BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • NLD ပါတီမှာ အစ္စလာမ်ဘာသာဝင်...
Top Block

NLD ပါတီမှာ အစ္စလာမ်ဘာသာဝင် အမြောက်အများ ဝင်ပြိုင်မယ်ဆိုတဲ့ သတင်းအမှား

၂၀၂၀ ပြည်လုံးကျွတ် ရွေးကောက်ပွဲအတွက် လူမှုကွန်ယက်ပေါ်မှာ ပါတီထောက်ခံသူတွေ ကန့်ကွက်သူတွေကြား အပြန်အလှန် ရေးသားဖြန့်ဝေမှုတွေရဲ့ နောက်ဆက်တွဲအဖြစ် သတင်းအမှားတွေလည်း ဆက်တိုက်ထွက်ပေါ်နေသလို လတ်တလောသတင်းအမှားတွေထဲမှာ NLD နဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ အများဆုံးပျံ့နှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  26 Aug 2020 12:44 PM IST
  • NLD ပါတီမှာ အစ္စလာမ်ဘာသာဝင် အမြောက်အများ ဝင်ပြိုင်မယ်ဆိုတဲ့ သတင်းအမှား

    ဒီလိုထွက်ပေါ်လာတဲ့ သတင်းအမှားတွေထဲမှာ ပါတီခေါင်းဆောင်ပိုင်းနဲ့ ကိုယ်စားလှယ်လောင်းတေဘာသာအရေးနဲ့ NLD ပါတီကိုချိတ်ဆက်ပြီးရေးသားဖြန့်ဝေထားတဲ့ သတင်းအမှားတွေလည်းဆက်တိုက်ဖြန့်ဝေမှုတွေဖြစ်ပေါ်နေပါတယ်။

    ဒီရက်ပိုင်းအတွင်းမှာပဲ အလားတူသတင်းအမှားတစ်ခုကို ပြည်ပအခြေစိုက် နိုင်ငံရေး အကြောင်းတွေဝေမျှနေတဲ့ Myanmar Hard Talk ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေဖြန့်ဝေခဲ့ပါသေးတယ်။ ဒီပေ့ချ်ဟာ သြဂုတ်လ ၂၃ ရက်နေ့ မနက် ၉ နာရီ မှာ NLD ပါတီနဲ့ပတ်သက်လို့ ဘာသာရေးကိုအသုံးချပြီး အခြေခံပြီး ဖြန့်ဝေထားတဲ့ သတင်းအမှား တစ်ပုဒ် တင်ထားပါတယ်။ အချက်အလက်များတွေပါဝင်နေတဲ့ အဲ့ဒီသတင်းကို လူပေါင်းများစွာက ဆက်လက်ဖြန့်ဝေနေဆဲဖြစ်ပါတယ်။

    အဆိုပါ Page ရဲ့ရေးသားမှုကို မူရင်းအတိုင်း ဖော်ပြရရင် "2020 ရွေးကောက်ပွဲ တွင် NLD ပါတီမှဝင်ရောက်ယှဉ်ပြိုင်မည့် အစ္စလမ်ဘာသာဝင်မူဆလင်အမတ်များ" ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားပြီးခေါင်းစဉ်အောက်ပိုင်းမှာတော့ "ရခိုင် ၇ ဦး ကရင် ၂ ဦး ပဲခူး ၆ ဦး၊ ဧရာဝတီ ၈ဦး မန္တလေးတိုင်း၅ ဦး၊ ရန်ကုန်တိုင်၁၂ ဦး မွန်ပြည်နယ် ၆ဦး၊ စစ်ကိုင်တိုင်း၉ ဦး မကွေးတိုင်၈ ဦး၊ ပါဝင်မယ်လို့သိရပါတယ် ၊ ဒီအထဲက(၃)ဦးကို ပြည်နယ်တိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့စီစဉ်ထားတယ်လို့လည်း အတည်မပြုရသေးတဲ့သတင်းတွေအရသိရပါတယ်" လို့ ရေးသားထားပြီး အဲ့ဒီ စာသားတွေနဲ့အတူ NLD ကိုယ်စားလှယ်လောင်းများဖြစ်တဲ့ ကိုစည်သူမောင်၊ ဒေါ်ဝင်းမြမြနဲ့ မူဆယ်မြို့က စိုင်းထွန်းကိုကို ဓါတ်ပုံအပြင် ရှမ်းတောင်လို့ စာရေးသားထားတဲ့ မုတ်ဆိတ်နဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ဓါတ်ပုံကို တင်ထားပါတယ်။

