BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Bubble Tea အလုံးတွေ...
သတင်းအတု

Bubble Tea အလုံးတွေ ဗိုက်ထဲပိတ်မိတယ်ဆိုတဲ့ သတင်းအမှား

တရုတ်နိုင်ငံက ဆယ်ကျော်သက်လူငယ်တစ်ဦးရဲ့ အူထဲမှာ Bubble Tea ထဲက သာကူလုံးတွေက အစာမကြေဘဲ စုခဲသွားပြီး ကျောက်ခဲလုံးတွေလို ပိတ်နေတဲ့အတွက် ခွဲစိတ်ဖယ်ရှားခဲ့ရတယ်ဆိုတဲ့ သတင်းမှားတစ်ပုဒ်လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  18 Jan 2021 5:34 AM IST
  • Bubble Tea အလုံးတွေ ဗိုက်ထဲပိတ်မိတယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းကို Good Health Journal ရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့က ရေးသားတင်ဆက်ခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူနဲ့ ကူးယူဖြန့်ဝေသူအများအပြားရှိနေပါတယ်။

    မူရင်းရေးသားချက်ထဲမှာ Bubble tea ပုလဲလုံးလေးတွေကို ဓါတ်မှန်ရိုက်ယူထားတဲ့ပုံတွေနဲ့ အတူ "တရုတ်နိုင်ငံမှ အမည်မဖော်လိုတဲ့ ဆယ်ကျော်သက်ကောင်လေးက Bubble Tea ကို ကြိုက်တာကြောင့် မကြာခဏသောက်ဖြစ်နေခဲ့ပြီး ပုလဲလုံးလို့ လူသိများတဲ့ စေးကပ်တဲ့သာကူလုံးတွေ ကိုလည်း ထည့်သောက်နေခဲ့ကြောင်း၊ ဒီကလေးဟာ စင်ရှန်ဆေးတက္ကသိုလ် ဆေးရုံကို ဝမ်းမသွားဘဲဗိုက်အောင့်တဲ့ ဝေဒနာနဲ့ ရောက်လာခဲ့ရာ ဆရာဝန်တွေ စစ်ဆေးချက်အရ သူရဲ့အူထဲမှာ ၂ စင်တီမီတာနဲ့ ၃ စင်တီမီတာရှိတဲ့ မာကျောစုဖွဲ့ နေတဲ့အရာနှစ်ခုကို တွေ့ရှိခဲ့ကြောင်း၊ သာကူလုံး တွေကို အူက အစာခြေစွန့်ပစ်နိုင်စွမ်း မရှိတာကြောင့် အူထဲမှာတင် မာကျော နေခဲ့တာလို့ ဆရာဝန်က ပြောကြောင်း၊ လူနာဟာ Bubble Tea နှစ်ခြိုက်တာကြောင့် တစ် ပတ်တစ်ကြိမ်လောက် ဝယ်သောက်နေခဲ့ တာဖြစ်ပြီး အထဲမှာထည့်ထားတဲ့ သာကူ လုံးတွေကိုလည်း မဝါးနေတော့ဘဲ တစ် ခါတည်းမျိုချပစ်လိုက်တဲ့အကျင့်ရှိကြောင်း၊ ၂၀၁၉ ခုနှစ် ဇွန်လ တုန်းကလည်း ကြက်ကျန်းပြည်နယ်က ၁၄ နှစ်အရွယ်မိန်းကလေးတစ်ဦး အလားတူ သာကူလုံးတွေ အူထဲ အစာမကြေဘဲ စုဖွဲ့ပိတ်ဆို့နေခဲ့တဲ့အတွက် ဆေးကုသမှု ခံယူခဲ့ရကြောင်း" ရေးသားထားတာဖြစ်ပါတယ်။

    မူရင်းရေးသားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာနဲပပတ်သက်တဲ့ သတင်းဆန်းစစ်ချက်တစ်ပုဒ်ကို ပြီးခဲ့တဲ့နှစ် ဂျုလိုင်လကတည်းက Boom ဝဘ်ဆိုက်မှာ ရေးသားဝေမျှခဲ့ဖူးပါတယ်။


    သတင်းကို ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

    ပြီးခဲ့တဲ့နှစ် ကဖြန့်ဝေခဲ့တဲ့ သတင်းထဲမှာတော့ ဒီအဖြစ်အပျက်နဲ့ပုံစံတူရေးသားမှုကိုပဲဖြန့်ဝေထားတာဖြစ်ပြီး အဲ့ဒီရေးသားမှုမှာတော့ မိန်းကလေးအဖြစ်နဲ့ရေးသားခဲ့တာဖြစ်ပါတယ်။ မူရင်းသတင်းကို တရုတ်မီဒီယာတွေဖြစ်တဲ့ Shaoxing News သတင်းဌာနနဲ့ The paper သတင်းဌာန တွေမှာ ရေးသားဖော်ပြခဲ့တာ ဖြစ်ပြီး ဒီနေရာမှာ ဖတ်ရှု့နိုင်ပါတယ်။ဒီအကြောင်းအရာဟာ တကျော့ပြန်ပြန်လည်ပျံ့နှံ့တဲ့ပုံစံဖြစ်ပါတယ်။

