BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Bubble tea နဲ့ ကိုလာကြောင့်...
သတင်းအတု

Bubble tea နဲ့ ကိုလာကြောင့် ကလေးဆီးချိုဖြစ်စေနိုင်သလား

ထိုင်းနိုင်ငံက အဖြစ်အပျက်တစ်ခုကို ဘာသာပြန်ပြီး ပြန်လည်ဖြန့်ဝေနေတဲ့ ၉ နှစ်အရွယ် မိန်းကလေးတစ်ဦး ဆီးချို ၆၀၀ အထိ တက်တယ်ဆိုတဲ့ ပိုစ့်မှာ Bubble tea နဲ့ ကိုကာကိုလာ တွေ စားသောက်ရင်း ဖြစ်တာလို့ ရေးသားထားမှုအပေါ် သတင်းဆန်းစစ် ပေးထားပါတယ်။

By - Boom Live Myanmar |
Published -  10 Nov 2022 6:54 PM IST
  • Bubble tea နဲ့ ကိုလာကြောင့် ကလေးဆီးချိုဖြစ်စေနိုင်သလား

    ဒီဖြန့်ဝေမှုကို Mommy of 3 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က မေလအတွင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ ပြန်လည် ဖြန့်ဝေမှုတွေ ရှိလာတဲ့အတွက် သတင်းဆန်းစစ်ထားပါတယ်။

    ဖြန့်ဝေရာမှာ ထိုင်းနိုင်ငံက အဖြစ်အပျက်တစ်ခုကို ဘာသာပြန်ထားတယ်လို့ ဆိုထားပြီး '၉ နှစ် အရွယ် မိန်းကလေးတစ်ဦး ပင်ပန်းနေမကောင်းဖြစ်တဲ့အတွက် မိခင်က ဆေးခန်းပို့ စစ်ဆေးခဲ့ရာ ဆီးချို ၆၀၀ အထိတက်နေကြောင်း၊ မိဘတွေမှာ ဆီးချိုရောဂါခံ မရှိပေမယ့် ကလေးမှာသာ ဖြစ်တဲ့အကြောင်း၊ အစားကြောင့် ဖြစ်တာဖြစ်ပြီး bubble tea တွေ ကိုကာကိုလာအချိုရည်နဲ့ ရယ်ဒီမိတ်မုန့်ထုပ်တွေ စားလို့ ဖြစ်ကြောင်း' တွေ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ထိုင်းဘာသာစကားနဲ့ ဖြန့်ဝေခဲ့တဲ့ မူရင်းပိုစ့်ကို ပြန်ဖျက်သွားတဲ့အတွက် ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံမှာ အမှန်တကယ် ဖြစ်ခဲ့တာ ဟုတ်၊ မဟုတ် သေချာမသိနိုင်ပေမယ့် ကလေးဆီးချိုဟာ bubble tea တွေ ကိုကာကိုလာအချိုရည်နဲ့ အစားကြောင့် ဖြစ်တယ်ဆိုတာ မှားယွင်းတဲ့ အချက်ဖြစ်ပါတယ်။

    ကလေးနှင့်ဆယ်ကျော်သက်အရွယ်အမျိုးအစား-၁ ဆီးချိုကုသရေးစီမံချက် CDiC Myanmar က ထုတ်ပြန်ထားချက်အရ အမျိုးအစား(၁) ကလေးဆီးချို ဖြစ်ပွားတာဟာ ခန္ဓာအတွင်းရှိ သရက်ရွက်အတွင်းမှ အင်ဆူလင်ထုတ်လုပ်ပေးတဲ့ ကလာပ်စည်းတွေကို ကိုယ်ခံစွမ်းအားစနစ်က ပြန်လည်တိုက်ခိုက်တဲ့အတွက် အင်ဆူလင်ထုတ်နိုင်စွမ်း ကျဆင်းလာကြောင်း၊ အင်ဆူလင်မရှိတဲ့အတွက် သွေးတွင်းသကြားဓာတ် များလာတာဖြစ်ကြောင်း၊ အချို့မှာ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ရဲ့ အချို့သော အကြောင်းအရာတွေ ပေါင်းစပ်ခြင်းကြောင့် ဖြစ်နိုင်တယ်လို့ ယူဆရပေမယ့် တိကျသေချာတဲ့ ကြောင်းအရာတွေကို သုတေသန ပြုလုပ်နေဆဲဖြစ်တယ်လို့ ကြေညာထားပါတယ်။


