BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မုံရွာအောင်ရှင်နာမည်သုံးပြီး...
သတင်းအတု

မုံရွာအောင်ရှင်နာမည်သုံးပြီး မဲရုံကိစ္စ ဖြန့်ဝေထားတဲ့ သတင်းအမှား

ဒီရက်ပိုင်းအတွင်း လူမှုကွန်ယက်ပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် နာမည်သုံးပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  28 Nov 2020 4:14 PM IST
  • မုံရွာအောင်ရှင်နာမည်သုံးပြီး မဲရုံကိစ္စ ဖြန့်ဝေထားတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ မနက် ၁၁ နာရီ ကျော်ခန့်မှာ တိုင်းကျော်သတင်းဆိုတဲ့ မီဒီယာအယောင်ဆောင်ထားတဲ့ ဖေ့စ်ဘွတ်ပေ့ချ်နဲ့ ခင်ညို ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တို့မှာ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ တခြားဖေ့စ်ဘွတ်အကောင့်တွေက ၎င်းတို့ဆီကနေ ပြန်လည် ကူးယူဖော်ပြခဲ့ကြပါတယ်။

    ၎င်းတို့ ဖြန့်ဝေထားတဲ့ သတင်းအမှားထဲမှာ "မဲရုံတွေမှာဖြစ်ခဲ့တဲ့ပြဿနာတွေဟာ ရွေးကော်နဲ့မဆိုင်ဘူး တာဝန်ကျတဲ့သူတွေနဲ့ပဲ ဆိုင်တယ်လို့ မုံရွာအောင်ရှင်ဆို" ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားပါတယ်။ အဲ့ဒီသတင်းရဲ့ အတွင်းပိုင်းမှာတော့ "၂၀၂၀ အထွေထွေရွေးကောက်ပွဲ မှာ အငြင်းပွားစရာတွေ ဖြစ်ခဲ့တဲ့ မဲရုံတွေက မဲစရင်းမှားယွင်းမှု မဲစာရွက်တွေပိုလျံနေမှု နဲ့ အချို့မသမာမှု ဘက်လိုက်မှုတွေဟာ ရွေးကောက်ပွဲကော်မရှင် UEC နဲ့ တိုက်ရိုက်မသက်ဆိုင်ပါဘူး အဲ့ဒီမဲရုံတွေမှာ တာဝန်ပေးထားခြင်းခံရတဲ့ ဝန်ထမ်းတွေ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့သာ သက်ဆိုင်တဲ့အတွက် အဓိက ဖြေရှင်းရမှာက သူတို့ကိုယ်တိုင်ပါပဲလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးမုံရွာအောင်ရှင်က ဆိုပါတယ်" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ အဲ့ဒီ သတင်းရဲ့ နောက်ပိုင်းမှာ ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီး ဖြစ်ပွားခဲ့တဲ့ မဲ မသမာမှုတွေဟာ မဲရုံတာဝန်ကျသူတွေနဲ့ ကြိုတင်မဲ လိုက်ကောက်သူတွေမှာသာ တာဝန်ရှိကြောင်း၊ မဲရလဒ်တွေအပေါ် တိုင်ကြားထားမှုတွေ အတွက်လည်း NLD အစိုးရနဲ့ UEC မှာ တာဝန်မရှိကြောင်း မဲရုံတာဝန်ကျ ဆရာ ၊ ဆရာမတွေမှာသာ တာဝန်ရှိကြောင်း မုံရွာအောင်ရှင်က ပြောထားတယ်လို့ ရေးသားဖြန့်ဝေထားပါတယ်။ အဲ့ဒီသတင်းရဲ့ အောက်ဆုံးမှာတော့ မဲရုံတွေက ပြဿနာတွေအပေါ် တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ အစိုးရလို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားမှု အပြည့်အစုံကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ် ရေးသားဖြန့်ဝေထားတဲ့ မဲရုံက ပြဿနာတွေဟာ မဲရုံတာဝန်ကျ ဆရာ၊ဆရာမတွေနဲ့ အုပ်ချုပ်းရေးမှူးတွေမှာပဲ တာဝန်ရှိတယ်လို့ NLD ပါတီ ဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင် ပြောထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးဖို့ ကာယကံရှင်ဖြစ်သူ မုံရွာအောင်ရှင်ကို ဆက်သွယ် မေးမြန်းတဲ့အခါမှာ အဆိုပါ အကြောင်းအရာကို လုံးဝ ပြောဆိုထားခြင်း မရှိဘူးလို့ အတည်ပြုပါတယ်။

    အဲ့ဒီ အကြောင်းအရာဟာ မုံရွာအောင်ရှင် နာမည်သုံးပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ်သာ ဖြစ်ပါတယ်။ မဲရုံတာဝန်ကျ ဆရာ ဆရာမတွေနဲ့ NLD ပါတီအပေါ် အထင်လွဲမှားမှု ဖြစ်အောင် ဖြန့်ဝေထားခြင်းသာ ဖြစ်ပါတယ်။ ဒီသတင်းအမှား မထွက်ပေါ်ခင်က မဲရုံစောင့် ဆရာ၊ဆရာမတွေ မဲခိုးခဲ့တယ်လို့ UEC ဥက္ကဌ ဦးလှသိန်းက ပြောခဲ့တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်ခဲ့ပါသေးတယ်။ အဲ့ဒီ သတင်းအမှားတုန်းကလည်း UEC နဲ့ ဆရာ၊ ဆရာမတွေအပေါ် အထင်လွဲမှားမှု ဖြစ်အောင် သတင်းအမှား ဖြန့်ခဲ့ကြသလို အခု သတင်းအမှားမှာလည်း NLD အစိုးရနဲက ဆရာ၊ ဆရာမတွေကြား အထင်လွဲမှားမှု ဖြစ်အောင် ဖြန့်ဝေထားခြင်း ဖြစ်ပါတယ်။

    ဒီရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့တဲ့ UEC ဥက္ကဌ နာမည်သုံးပြီး ဖြန့်ဝေခဲ့တဲ့ သတင်းအမှား အကြောင်းကို အောက်ပါ Link မှာ ဖတ်ပါ။

    ဆရာ၊ဆရာမတွေ မဲခိုးခဲ့တယ်လို့ UEC ဥက္ကဌ ဝန်ခံခဲ့တယ်ဆိုတဲ့ သတင်းအမှား


    အခုလို သတင်းအမှားဖြန့်တဲ့ အပေါ် NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က "ရှုံးတဲ့ ပါတီတွေအနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို အပြစ်ဆိုလိုက် NLD ပါတီအပေါ်မှာ အပြစ်ဆိုလိုက်နဲ့ပေါ့လေ တစ်လျှောက်လုံး လုပ်လာကြမှာပဲ။ အဲ့ဒါတွေက ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။ ပြည်သူလူထုရဲ့ ဒဏ်ခတ်တာကိုပဲ ခံရမယ်။ အဲ့ဒါပဲ ပြောချင်ပါတယ်" လို့ Boom Myanmar ကို ပြောပါတယ်။



    Tags

    false newspolling stationNLD's spoke personမုံရွာအောင်ရှင်မဲရုံသတင်းအမှား
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ် ရေးသားဖြန့်ဝေထားတဲ့ မဲရုံက ပြဿနာတွေဟာ မဲရုံတာဝန်ကျ ဆရာ၊ဆရာမတွေနဲ့ အုပ်ချုပ်းရေးမှူးတွေမှာပဲ တာဝန်ရှိတယ်လို့ NLD ပါတီ ဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင် ပြောထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!