ပါသည်" (အသုံးအနှုန်း မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ် ထပ်ဆင့်ဝေမျှခြင်း ကူးယူဖော်ပြခြင်းတွေရှိခဲ့ပါတယ်။

သတင်းဆန်းစစ်ချက်

ဒေါ်အောင်ဆန်းစုကြည်က NUG ၊ CRPH နဲ့ PDF တို့ကို အသိအမှတ်မပြုဘူးလို့ ရေးထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဒီသတင်းအမှားဟာ မေလ ၉ ရက်နေ့မှာ စစ်ကောင်စီက တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းဖိတ်ခေါ်နေတဲ့အချိန်ကို ရည်ရွယ်ပြီး ဖြန့်ထားတာ ဖြစ်ပါတယ်။ တချို့ရေးသားဖြန့်ဝေမှုတွေမှာ May 9 မှာ စစ်တပ်နဲ့ EAOs/EROs တွေ ပေါင်းပြီး PDF တွေကို အကုန်ရှင်းတော့မယ်လို့ အခုသတင်းအမှားနဲ့အတူ ဖြန့်ဝေနေမှုတွေလည်း တွေ့ရပါတယ်။

NUG၊ CRPH နဲ့ PDF အဖွဲ့တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုအချိန်ထိ မှတ်ချက် တစ်စုံတစ်ရာ ပြောဆိုထားခြင်းမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ပြောတယ်ဆိုတဲ့ သတင်းအမှားတွေကို စစ်ကောင်စီ ထောက်ခံသူတွေက မကြာခဏ ရေးသားဖြန့်ဝေလေ့ရှိကြပါတယ်။ ယခင်ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းအမှားကို အောက်ပါ Link မှာ ဖတ်ပါ။

NUG လုပ်ရပ်တွေအပေါ် ဒေါ်စုမှတ်ချက်ပြုမထားပါ


ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတွေဟာ တရားရုံးထုတ်သတင်းတွေ အမိန့်ချမှတ်ခံရတဲ့ သတင်းတွေကလွဲပြီး တစ်ခြားမည်သည့် သတင်းကိုမှာ မကြားရပါဘူး။ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ရှိပေမယ့် ရှေ့နေတွေကို အင်တာဗျူးမဖြေဖို့ တစ်စုံတစ်ရာ ဖြန့်ဝေရေးသားခြင်း မပြုဖို့ စစ်ကောင်စီက ခြိမ်းခြောက်ထားပါတယ်။ အမိန့်ချမှတ်ခံရတဲ့အချိန်တွေ၊ တရားလိုပြသက်သေ စစ်ဆေးတဲ့ အကြောင်းအရာမျိုးကိုသာ ကြားသိရလေ့ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရုံးချိန်းနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာဖတ်ပါ။



 


Related Stories