BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NLD ပါတီမှာ အစ္စလာမ်ဘာသာဝင်...
သတင်းအတု

NLD ပါတီမှာ အစ္စလာမ်ဘာသာဝင် အမြောက်အများ ဝင်ပြိုင်မယ်ဆိုတဲ့ သတင်းအမှား

နိုဝင်ဘာလမှာ ကျင်းပမယ့် ပြည်လုံးကျွတ် ရွေးကောက်ပွဲအတွက် ပါတီတွေအသီးသီးကပြင်ဆင်နေတဲ့ကာလမှာ နိုင်ငံရးအမြတ်ထုတ်ဖို့ ဖြန့်ချိတဲ့ သတင်းအမှားတွေမကြာခနပေါ်ထွက်နေပါတယ်။

By - Boom Live Myanmar |
Published -  29 Sept 2020 10:17 PM IST
  • NLD ပါတီမှာ အစ္စလာမ်ဘာသာဝင် အမြောက်အများ ဝင်ပြိုင်မယ်ဆိုတဲ့ သတင်းအမှား

    ဒီလို ဖြန့် ဝေကြတဲ့ သတင်းအမှားတွေထဲမှာ NLD ပါတီကို ဘာသာရေးနဲ့ တိုက်ခိုက်ပြီး ဝါဒဖြန့်ချိတဲ့အကြောင်းအရာတွေ ပိုမို တွေ့ရပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ရတနာ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က စက်တင်ဘာလ ၁၂ ရက်နေ့မှာ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း စာရင်းမှာ မွတ်စလင် ကိုယ်စားလှယ်လောင်း ၆၃ ဦး ပါဝင်နေတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် တင်ထားပါတယ်။

    အဲ့ဒီ သတင်းအမှားထဲမှာ "2020 ရွေးကောက်ပွဲမှာ NLD ပါတီမှ တင်သွင်းလာသော မွတ်အမတ်စာရင်းတွေ ဖုံးမရ ဖိမရ ထွက်လာပါပြီ" လို့ ခေါင်းစဉ်တပ်ထားတဲ့ ပုံ တစ်ပုံကို တင်ထားပါတယ်။ အဲ့ဒီ ခေါင်းစဉ်ရဲ့ အောင်မှာ "ရန်ကုန်တိုင်းမှ မွတ်အမတ် ၁၂ ဦး၊ စစ်ကိုင်းတိုင်းမှ မွတ်အမတ် ၉ ဦး၊ ဧရာဝတီတိုင်း ၈ ဦး၊ မကွေးတိုင်း ၈ ဦး၊ ရခိုင်ပြည်နယ်မှ ၇ ဦး၊ မွန်ပြည်နယ်မှ ၆ ဦး၊ ပဲခူးတိုင်းမှ ၆ ဦး၊ မန္တလေးတိုင်းမှ ၅ ဦး၊ ကရင်ပြည်နယ်မှ ၂ ဦး၊ စုစု ပေါင်း ၆၃ ဦး။ နောက်ထပ် ဘယ်တိုင်း၊ ပြည်နယ်ကနေ စာရင်းထပ်တိုးလာဦးမလဲဆိုတာ စောင့်ကြည့်ရပါဦးမည်" လို့ အဆိုပါ အရေအတွက်တွေ ဖော်ပြထားတဲ့ ပုံရဲ့ အပေါ်မှာ "၂၀၂၀မှာပြိုင်ကြမဲ့ စာရင်း အမှန်ပါ။ စဥ်းစားဖို့လိုပြီဆိုတာသိစေချင်အမျိုးတို့ ကိုယ့်ဘာသာကိုယ့်သာသနာ ကိုယ့်လူမျိုး ပျောက်ကုန် လိမ့်မယ်။ ထိုင်းနိုင်ငံလိုတော့မဖြစ်ပါစေနဲ့" လို့ ရေးသားထားပါတယ်။

