HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ရန်ကုန်မှာ စစ်ကောင်စီဆန့်ကျင်ရေး မြေအောက်လှုပ်ရှားသူ ၅၈ ဦးဖမ်းမိတယ်ဆိုတဲ့ သတင်းအတု

ရန်ကုန်မှာ စစ်ကောင်စီဆန့်ကျင်ရေး မြေအောက်လှုပ်ရှားသူ ၅၈ ဦး ဖမ်းမိတယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 6 Dec 2023 3:56 PM GMT

အဆိုပါ သတင်းအတုကို နိုဝင်ဘာလ ၂၈ ရက်နေ့က Myanmar National Post ဆိုတဲ့ တယ်လီဂရမ်ချန်နယ်တွေကတဆင့် လူမှုကွန်ယက်ပေါ် ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ မြောက်ဒဂုံ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ကိုနန်းလင်းရဲ့ ဓါတ်ပုံကို အသုံးပြုထားပါတယ်။ ဒီ သတင်းအမှားရဲ့ ခေါင်းစဉ်မှာတော့ “ရန်ကုန်မြို့တွင် အကြမ်းဖက်လှုံ့ဆော် မြေအောက်လှုပ်ရှားမှု ပြုလုပ်နေသူ (၅၈) ဦး ဖမ်းဆီးရမိ” ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ ရန်ကုန်မြို့မှာ NUG၊ CRPH အဖွဲ့တွေအတွက် ပြည်သူလူထုကြားလှုံ့ဆော်မှု ပြုလုပ်သူ ၅၈ ဦးကို ဖမ်းဆီးရမိကြောင်း၊ ပြည်ပက မြေအောက်လှုပ်ရှားသူတွေကလည်း ဖမ်းဆီးခံရတဲ့အခြေအနေကို ရေးသားမှု ပြုလုပ်လျှက်ရှိကြောင်း၊ NLD က မြေအောက်လှုပ်ရှားသူ နန်းလင်းဦးဆောင်တဲ့ (၇) ဦးဟာ စျေးသည်တွေကြားမှာ အကြမ်းဖက်လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် အဆိုပါ ပျံကျစျေးကို ဖယ်ရှားကာ မြေအောက်လှုပ်ရှားသူတွေကို ဖော်ထုတ် ထိန်းသိမ်းခဲ့တာလို့ ဖော်ပြထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

သတင်းဆန်းစစ်ချက်

ရန်ကုန်မှာ စစ်ကောင်စီဆန့်ကျင်ရေး မြေအောက်လှုပ်ရှားသူ ၅၈ ဦး ဖမ်းမိတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကိုနန်းလင်း ဦးဆောင်ပြီး မြောက်ဒဂုံမြို့နယ်က စျေးတစ်ခုမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲအပြီး နောက်ရက်မှာ စစ်တပ်က အဆိုပါ စျေးလမ်းထဲက ဆိုင်တွေကို လာရောက် ဖျက်ဆီးသွားခဲ့ပြီး ဆန္ဒပြတဲ့သူတွေကို အပူတပြင်း လိုက်လံရှာဖွေခဲ့ပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့ နောက်ပိုင်းမှာ ရန်ကုန်မြို့မှာ လမ်းသွားလမ်းလာတွေကို ဖုန်းကို ယူစစ်ပြီး ငွေညှစ်တာတွေ၊ ညဘက်ဧည့်စာရင်း ဝင်စစ်တာတွေ ဆက်တိုက်ပြုလုပ်ပြီး ဧည့်စာရင်းမတိုင်တဲ့သူတွေကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် စစ်ကောင်စီဘက်က ဝါဒဖြန့်သလို ဒီရက်ပိုင်းထဲ UG လောက ထဲကသူတွေ ဖမ်းဆီးခံရခြင်းမရှိဘူးလို့ လက်ရှိလှုပ်ရှားနေသူထဲက တစ်ဦးက Boom ကို အတည်ပြုပါတယ်။ ဒီသတင်းအမှား မထွက်ခင်မှာ ကိုနန်းလင်း ဖမ်းခံရတယ်ဆိုတဲ့ သတင်းအမှားလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။ ကိုနန်းလင်း ဖမ်းခံရတယ်လို့ ဖြန့်ထားတဲ့အကြောင်း Boom က စစ်ဆေးထားတဲ့ သတင်းကို အောက်ပါ Link မှာ ဖတ်ပါ။

မြောက်ဒဂုံ ဆန္ဒပြပွဲ ဦးဆောင်သူ ကိုနန်းလင်း ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းအမှား

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ၊ မည်သူမည်ဝါမှန်းဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်

Related Stories