BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဒေါက်တာဇော်မြင့်မောင် နာမည်သုံးပြီး...
      သတင်းအတု

      ဒေါက်တာဇော်မြင့်မောင် နာမည်သုံးပြီး မဲရုံကိစ္စ ဖြန့်ဝေထားတဲ့သတင်းအမှား

      ရွေးကောက်ပွဲ အနိုင်အရှုံးရလဒ်တွေ ထွက်ပေါ်ပြီးတဲ့ နောက်ပိုင်းမှာ NLD ပါတီ နဲ့ UEC တို့အပေါ် မဲခိုးမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ သတင်းအမှားများစွာ ထွက်ပေါ်ခဲ့ပါတယ်။

      By - Boom Live Myanmar | 2 Dec 2020 1:46 PM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • ဒေါက်တာဇော်မြင့်မောင် နာမည်သုံးပြီး မဲရုံကိစ္စ ဖြန့်ဝေထားတဲ့သတင်းအမှား

      ဒီရက်ပိုင်းအတွင်းမှာ မဲရုံတွေမှာ မဲခိုးမှုတွေ ဖြစ်ခဲ့ကြောင်း ဒေါက်တာ ဇော်မြင့်မောင် ဝန်ခံခဲ့တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။ အဆိုပါ သတင်းအမှားကို Sit Naing Aung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က နိုဝင်ဘာလ ၂၈ ရက်နေ့ ၁ နာရီ ၄၄ မိနစ်မှာ ဖြန့်ဝေခဲ့တာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "အောက်ခြေမဲရုံများတွင် မဲခိုးမှုများ ရှိခဲ့ကြောင်း ဒေါက်တာဇော်မြင့်မောင် ဝန်ခံ" လို့ ရေးထားပါတယ်။ အဆိုပါပိုစ့်ရဲ့ အတွင်းပိုင်းမှာတော့ "ထိုသို့ မဲခိုးခဲ့ရခြင်းမှာ NLD ပါတီဝန်းရံသူများက ပါတီအား နိုင်ချင်ဇောဖြင့် လုပ်ဆောင်ခဲ့ကြခြင်းဟု ပြောကြား။ ထိုသူများ၏ ကျူးလွန်ခဲ့မှုသည် ပါတီနှင့်မဆိုင်ပဲ သူတို့မှာသာ တာဝန်ရှိသည်ဟု ဖွင့်ဟ" လို့ ရေးသားထားပြီး အဲ့ဒီသတင်းထဲမှာ မှတ်ချက်အနေနဲ့ "ကဲ မှတ်ပလား မဲခိုးတဲ့ ကျူးလွန်မှုဟာ ပါတီနဲ့မဆိုင်ဘူးတဲ့ အဲ့လိုဆိုတော့ NLD ပါတီကို ဝန်းရဲအားပေးတဲ့ လူတွေရဲ သောက်ပစ်လို့ ပြောချင်တာလား။ NLD ပါတီက လူတွေက တော်တော်ပဲ့တယ် တာဝန်ယူမှု တာဝန်ခံမှု မရှိဘူး" (မူရင်းရေးသားထားသည့်အတိုင်း) လို့ရေးသားထားပြီး ၎င်းရဲ့ ပိုစ့်ကို ထပ်ဆင့်ဝေမျှထားသူ ၂၀၀ ကျော်ရှိနေပါတယ်။

      နောက်ထပ် ဖေ့စ်ဘွတ်အကောင့်တစ်ခုဖြစ်တဲ့ ရဲဇာနည် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က အဆိုပါ အကြောင်းအရာကို "မြန်ပြည်ချစ် ဆိုတဲ့ ဖေ့စ်ဘွတ်ဂရုထဲမှာ ထပ်ဆင့် ဝေမျှထားပါတယ်။

      မူရင်း ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

      သတင်းဆန်းစစ်ချက်

      လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတဲ့ မဲရုံတွေမှာ မဲခိုးမှု ဖြစ်ခဲ့တယ်လို့ ဒေါက်တာဇော်မြင့်မောင် ဝန်ခံထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နာမည်သုံးပြီး သတင်းအမှားဖြန့်ထားတာကို တွေ့ရပါတယ်။

      ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဒေါက်တာဇော်မြင့်မောင်က ပြောကြားထားခြင်း မရှိသလို မည်သည့် မီဒီယာမှာမှ ဖော်ပြထားခြင်း မရှိပါဘူး။ ဒီအကြောင်းအရာဟာ ဒေါက်တာဇော်မြင့်မောင် နာမည်ကို အသုံးချပြီး ဖြန့်ဝေထားတဲ့ သတင်းအမှား သက်သက်သာ ဖြစ်ပါတယ်။

      ရွေးကောက်ပွဲ အနိုင်အရှုံးရလဒ်တွေ ထွက်ပေါ်ပြီးတဲ့အချိန်မှာ NLD ပါတီဟာ UEC နဲ့ ပူးပေါင်းပြီး မဲခိုးခဲ့တယ်ဆိုတဲ့ သတင်းအမှားများစွာ ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ မဲရုံတွေမှာ မဲခိုးမှုတွေကို သတင်းအမှားများစွာထွက်ပေါ်ခဲ့ပါတယ်။

      ပထမဆုံး သတင်းအမှားအနေနဲ့ မဲရုံတွေမှာ ဆရာ၊ ဆရာမတွေ မဲခိုးတာကို UEC ဥက္ကဌ ဦးလှသိန်း ဝန်ခံခဲ့တယ်ဆိုတဲ့ သတင်းအမှားကို အရင်ဆုံး ဖြန့်ဝေခဲ့ကြပါတယ်။ အဲ့ဒီ အကြောင်းအရာကို Boom ရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းကို အောက်ပါ Link မှာ ဖတ်ပါ။

      ဆရာ၊ဆရာမတွေ မဲခိုးခဲ့တယ်လို့ UEC ဥက္ကဌ ဝန်ခံခဲ့တယ်ဆိုတဲ့ သတင်းအမှား


      ပထမ သတင်းအမှားထွက်ပေါ်အပြီး ရက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟိုပြန်ကြားရေးကော်မတီက မုံရွာအောင်ရှင် နာမည်အသုံးပြုပြီး မဲရုံတွေမှာ မဲခိုးမှုတွေ ရှိခဲ့တယ်လို့ ဝန်ခံထားကြောင်း သတင်းအမှား ထပ်ဖြန့်ခဲ့ပါတယ်။ အဲ့ဒီ အကြောင်းအရာအပေါ် Boom ရဲ့ သတင်းဆန်းစစ်မှုကို ဒီမှာ ဖတ်ပါ။

      မုံရွာအောင်ရှင်နာမည်သုံးပြီး မဲရုံကိစ္စ ဖြန့်ဝေထားတဲ့ သတင်းအမှား


      ဒီလို ဖြန့်ဝေမှုတွေ ပြုခဲ့ပြီး နောက်ဆုံးမှာ မန္တလေးတိုင်း ဝန်ကြီးချုပ် နာမည်ကို အသုံးပြုပြီး အရင်လို သတင်းအမှား ဆက်လက် ဖြန့်ဝေခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒီလို သတင်းအမှားများစွာ ဖြန်ဝေနေမှုအပေါ် NLD ပါတီ ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်က "ဒီလို သတင်းအမှားတွေ သတင်းအတုတွေ လုပ်ကြံသတင်းတွေက တစ်လျှောက်လုံးပေါ်ပေါက်နေမှာပဲ။ အထူးသဖြင့် NLD တောင်ပြိုကမ်းပြို မိုးကြီးပြိုသလို အနိုင်ရတဲ့အပေါ်မှာ ဘယ်လိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်ပြီးတော့ ဒီလိုပဲ နှောင့်ယှက် နေကြမှာပဲ။ ရှုံးတဲ့ ပါတီတွေအနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို အပြစ်ဆိုလိုက် NLD ပါတီအပေါ်မှာ အပြစ်ဆိုလိုက်နဲ့ပေါ့လေ တစ်လျှောက်လုံး လုပ်လာကြမှာပဲ။ အဲ့ဒါတွေက ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး" လို့ မှတ်ချက်ပေးပါတယ်။





      Tags

      fake newsMandalay Chief Ministerstealing votesElection Myanmarသတင်းအတုမဲခိုး
      Read Full Article
      Claim :   လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတဲ့ မဲရုံတွေမှာ မဲခိုးမှု ဖြစ်ခဲ့တယ်လို့ ဒေါက်တာဇော်မြင့်မောင် ဝန်ခံထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!