    အခုဖြန့်ဝေမှုမှာ ပါတဲ့ ဓါတ်ပုံတွေဟာလည်း ယခင်သတင်းဟောင်းထဲက ပုံတွေကို ပြန်လည်အသုံးပြုထားတာ ကိုလည်း တွေ့ရပါတယ်။


    အထက်ပါပုံဟာ 'ကျန်းမာရေးဗဟုသုတ' ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့က ဖြန့်ဝေထားတဲ့ ပုံဖြစ်ပါတယ်။ ရက်စွဲနေရာကို အနီရောင်နဲ့ ပြသထားပြီး ဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    အောက်မှာပြသထားတဲ့ ပုံကိုတော့ Good Health Journal ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ဖြန့်ဝေခဲ့တာပါ။ CT scan ဖတ်ထားတဲ့ ပုံနှစ်ပုံဟာ အတူတူပဲ ဖြစ်တာ တွေ့ရမှာပါ။


    ပုံမှာမြင်တွေ့ရတဲ့အတိုင်း အနီရောင်ဝိုင်းပြထားတဲ့ နေရာတွေဟာ Bubble tea အလုံးလေးတွေ အစာအိမ်မှာ ကပ်နေတယ်ဆိုပြီး မူရင်းသတင်းမှာ ဖော်ပြထားပါတယ်။

    ဒါနဲ့ပါတ်သတ်ပြီး မီယာမီ Nicklaus ကလေးဆေးရုံမှ ကလေးအထူးကုဆရာဝန် ဒေါက်တာ လီနာဖစ်လစ်ပ် က Live Science သတင်းဌာနနဲ့ အင်တာဗျူးမှာ ဒီလိုပြောထားပါတယ်။

    "Bubble tea မှာပါတဲ့ အသီးလေးတွေကို အများအားဖြင့် ပလောပီနံနဲ့ လုပ်ထားပြီး ပါဝင်တဲ့ ပစ္စည်းတွေအကုန်လုံးက X-rays မှာသုံးတဲ့ ရေဒီယိုလှိုင်းတွေကို မတားဆီးပါဘူး။ ဒီအဓိပ္ပါယ်က ဒီပလောပီနံ အလုံးတွေကို CT scans ဒါမှမဟုတ် X-rays မှာ မမြင်နိုင်ပါဘူး။" လို့ ပြောထားတာပါ။ မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒီအချက်ကို Forbes News သတင်းဌာန၊ သတင်းမှားတွေ ဖော်ထုတ်နေတဲ့ Snopes နဲ့ Mustshare သတင်းဌာန တွေကလည်း ထောက်ခံထားပါတယ်။ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    Bubble tea ထဲက အလုံးလေးတွေနဲ့ ပါတ်သတ်ပြီး Business Insider သတင်းဌာနက ၂၀၁၉ ခုနှစ် ဇွန်လ ၁၃ ရက်မှာ ဖော်ပြခဲ့ရာမှာ Bubble tea မှာပါတဲ့ ပလောပီနံအလုံးလေးတွေဟာ ကာဗွန်ဟိုက်ဒရိတ်အဓိကပါဝင်တဲ့အတွက် လူအများစုမှာ လွယ်ကူစွာ အစာချေဖျက်နိုင်ကြောင်း အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးနှင့် NYU Langone Health မှ ဆေးပညာလက်ထောက်ပါမောက္ခ Dr. Rabia de Latour က ပြောကြားထားတယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် ဒီဖြစ်စဉ်က Bubble tea က ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်လို့ အဓိပ္ပါယ် သက်ရောက်တာ မဟုတ်ကြောင်း ပြောထားပါတယ်။ မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    အထက်ပါ အချက်တွေအရ ဒီရေးသားဖြန့်ဝေနေမှုတွေဟာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် Bubble tea ဟာ သကြားပါဝင်မှုများတဲ့အတွက် တော်သင့်ရုံသာ စားဘို့ ဆရာဝန်တွေက အကြံပေးထားပါတယ်။ အထက်ပါ သတင်းမှာ ဖတ်ရှု့နိုင်ပါတယ်။

    Tags

    ChinaBubble TeaX-Raydigestive systemPearlsconstipationfake newscarbohydratesGuar GumCT scan
    Read Full Article
    Claim :   တရုတ်နိုင်ငံက ဆယ်ကျော်သက်လူငယ်တစ်ဦးရဲ့ အူထဲမှာ Bubble Tea ထဲက သာကူလုံးတွေက အစာမကြေဘဲ စုခဲသွားပြီး ကျောက်ခဲလုံးတွေလို ပိတ်နေတဲ့အတွက် ခွဲစိတ်ဖယ်ရှားခဲ့ရတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတဲ့ အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!