    ဒါ့အပြင် ကလေးဆီးချိုဟာ အချိုအလွန်အကျွံစားလို့ ဖြစ်တာမဟုတ်ကြောင်းနဲ့ အဝလွန်ခြင်းကြောင့် ဖြစ်တာမဟုတ်ကြောင်းလည်း ဖော်ပြထားပါတယ်။

    ကလေးနှင့်ဆယ်ကျော်သက်အရွယ်အမျိုးအစား-၁ ဆီးချိုကုသရေးစီမံချက် (Changing Diabetes in Children, Myanmar) ဟာ ဒိန်းမတ်နိုင်ငံအခြေစိုက် Novo Nordisk ကုမ္ပဏီနဲ့ မြန်မာနိုင်ငံ ဆီးချိုသွေးချိုနှင့်ဟော်မုန်းဆိုင်ရာအဖွဲ့တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ ကလေးနှင့်ဆယ်ကျော်သက်တွေမှာ ဖြစ်ပွားလေ့ရှိတဲ့ အမျိုးအစား-၁ ဆီးချို ဆိုင်ရာများနဲ့ ပက်သက်ပြီး ဗဟုသုတဖြန့်ဝေ ကုသပေးနေတဲ့ ကျန်းမာရေးစီမံချက်ဖြစ်ပါတယ်။

    ကလေးဆီးချို အကြောင်း ထုတ်ပြန်ထားချက်ကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် Bubble tea ထဲက အလုံးလေးတွေနဲ့ ပါတ်သတ်ပြီး Business Insider သတင်းဌာနက ၂၀၁၉ ခုနှစ် ဇွန်လ ၁၃ ရက်မှာ ဖော်ပြခဲ့ရာမှာ Bubble tea မှာပါတဲ့ ပလောပီနံအလုံးလေးတွေဟာ ကာဗွန်ဟိုက်ဒရိတ်အဓိကပါဝင်တဲ့အတွက် လူအများစုမှာ လွယ်ကူစွာ အစာချေဖျက်နိုင်ကြောင်း အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးနှင့် NYU Langone Health မှ ဆေးပညာလက်ထောက်ပါမောက္ခ Dr. Rabia de Latour က ပြောကြားထားတယ်လို့ ရေးသားထားပါတယ်။ ဒီဖြစ်စဉ်က Bubble tea က ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်လို့ အဓိပ္ပါယ် သက်ရောက်တာ မဟုတ်ကြောင်း ပြောထားပါတယ်။မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    မကြာခန ထွက်ပေါ်လေ့ရှိတဲ့ Bubble tea နဲ့ ပက်သတ်တဲ့ သတင်းအမှားတွေကို BOOM က သတင်းဆန်းစစ်ထားပါတယ်။ ဒီနေရာ မှာ အပြည့်အစုံ ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်။

    Tags

    Bubble Teadigestive systemဆီးချို ၆၀၀ အထိတက်ကလေးဆီးချိုDiabetes in ChildrenFakenews
    Read Full Article
    Claim :   ၉ နှစ်အရွယ် မိန်းကလေးတစ်ဦး ဆီးချို ၆၀၀ အထိ တက်တယ်ဆိုတဲ့ ပိုစ့်မှာ Bubble tea နဲ့ ကိုကာကိုလာ တွေ စားသောက်ရင်း ဖြစ်တာလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!