    အဆိုပါ သတင်းအမှားကို Myanmar Hard Talk ဖေ့စ်ဘွတ်ပေ့ချ်ကနေ Like လုပ်ထားသူ ၁၉၀၀ ကျော်ရှိပြီး၊ ထပ်ဆင့်ဝေမျှထားသူ ၁၃၀၀ ကျော်နဲ့ Comment ပေါင်း ၈၅၀ ကျော် ရှိနေပါတယ်။ Comment အများစုမှာ ဘာသာရေး ကို အခြေခံပြီး ပြောထားတဲ့ အမုန်းစကားများပါဝင်နေပါတယ်။

    သတင်းဆန်းစစ်ချက်

    Myanmar Hard Talk ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတဲ့ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း စာရင်းမှာ အစ္စလာမ်ဘာသာဝင်တွေ ၆၃ ဦးခန့် ပါဝင်မယ်ဆိုတဲ့ သတင်းကို အချက်အလက် ဆန်းစစ်ဖို့ Boom Myanmar က NLD ပါတီ ဗဟိုပြန်ကြားရေး ကော်မတီ က အတွင်းရေးမှူး မုံရွာအောင်ရှင် ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    ဒီ သတင်းအမှားထဲမှာ ရေးသားထားတဲ့ အကြောင်းအရာနဲ့ ပက်သက်ပြီး "အခုရေးထားတဲ့ ကိန်းဂဏာန်းပမာဏက ချဲ့ထွင် ချဲ့ကားပြီး ရေးထားတဲ့ကိစ္စဖြစ်တယ်။ ပြောရရင်တော့ ဒီဟာက ပါတီကိုရေ အစိုးရကိုရော စွတ်စွဲပုတ်ခတ်ချင်တဲ့ သဘောနဲ့ မတရားတဲ့ အမြင်နဲ့ လုပ်တယ်လို့ပဲ ကျွန်တော်မြင်တယ်။ နောက်တစ်ခုက ကျွန်တော်တို့က အစ္စလာမ်ဘာသာဝင်တွေကို ကျွန်တော်တို့ ရွေးကောက်ပွဲမှာ ထည့်ပြီးတော့ပေါ့လေ ပါဝင်ဖို့ လုပ်တဲ့ ကိစ္စကလည်း ဒါဟာ ကျွန်တော်တို့အတွက် ထူးထူးထွေထွေမှ မဟုတ်ဘူး။ ပေါ်လစီ လည်း မဟုတ်ဘူး။ ဒါဟိုတုန်းကထဲက ကျွန်တော်တို့ မူဝါဒတွေ ရှိခဲ့ပြီးသားဖြစ်တယ်။ အဲ့ဒါကြောင့် ဒီလို Hate Speech လုပ်တဲ့သူတွေ၊ သတင်းအမှားတွေ လုပ်တဲ့သူတွေကို သက်ဆိုင်ရာကနေပြီးတော့ ဒါကို အရေးယူဖို့လည်းလိုတယ်။ ကျွန်တော်တို့ အစိုးရနဲ့ ပါတီ အနေနဲ့ကလည်း ဒီကိစ္စကိုတော့ လုံးဝ ရှုံ့ချတယ်" လို့ မုံရွာအောင်ရှင် က Boom Myanmar ကို ပြောပါတယ်။

