BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Bubble Tea သောက်ခြင်းက လူ့အသက်ကို...
သတင်းအတု

Bubble Tea သောက်ခြင်းက လူ့အသက်ကို သေစေနိုင်တယ်ဆိုတဲ့ သတင်းအမှား

နို့လဘရည်ခေါ် Bubble tea ဟာ လူ့အသက်ကို သေစေနိုင်ပြီး ကင်ဆာရောဂါ ဖြစ်ပွားနိုင်တယ်ဆိုပြီး ပြောဆိုဖြန့်ဝေထားတဲ့ ဗီဒီာိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာပြီး ထပ်ဆင့်ဝေမျှသူမြောက်များစွာရှိနေပါတယ်။

By - Boom Live Myanmar |
Published -  28 Feb 2024 6:44 AM IST
  • Bubble Tea သောက်ခြင်းက လူ့အသက်ကို သေစေနိုင်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို TALK Ent ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေထားတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘မြန်မာမှာ လူကြိုက်များနေတဲ့ ဒီဖျော်ရည်ဟာ လူ့အသက်ကိုတောင် သေစေနိုင်တယ်’ လို့ ရေးသားထားတာဖြစ်ပါတယ်။

    ဗီဒီယိုထဲမှာ ‘နို့လဘရည်ခေါ် Bubble tea ဟာ ကြောက်စရာကောင်းကြောင်း၊ ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ တုန်းက မိန်းကလေး တစ်ယောက်ဟာ Bubble Tea ကြောင့် အသက်သေဆုံးခဲ့ရကြောင်း၊ Bubble Tea မှာ မကောင်းတဲ့ ဆိုးကျိုးတွေ ရှိကြောင်း၊ Bubble Tea ဟာ နှလုံးရောဂါ၊ ဦးနှောက်သွေးကြောပိတ်ခြင်း၊ သွေးတိုး အဆစ်ရောင် ရောဂါတွေကို ဖြစ်စေနိုင်တယ်လို့ စက်ာပူနိုင်ငံက ဆေးရုံတစ်ရုံက ထုတ်ပြန်ခဲ့ကြောင်း၊ Bubble Tea တွေမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေပါဝင်ကြောင်း’ တွေကို နောက်ခံစကားပြောနဲ့ ပြောဆိုထားပါတယ်။

    ဗီဒီယိုရဲ့ အဆုံးနားမှာတော့ Bubble Tea ထဲမှာ ပါတဲ့ ကင်ဆာဖြစ်စေတယ်ဆိုတဲ့ ဓာတ်ပစ္စည်းဟာ အန္တရယ်ဖြစ်လောက်တဲ့ ပမာဏ မဟုတ်ကြောင်း၊ အနည်းငယ်သာ ဖြစ်ကြောင်း၊ Bubble Tea သောက်တဲ့သူတွေကို အန္တရယ်ဖြစ်စေတဲ့ နှုန်းကလည်း အတော် နည်းကြောင်းတွေကို ပြန်လည် လျောကျပြောဆိုထားပြန်ပါတယ်။

    ဒါ့အပြင် ဗီဒီယိုရဲ့ အဆုံးမှာတော့ တရုတ်ပြည်က ဆယ်ကျော်သက်ကလေးငယ်တစ်ဦး အစာမချေနိုင်လို့ ဆေးရုံမှာ တက်ရောက်ခွဲစိတ် ခဲ့ရကြောင်း၊ အသက် ၁၉ နှစ်အရွယ် ကလေးတစ်ဦး တစ်ရက်မှာ Bubble Tea နှစ်ခွက်နှုန်း သောက်ခဲ့တဲ့အတွက် ဆီးချိုကိုမာ ဖြစ်သွားခဲ့ရကြောင်း၊ တချို့က Bubble Tea အစေ့တွေကြောင့် လည်ချောင်းမှာ တစ်ဆို့ပြီး အသက်ရှူ ရပ်သွားသလို ဖြစ်ခဲ့ကြောင်း စတဲ့ သက်သေအထောက်အထားမရှိတဲ့ အကြောင်းအရာတွေ ကို ပြောဆိုထားပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    BOOM အနေနဲ့ Bubble tea နဲ့ ပက်သတ်တဲ့ ကောလဟလ သတင်းအမှားတွေကို မကြာခန သတင်းဆန်းစစ်ထားခဲ့ပြီး ဖြစ်ပါတယ်။ာအခုဖြန့်ဝေနေတဲ့ ဗီဒီယိုထဲမှာ ပြောဆိုထားတဲ့ အကြောင်းအရာတွေဟာ ယခင်နှစ်တွေက ပျံ့နှံ့ခဲ့ဖူးတဲ့ ကောလဟလတွေကို ပေါင်းစပ်ပြီး ဗီဒီာိုအဖြစ်ထပ်မံဖြန့်ဝေလာတာဖြစ်ပါတယ်။

