BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည်က မဲမသမာမှု...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်က မဲမသမာမှု ဝန်ခံတဲ့အတွက် တပ်မတော်ဘက်က တုန့်ပြန်တယ်ဆိုတဲ့ သတင်းအမှား

ဒီရက်ပိုင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က မဲမသမာမှုတွေအတွက် တပ်မတော်ကို ခွင့်လွတ်ပေးဖို့ တောင်းပန်လာတယ် ဆိုတဲ့ သတင်းအမှား တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  9 Dec 2020 12:15 PM IST
  • ဒေါ်အောင်ဆန်းစုကြည်က မဲမသမာမှု ဝန်ခံတဲ့အတွက် တပ်မတော်ဘက်က တုန့်ပြန်တယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါသတင်းအမှားကို Nay Thurain ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီဇင်ဘာလ ၅ ရက်နေ့ ည ၁၁ နာရီ ၅၅ မိနစ်မှာ ရေးသားဖြန့်ဝေခဲ့တာဖြစ်ပြီး အဆိုပါ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ဒေါ်စုကြည်၏ ဝန်ခံချက်အပေါ် တပ်မတော်မှတုန့်ပြန်" ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားပြီး သတင်းရဲ့ အတွင်းမှာတော့ "ဝန်းရံသူလူငယ်များရဲ့ စေတနာအမှားကြောင့် ဖြစ်ပေါ်လာတဲ့ မဲမသမာမှု့ ဖြစ်စဉ်များကို တပ်မတော်အနေနဲ့ သဘောထားကြီးစွာဖြင့် ခွင့်လွှတ်နားလည်ပေးပါရန် ဒေါ်စုကြည်က မေတ္တာရပ်ခံလာရာ ဥပဒေဘောင် မကျော်လွန်စေပဲ တည်စဲဥပဒေအတိုင်းသာ ဖြေရှင်းသွားပါမည့်အကြောင်း တပ်မတော်က လိမ္မာပါးနပ်စွာ တုန့်ပြန်လိုက်ပါတယ်" (အသုံးအနှုန်း မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

    Nay Thurain ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က တင်ထားတဲ့ အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၂၀၀၀ နီးပါးနဲ့ Comment ရေးသားသူ ၅၀၀ နီးပါးရှိနေပြီး ထပ်ဆင့်ဝေမျှထားသူ ၁၈၀၀ ကျော် ရှိနေပါတယ်။

    ဒါ့အပြင် အဆိုပါ သတင်းအမှားကို တခြားဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာကလည်း ကူးယူဖော်ပြပြီး ပြန်တင်ထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။


    သတင်းဆန်းစစ်ချက်

    Nay Thurain ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားဖြန့်ဝေထားတဲ့ မဲမသမာမှုကို ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံခဲ့ပြီး တပ်မတော်ဘက်က လိမ္မာပါးနပ်စွာ တုန့်ပြန်ခဲ့တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ နိုင်ငံရေးအမြတ်ထုတ်ဖို့ သတင်းအမှားဖြန့်ကာ ဝါဒ ဖြန့်ချိတဲ့သတင်းသက်သက်ဖြစ်ကြောင်းတွေ့ရှီရပါတယ်။

    ၎င်း တို့ ရေးသားထားတဲ့ အချက်အလက် တွေဟာ အကုန်အမှားတွေသာ ဖြစ်ပါတယ်။ NLD ပါတီ အနိုင်ရပြီးတဲ့ နောက်ပိုင်းမှာ ဖေ့စ်ဘွတ်အကောင့်တု ပေါင်းများစွာကနေ မဲမသမာမှု လုပ်ခဲ့လို့ အနိုင်ရခဲ့ခြင်း ဖြစ်တယ်လို့ ရေးသားဖြန့်ဝေမှုတွေ များစွာ ရှိခဲ့ပါတယ်။ အခု သတင်းအမှား မထွက်ပေါ်ခင်မှာ NLD ပါတီက မဲခိုးတာ ဝန်ခံခဲ့တယ် ဆိုပြီး UEC ဥက္ကဌ ဦးလှသိန်း ၊ UEC အတွင်းရေးမှူး ဦးမြင့်နိုင်၊ NLD ပါတီဗဟို ပြန်ကြားရေး အတွင်းရေးမှူးမုံရွာအောင်ရှင်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် စတဲ့ နာမည်တွေသုံးပြီး သတင်းအမှား ဖြန့်ခဲ့ကြပါသေးတယ်။

    ပထမ ထွက်ပေါ်ခဲ့တဲ့ သတင်းအမှားတွေအကြောင်း အောက်ပါ Link မှာ ဖတ်ပါ။

    မဲမသမာမှုပြုလုပ်ကြောင်း ဦးမြင့်နိုင်ဝန်ခံတယ်ဆိုတဲ့ သတင်းအမှား

    ဒေါက်တာဇော်မြင့်မောင် နာမည်သုံးပြီး မဲရုံကိစ္စ ဖြန့်ဝေထားတဲ့သတင်းအမှား

    မုံရွာအောင်ရှင်နာမည်သုံးပြီး မဲရုံကိစ္စ ဖြန့်ဝေထားတဲ့ သတင်းအမှား

    ဆရာ၊ဆရာမတွေ မဲခိုးခဲ့တယ်လို့ UEC ဥက္ကဌ ဝန်ခံခဲ့တယ်ဆိုတဲ့ သတင်းအမှား

    အခုသတင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် နာမည်သုံးပြီး ဖြန့်ဝေခဲ့ခြင်းသာ ဖြစ်ပါတယ်။ ၎င်းတို့ ရေးသားထားတဲ့ အကြောင်းအရာဟာ ဖြစ်ပွားခဲ့ခြင်း မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို မဲ မသမာမှုတွေနဲ့ ပတ်သက်ပြီး ဘာမှ ပြောကြားထားခြင်း မရှိသလို တပ်မတော်ဘက်ကလည်း ဘာမှ ထုတ်ပြန်ပြောဆိုထားခြင်း မရှိပါဘူး။

    ဒီသတင်းအမှားတွေဟာ ရွေးကောက်ပွဲ မဲအနိုင်အရှုံး ရလဒ်တွေ ထွက်ပေါ်ပြီး နောက်ပိုင်းမှာ ဖေ့စ်ဘွတ်အကောင့်တု ပေါင်းများစွာနဲ့ ပုံစံအမျိုးမျိုးပြောင်းပြီး ဖြန့်ဝေနေကြတဲ့ သတင်းအမှားများသာ ဖြစ်ပါတယ်။




    Tags

    False newsTatmadawDaw Aung San Suu Kyiconfessionvote-riggingမဲ မသမာမှုတပ်မတော်သတင်းအမှား
    Read Full Article
    Claim :   Nay Thurain ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားဖြန့်ဝေထားတဲ့ မဲ မသမာမှုကို ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံခဲ့ပြီး တပ်မတော်ဘက်က လိမ္မာပါးနပ်စွာ တုန့်ပြန်ခဲ့တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!