BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မဲမသမာမှုပြုလုပ်ကြောင်း...
သတင်းအတု

မဲမသမာမှုပြုလုပ်ကြောင်း ဦးမြင့်နိုင်ဝန်ခံတယ်ဆိုတဲ့ သတင်းအမှား

ရွေးကောက်ပွဲ မသမာမှုမျိုးစုံပြုလုပ်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးမြင့်နိုင်ဝန်ခံတယ် ဆိုပြီး လူမှုကွန်ရက်ပေါ် ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းမှားတွေသာ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  8 Dec 2020 12:11 PM IST
  • မဲမသမာမှုပြုလုပ်ကြောင်း ဦးမြင့်နိုင်ဝန်ခံတယ်ဆိုတဲ့ သတင်းအမှား

    ဒီဖြန့်ဝေမှုတွေကို ဒီဇင်ဘာလ ၁ ရက်နေ့က စတင်ပြုလုပ်လာတာ ဖြစ်ပြီး ရေးသားထားရာမှာ "ရွေးကောက်ပွဲမှာ NLD ပါတီကို အနိုင်ရရှိစေချင်တဲ့အတွက် အောက်ခြေမဲရုံအသီးသီးမှ မဲရုံမှူးများက မဲဆန္ဒရှင်တစ်ဦးကို မဲနှစ်မဲပေးစေခဲ့ခြင်း၊ မှတ်ပုံတင်မရှိသူများကို မဲပေးစေခဲ့ခြင်း ၊ သေဆုံးပြီး သူများကို မဲပေးစေခဲ့ခြင်း ၊ အသက်(၁၈) နှစ် မပြည့် သေးသူများအား မဲပေးစေခဲ့ခြင်း ၊ လူတစ်ဦးကို သက်သေခံကတ်ပြားနှစ်ခုပေးထားပြီးမဲပေးစေခဲ့ခြင်း၊ NLD ပါတီနဲ့ ပါတ်သတ်ပြီး ပယ်မဲ မသတ်မှတ်ပဲ ခိုင်လုံမဲသတ်မှတ်ခြင်းစတဲ့ မဲမသမာမှုများ လုပ်ဆောင်ပေးခဲ့သည်မှာ မှန်ကန်ကြောင်း UEC အတွင်းရေးမှူး ဦးမြင့်နိုင်မှ ဝန်ခံ" ဆိုပြီး ရေးသားထားတာပါ။

    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီဖြန့်ဝေမှုတွေဟာ သတင်းတု၊ သတင်းမှားတွေသာ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင် ဖေစ့်ဘွတ်စာမျက်နှာမှာ ဒီဇင်ဘာလ ၄ ရက်နေ့ နေ့လည်က ထုတ်ပြန်ကြေငြာထားပါတယ်။



    ထုတ်ပြန်ကြေငြာချက်ကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    Tags

    Fake NewsElectionမသမာမှုပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်UEC
    Read Full Article
    Claim :   ရွေးကောက်ပွဲ မသမာမှုမျိုးစုံပြုလုပ်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးမြင့်နိုင် ဝန်ခံ ဆိုပြီး လူမှုမီဒီယာတွေပေါ် ရေးသားဖြန့်ဝေနေမှုတွေအပေါ် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!