    တရုတ်ပြည်က ဆယ်ကျော်သက်ကလေးငယ်တစ်ဦး အစာမချေနိုင်လို့ ဆေးရုံမှာ တက်ရောက်ခွဲစိတ်ခဲ့ရတယ်ဆိုတဲ့ သတင်းမှား၊ Bubble Tea အစေ့တွေကြောင့် လည်ချောင်းမှာ တစ်ဆို့ပြီး အသက်ရှူ ရပ်သွားသလို ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းမှား၊ ကလေးတစ်ဦး တစ်ရက်မှာ Bubble Tea နှစ်ခွက်နှုန်း သောက်ခဲ့တဲ့အတွက် ဆီးချိုကိုမာ ဖြစ်တယ်ဆိုတဲ့ သတင်းအမှားတွေကို BOOM က သတင်းဆန်းစစ်ပြီး ဖြစ်ပါတယ်။


    တရုတ်ပြည်က ဆယ်ကျော်သက်ကလေးငယ်တစ်ဦး အစာမချေနိုင်လို့ ဆေးရုံမှာ တက်ရောက်ခွဲစိတ်ခဲ့ရတယ်ဆိုတဲ့သတင်းဟာလည်း ာခင်ကပျံ့နှံ့ခဲ့ဖူးတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

    Bubble tea မှာပါတဲ့ အသီးလေးတွေကို အများအားဖြင့် ပလောပီနံနဲ့ လုပ်ထားပြီး ပါဝင်တဲ့ ပစ္စည်းတွေအကုန်လုံးက X-rays မှာသုံးတဲ့ ရေဒီယိုလှိုင်းတွေကို မတားဆီးပါဘူး။ ဒီအဓိပ္ပါယ်က ဒီပလောပီနံ အလုံးတွေကို CT scans ဒါမှမဟုတ် X-rays မှာ မမြင်နိုင်ပါဘူး။ Bubble tea ထဲက အလုံးလေးတွေနဲ့ ပါတ်သတ်ပြီး Business Insider သတင်းဌာနက ၂၀၁၉ ခုနှစ် ဇွန်လ ၁၃ ရက်မှာ ဖော်ပြခဲ့ရာမှာ Bubble tea မှာပါတဲ့ ပလောပီနံအလုံးလေးတွေဟာ ကာဗွန်ဟိုက်ဒရိတ်အဓိကပါဝင်တဲ့အတွက် လူအများစုမှာ လွယ်ကူစွာ အစာချေဖျက် နိုင်ကြောင်း အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးနှင့် NYU Langone Health မှ ဆေးပညာ လက်ထောက်ပါမောက္ခ Dr. Rabia de Latour က ပြောကြားထားတယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် ဒီဖြစ်စဉ်က Bubble tea က ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်လို့ အဓိပ္ပါယ် သက်ရောက်တာ မဟုတ်ကြောင်း ပြောထားပါတယ်။

    BOOM က သတင်းဆန်းစစ်ထားမှု အပြည့်အစုံကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ကလေးတစ်ဦး Bubble Tea သောက်တဲ့အတွက် ဆီးချို ဖြစ်တယ်ဆိုတာလည်း သတင်းအမှားပဲ ဖြစ်ပါတယ်။

    ကလေးနှင့်ဆယ်ကျော်သက်အရွယ်အမျိုးအစား-၁ ဆီးချိုကုသရေးစီမံချက် CDiC Myanmar က ထုတ်ပြန်ထားချက်အရ အမျိုးအစား (၁) ကလေးဆီးချို ဖြစ်ပွားတာဟာ ခန္ဓာအတွင်းရှိ သရက်ရွက်အတွင်းမှ အင်ဆူလင်ထုတ်လုပ်ပေးတဲ့ ကလာပ်စည်းတွေကို ကိုယ်ခံစွမ်းအားစနစ်က ပြန်လည်တိုက်ခိုက်တဲ့အတွက် အင်ဆူလင်ထုတ်နိုင်စွမ်း ကျဆင်းလာကြောင်း၊ အင်ဆူလင်မရှိတဲ့အတွက် သွေးတွင်းသကြားဓာတ် များလာတာဖြစ်ကြောင်း၊ အချို့မှာ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ရဲ့ အချို့သော အကြောင်းအရာတွေ ပေါင်းစပ်ခြင်းကြောင့် ဖြစ်နိုင်တယ်လို့ ယူဆရပေမယ့် တိကျသေချာတဲ့ ကြောင်းအရာတွေကို သုတေသန ပြုလုပ်နေဆဲဖြစ်တယ်လို့ ကြေညာထားပါတယ်။

    ဒါ့အပြင် ကလေးဆီးချိုဟာ အချိုအလွန်အကျွံစားလို့ ဖြစ်တာမဟုတ်ကြောင်းနဲ့ အဝလွန်ခြင်းကြောင့် ဖြစ်တာမဟုတ်ကြောင်းလည်း ဖော်ပြထားပါတယ်။BOOM က သတင်းဆန်းစစ်ထားမှု အပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒါကြောင့် အခုဖြန့်ဝေနေတဲ့ Bubble Tea သောက်ခြင်းက လူ့အသက်ကို သေစေနိုင်တယ်ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

    Tags

    Bubble Teadigestive systemဆီးချိုကလေးဆီးချိုDiabetes in ChildrenFakenewscarbohydratesGuar Gum
    Read Full Article
    Claim :   Bubble Tea သောက်ခြင်းက လူ့အသက်ကို သေစေနိုင်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!