BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြောက်ဒဂုံ ဆန္ဒပြပွဲ ဦးဆောင်သူ...
သတင်းအတု

မြောက်ဒဂုံ ဆန္ဒပြပွဲ ဦးဆောင်သူ ကိုနန်းလင်း ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းအမှား

မြောက်ဒဂုံမြို့နယ် ၄၀စျေးမှာ ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဦးဆောင်သူ သပိတ်ခေါင်းဆောင် ကိုနန်းလင်းကို ဖမ်းဆီးရမိပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 Nov 2023 8:29 AM IST
  • မြောက်ဒဂုံ ဆန္ဒပြပွဲ ဦးဆောင်သူ ကိုနန်းလင်း ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်အကောင့်နဲ့ ပေချ့်တွေမှာ နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေ နေတာဖြစ်ပြီး ယနေ့အထိ ဆက်လက်ဖြန့်ဝေနေပါတယ်။

    ဖြန့်ဝေရာမှာ 'မြောက်ဒဂုံ ဆန္ဒပြခေါင်းဆောင် နန်းလင်းအား ဖမ်းဆီးရမိ။ မိတ်ကပ်လှလှလေး လိမ်းပေးနေတဲ့ ရဲဘော်လေးကို "ဆရာရယ် မလုပ်ပါနဲ့" လို့ ငယ်သံပါနဲ့ လက်အုပ်ချီ တောင်းပန်နေကြောင်း ကြားသိရ' လို့ ရေးသာ ဖြန့်ဝေနေတာပါ။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်တပ်ထောက်ခံသူတွေ အကြိုက် လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းမှားသာ ဖြစ်ပါတယ်။

    ဒီသတင်းမှားကို စတင်ဖြန့်ဝေနေတာ နိုဝင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းက ဖြစ်ပြီး ဆန္ဒပြပွဲမှာ ပါဝင်သူ ကိုနန်းလင်းရဲ့ တရားဝင် ဖေစ့်ဘွတ်အကောင့်မှာ နိုဝင်ဘာ ၂၇ ရက် နေ့လည်ကအထိ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ သက်ဆိုင်တဲ့ ပိုစ့်တစ်ခုကို public နဲ့ ဖြန့်ဝေထားတာ တွေ့ရပါသေးတယ်။


    ကိုနန်းလင်းရဲ့ အကောင့်မှာ တင်ထားတဲ့ ပိုစ့်ကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် Burma VJ သတင်းဌာနမှာ ကိုနန်းလင်းနဲ့ အင်တာဗျူးအကြောင်းအရာကို နိုဝင်ဘာ ၂၈ ရက်နေ့ က ဖော်ပြထားပါသေးတယ်။


    Burma VJ သတင်းဌာနမှာ ဖော်ပြထားတဲ့ အင်တာဗျူးကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    လုံခြုံရေး တင်းကျပ်ထားတဲ့ကြားက ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ် ၄၀စျေးမှာ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲပြုလုပ်ခဲ့တဲ့အတွက် သပိတ်ခေါင်းဆောင် ကိုနန်းလင်းနဲ့ ပါဝင်သူတွေကို စစ်တပ်က ပိုက်စိတ်တိုက် ရှာဖွေနေတယ်လို့လည်း သတင်းဌာနတွေမှာ ဖော်ပြနေပါတယ်။

    Tags

    သပိတ်ခေါင်းဆောင်မြောက်ဒဂုံဆန္ဒပြပွဲဖမ်းဆီးခံရဆန္ဒပြပွဲလူထုသပိတ်North Dagon protestစစ်အာဏာရှင်ဆန့်ကျင်ရေးFakenewsဝါဒဖြန့်
    Read Full Article
    Claim :   မြောက်ဒဂုံ ဆန္ဒပြပွဲ ဦးဆောင်သူ ကိုနန်းလင်း ဖမ်းဆီးခံရတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!