BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Bubble Tea သောက်ခြင်းက အသက်အန္တရာယ်...
သတင်းအတု

Bubble Tea သောက်ခြင်းက အသက်အန္တရာယ် ထိခိုက်စေသလား

တရုတ်နိုင်ငံမှ ကျောင်းသူတစ်ဦး Bubble tea သောက်ရာက ဗိုက်အောင့်တဲ့ ဝေဒနာခံစားရတဲ့အတွက် ဆေးရုံတက်ကုသရာ အစာအိမ်မှာ bubble အလုံးတွေကပ်နေတာတွေ့ရှိရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုအပေါ် BOOM Myanmar က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။

By - Boom Live Myanmar |
Published -  17 July 2020 6:48 AM IST
  • Bubble Tea သောက်ခြင်းက အသက်အန္တရာယ် ထိခိုက်စေသလား

    "သောက်မိသူကို အသက်သေစေတဲ့ အထိဖြစ်စေနိုင်တဲ့ မစ်ရှိတ်အအေးဘူးက အလုံးလေးတွေရဲ့ အန္တရာယ်" လို့ ရေးသားပြီး ဖေစ့်ဘွတ်ပေါ်ရေးသားဖြန့်ဝေနေမှုတွေဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အတွင်းကတည်းက စတင်ဖြန့်ဝေနေတာဖြစ်ပြီး ယခုအချိန်ထိလည်း ထပ်မံဖြန့်ဝေနေဆဲဖြစ်တာကို တွေ့ရပါတယ်။ ဖြန့်ဝေနေမှုတွေကို အောက်ပါပုံတွင် ကြည့်ပါ။


    အထက်ပါပုံမှာမြင်ရတဲ့အတိုင်း ဒီသတင်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှစပြီး အွန်လိုင်းပေါ်မှာ ဖြန့်ဝေနေပြီး အခုချိန်ထိ လည်း ဆက်လက်ဖြန့်ဝေနေဆဲဖြစ်ပါတယ်။ အချို့ဖြန့်ဝေမှုတွေမှာတော့ ထပ်ဆင့်ဖြန့်ဝေသူ ငါးထောင်ကျော်အထိရှိနေပါတယ်။ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    ရေးသားဖြန့်ဝေမှုတွေမှာတော့ "သောက်မိသူကို အသက်သေစေတဲ့ အထိဖြစ်စေနိုင်တဲ့ မစ်ရှိတ် အအေးဘူး က အလုံးလေးတွေရဲ့ အန္တရာယ်၊ အဲ့ဒီ Bubble အလုံး ၁ လုံးတိုင်းမှာ ၁၄ ကယ်လိုရီ ပါဝင်ပြီး အချိုရည်တစ်ဗူးဆိုရင် ၁၄၀ဝ ကယ်လိုရီ ဖြစ်နေကြောင်း၊ တရုတ်နိုင်ငံက ကျောင်းသူလေးတစ်ဥိးဟာ အဖြေရှာမရတဲ့ ဗိုက်အောင့်ခြင်းကြောင့် ကျောင်းဆေးခန်းသွားပေမယ့် မသက်သာပဲ ဆေးရုံသုံးတဲ့ အချိန်မှာတော့ အစာအိမ်မှာ အဲ့ဒီအလုံးလေးတွေ ကပ်နေတာကိုအံ့သြစွာ တွေ့ခဲ့ရကြောင်း၊ တရုတ်နိုင်ငံက tapoica bubble တွေကို ဂျာမနီ ဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးစေခဲ့တဲ့ အခါမှာတော့ အစေ့တွေဟာ ကားတာရာ အဟောင်း သားရေဖိနပ်တွေမှာ ပါတဲ့ ဓာတ်တွေကို တွေ့ခဲ့ရကြောင်း" စတဲ့ အကြောင်းအရာတွေပါဝင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    BOOM အနေနဲ့ ဒီရေးသားဖြန့်ဝေမှုတွေရဲ့ မူလအရင်းအမြစ်ကို ရှာကြည့်ရာမှာ ဒီသတင်းဟာ ပြီးခဲတဲ့ ၂၀၁၉ ခုနှစ် ဇွန်လအတွင်းက ကမ္ဘာ့မီဒီယာတွေပေါ်မှာ ဖော်ပြခဲ့တဲ့ "တရုတ်မိန်းကလေးတစ်ဦး ၅ ရက်ကြာ ဗိုက်အောင့်တဲ့ ဝေဒနာခံစားခဲ့ရပြီး ဆေးရုံသွားပြရာမှာ အစာအိမ်ထဲမှာ Bubble tea ထဲက အလုံးလေးတွေကြောင့် ဖြစ်နေ" ဆိုတဲ့ သတင်းကို ကိုးကားရေးထားကြောင်း တွေ့ရပါတယ်။ တရုတ်မီဒီယာတွေဖြစ်တဲ့ Shaoxing News သတင်းဌာနနဲ့ The paper သတင်းဌာနတွေရဲ့ ဖော်ပြချက်ကို ကိုးကားရေးသားထားတဲ့ "Chinese girl suffers from constipation for 5 days due to bubble tea pearls" ဆိုတဲ့ သတင်းမှာ ရေးသားထားတာက "၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး ပုလဲမစ်ရှိတ်သောက်ပြီး ငါးရက်ကြာ ဗိုက်အောင့်လို့ မလှှုပ်ရှားနိုင်ဖြစ်ရာက ဆေးရုံမှာ CT scan ဖတ်ကြည့်ရာ မစ်ရှိတ်ထဲက အလုံးလေးတွေဟာ အစာမချက်နိုင်ဖြစ်နေကြောင်း ရေးသားထားတာဖြစ်ပါတယ်။ မူရင်းသတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    ဒီသတင်းကို ကမ္ဘာတစ်ဝန်းကမီဒီယာတွေမှာ ဖော်ပြခဲ့ပေမဲ့ သတင်းမှားမှန် စိစစ်နေတဲ့ တချို့မီဒီယာတွေအတွက်တော့ သံသယဖြစ်စရာ အကြောင်းတရပ်ပေါ်လာပါတယ်။ ဒါကဘာလည်းဆိုတော့ သတင်းမှာပါဝင်တဲ့ ပုံတွေထဲက ဓါတ်မှန်ရိုက်ယူထားတဲ့ ပုံအပေါ်မှာ တချို့ဆရာဝန်တွေနဲ့ မီဒီယာတွေက မေးခွန်းထုတ်လာတာပါ။