    အဆိုပါ ပိုစ့်ကို ၎င်းရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ထပ်ဆင့် ဝေမျှသူ ၈၀၀ ကျော်ရှိနေပြီး ဆက်လက် မျှဝေနေကြဆဲ ဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ရတနာ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားတဲ့ NLD ပါတီ ကိုယ်စားလှယ်လောင်း စာရင်းမှာ မွတ်စလင် ကိုယ်စားလှယ် ၆၃ ဦး ပါဝင်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက်ဆန်းစစ်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအတွင်းရေးမှူး မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    ဒီ သတင်းအမှားထဲမှာ ရေးသားထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့မုံရွာအောင်ရှင်က အခုလိုဆိုပါတယ် ။ "ဒါ သတင်းအမှားပါ။ အခုရေးထားတဲ့ ကိန်းဂဏာန်းပမာဏက ချဲ့ထွင် ချဲ့ကားပြီး ရေးထားတဲ့ကိစ္စဖြစ်တယ်။ ပြောရရင်တော့ ဒီဟာက ပါတီကိုရော၊ အစိုးရကိုရော စွတ်စွဲပုတ်ခတ်ချင်တဲ့ သဘောနဲ့ မတရားတဲ့ အမြင်နဲ့ လုပ်တယ်လို့ပဲ ကျွန်တော်မြင်တယ်။ ၆၃ ဦးဆိုတာ လုံးဝ မဟုတ်ပါဘူး။ ဒေါ်ဝင်းမြမြနဲ့ ကိုစည်သူမောင် ၂ ယောက်ထဲပါ။ ဒါတောင်မှ ရှားရှားပါးပါးပါ။ ဒေါ်ဝင်းမြမြတို့ ကိုစည်သူမောင်တို့ ဆိုတာက သူ့ အရည်အချင်းနဲ့ သူတို့ အရွေးခံရတာပါ။ သူ့ဒေသ လူထုက ကြိုက်လို့ ရွေးချယ်လို့ အရွေးခံရတာပါ။ ကျွန်တော်တို့ ပါတီက လူမျိုးရေးခွဲခြားမှု မရှိဘဲ တော်ရင်တော်သလို နေရာပေးတဲ့ အစဉ်အလာ ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် ထူးထူး ထွေထွေမှ မဟုတ်ဘူး။ ပေါ်လစီ လည်း မဟုတ်ဘူး။ ဒါဟိုတုန်းကထဲက ကျွန်တော်တို့ မူဝါဒတွေ ရှိခဲ့ပြီးသားဖြစ်တယ်။ အဲ့ဒါကြောင့် ဒီလို Hate Speech လုပ်တဲ့သူတွေ၊ သတင်းအမှားတွေ လုပ်တဲ့သူတွေကို သက်ဆိုင်ရာကနေပြီးတော့ ဒါကို အရေးယူဖို့လည်းလိုတယ်" လို့ မုံရွာအောင်ရှင်က Boom Myanmar ကို ပြောပါတယ်။

    NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း စာရင်းနဲ့ ပတ်သက်ပြီး မွတ်စလင်တွေ များစွာပါဝင်တယ်ဆိုတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဇွန်လကတည်းက စတင်ရေးသားခဲ့တာကို တွေ့ရပြီး မကြာခဏ ဆိုသလိုအဲ့ဒီ အကြောင်းအရာကို ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Boom က ရေးသားခဲ့တဲ့ အဆိုပါ အကြောင်းအရာတွေကို အောက်က Link တွေမှာ ဖတ်ကြည့်နိုင်ပါတယ်။

    NLD အမတ် ၆၈% က အစ္စလာမ် ဘာသာဝင်များ ဖြစ်မည် ဆိုတဲ့ သတင်းအမှား

    NLD ကိုယ်စားလှယ်လောင်းစာရင်းတွင် မွတ်စလင် ထက်ဝက်ကျော်ပါဝင်တယ် ဆိုတဲ့ သတင်းအမှား

    NLD ပါတီမှာ မွတ်စလင်ကိုယ်စားလှယ် ၄၈ ဦး ဝင်ပြိုင်မယ်ဆိုတဲ့ သတင်းအမှား

    NLD ပါတီမှာ အစ္စလာမ်ဘာသာဝင် အမြောက်အများ ဝင်ပြိုင်မယ်ဆိုတဲ့ သတင်းအမှား


    Tags

    false newsNLD63 Muslimscandidates2020 electionအစ္စလာမ်ကိုယ်စားလှယ်လောင်းသတင်းအမှား
    Read Full Article
    Claim :   ရတနာ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားတဲ့ NLD ပါတီ ကိုယ်စားလှယ်လောင်း စာရင်းမှာ မွတ်စလင် ကိုယ်စားလှယ် ၆၃ ဦး ပါဝင်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအတွင်းရေးမှူး မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!