    ပုံမှာမြင်တွေ့ရတဲ့အတိုင်း အနီရောင်ဝိုင်းပြထားတဲ့ နေရာတွေဟာ Bubble tea အလုံးလေးတွေ အစာအိမ်မှာ ကပ်နေတယ်ဆိုပြီး မူရင်းသတင်းမှာ ဖော်ပြထားပါတယ်။ ဒါနဲ့ပါတ်သတ်ပြီး မီယာမီ Nicklaus ကလေးဆေးရုံမှ ကလေးအထူးကုဆရာဝန် ဒေါက်တာ လီနာဖစ်လစ်ပ် က Live Science သတင်းဌာနနဲ့ အင်တာဗျူးမှာ ဒီလိုပြောထားပါတယ်။ မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    "Bubble tea မှာပါတဲ့ အသီးလေးတွေကို အများအားဖြင့် ပလောပီနံနဲ့ လုပ်ထားပြီး ပါဝင်တဲ့ ပစ္စည်းတွေအကုန်လုံးက X-rays မှာသုံးတဲ့ ရေဒီယိုလှိုင်းတွေကို မတားဆီးပါဘူး။ ဒီအဓိပ္ပါယ်က ဒီပလောပီနံ အလုံးတွေကို CT scans ဒါမှမဟုတ် X-rays မှာ မမြင်နိုင်ပါဘူး။" လို့ ပြောထားတာပါ။


    ဒီအချက်ကို ထောက်ပြဝေဖန်တဲ့ မီဒီယာအများအပြားရှိခဲ့ပြီး ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    နောက်ထပ်ဖြစ်နိုင်တဲ့အချက်အနေနဲ့ တရုတ်နိုင်ငံက ဒီ bubble တွေပြုလုပ်သူတွေအနေနဲ့ ပလောပီနံ အလုံးတွေပြုလုပ်ရာမှာ CT scan မှာ ပေါ်တဲ့ အခြားပါဝင်ပစ္စည်းတွေ သုံးထားတာလည်း ဖြစ်နိုင်ကြောင်း ဒေါက်တာ လီနာဖစ်လစ်ပ်က ပြောထားပါသေးတယ်။

    Bubble tea ထဲက အလုံးလေးတွေနဲ့ ပါတ်သတ်ပြီး Business Insider သတင်းဌာနက ၂၀၁၉ ခုနှစ် ဇွန်လ ၁၃ ရက်မှာ ဖော်ပြခဲ့ရာမှာ Bubble tea မှာပါတဲ့ ပလောပီနံအလုံးလေးတွေဟာ ကာဗွန်ဟိုက်ဒရိတ်အဓိကပါဝင်တဲ့အတွက် လူအများစုမှာ လွယ်ကူစွာ အစာချေဖျက်နိုင်ကြောင်း အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးနှင့် NYU Langone Health မှ ဆေးပညာလက်ထောက်ပါမောက္ခ Dr. Rabia de Latour က ပြောကြားထားတယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် ဒီဖြစ်စဉ်က Bubble tea က ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်လို့ အဓိပ္ပါယ် သက်ရောက်တာ မဟုတ်ကြောင်း ပြောထားပါတယ်။မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    အထက်ပါ အချက်တွေအရ Bubble tea က ကျန်းမာရေးအတွက် အန္တရယ်ရှိတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ သကြားပါဝင်မှုများတဲ့အတွက် တော်သင့်ရုံသာ စားဘို့ ဆရာဝန်တွေက အကြံပေးထားတာပါ။ အထက်ပါ သတင်းမှာ ဖတ်ရှု့နိုင်ပါတယ်။

    ဒီရေးသားဖြန့်ဝေမှုမှာပါတဲ့ "တရုတ်နိုင်ငံက tapoica bubble တွေကို ဂျာမနီ ဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးစေခဲ့တဲ့ အခါမှာတော့ အစေ့တွေဟာ ကားတာရာ အဟောင်း သားရေဖိနပ်တွေမှာ ပါတဲ့ ဓာတ်တွေကို တွေ့ခဲ့ရပါတယ်" ဆိုတဲ့ အချက်ကို စိစစ်ရာမှာတော့ ကောလဟလ သတင်းသာဖြစ်ကြောင်း Vice သတင်းဌာနမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဖော်ပြထားပါတယ်။ မူရင်းသတင်းကို ဒီနေရာ မှာဖတ်ရှု့နိုင်ပါတယ်။



    Tags

    ChinaBubble TeaX-Raydigestive systemPearlsconstipationfake newscarbohydratesGuar GumCT scan
    Read Full Article
    Claim :   Bubble tea သောက်ရာက အစာအိမ်မှာ bubble အလုံးတွေကပ်နေတာတွေ့ရှိရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုအပေါ် BOOM Myanmar က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!