    NLD ပါတီက ယခု ၂၀၂၀ ရွေးကောက်ပွဲအတွက် လူထုထောက်ခံမှူရရှိထားပြီး ပါတီအရေးနဲ့ပတ်သက်လို့ နောက်ခံသမိုင်းကြောင်းကောင်းသူ အစ္စလာမ်ဘာသာဝင်တချို့ကိုရွေးချယ်ထားပေမယ့် လက်ရှိသတင်းအမှာမှာပါဝင်သလို အစ္စလာမ်ဘာသာဝင်အယောက်ခြောက်ဆယ်ကျော်ရွေးချယ်ထားတယ်ဆိုတဲ့ကအချက်ကတော့မှားယွင်းနေပါတယ်။

    လက်ရှိအချိန်ထိ NLD ပါတီမှာရွေးချယ်ထားတဲ့ အစ္စလာမ်ဘာသာဝင်ကိုယ်စားလှယ်လောင်းဟာ ၂ ဦးသာရှိထားပြီး ဒီပုဂ္ဂိုတွေကတော့ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင် မဲဆန္ဒနယ်မှ ဒေါ်ဝင်းမြမြနဲ့ ရန်ကုန်တိုင်းဒေသကြီး ပန်းပဲတန်းမြို့နယ်က ကိုစည်သူမောင် တို့ပဲ ဖြစ်ပါတယ်။

    ဒါ့အပြင် ဒီသတင်းအမှားထဲမှာ အသုံးပြုထားတဲ့ ဓါတ်ပုံတစ်ပုံဖြစ်တဲ့ မူဆယ်က NLD ကိုယ်စားလှယ်လောင်း စိုင်းထွန်းကိုကို နဲ့ ပက်သက်ပြီး ဘင်္ဂလီ လူမျိုး ဖြစ်တယ်ဆိုတဲ့ သတင်းအမှားတွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ Boom Myanmar က စိုင်းထွန်းကိုကို နဲ့ ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးခဲ့ပါတယ်။ Boom Myanmar က အချက်အလက် စစ်ဆေးထားတဲ့ သတင်းကို ဒီမှာဖတ်နိုင်ပါတယ်။

    လက်ရှိဖြန့်ဝေနေတဲ့ ပါတီနိုင်ငံရေးဆိုင်ရာ သတင်းအမှားတွေမှာ အစ္စလာမ်ဘာသာဝင်တွေအရေးနဲ့ရောထွေးပြီး ဖြန့်ဝေနေကြတာနဲ့ပတ်သက်လို့ အစ္စလာမ့် ဓမ္မသတ်မှူး ဒေါက်တာမြင့်သိန်း(ငြိမ်းချမ်းလုလင်) ကအခုလိုပြောပါတယ်။

    "အခု ဖေ့စ်ဘွတ်ပေါ်မှာ တချို့ ပိုစ့်တွေပေါ့နော် ကျွန်တော်တို့ ဖတ်ရတယ်။ အဲ့ဒီမှာ ပုဂ္ဂိုလ်တစ်ယောက်က မြန်မာနိုင်ငံသား မဟုတ်တော့ပါဘူး။ သို့သော်ငြားလည်း ဒီနေ့ မြန်မာ့နိုင်ငံရေးမှာ ဝင်ပြီးတော့ မဟုတ်မမှန် သတင်းတွေ Fake News တွေ အမုန်းစကားတွေပါ ပါတယ်။ အဲ့လိုမျိုး ဖြန့်နေတာ တွေ့ရတယ်။ အဲ့ဒါကတော့ ဘာလဲဆိုတော့ NLD မှာ လောလောဆယ် အထင်ကရ ကိုယ်စားလှယ်လောင်းအနေနဲ့ ရွေးထားတာက ဒေါ်ဝင်းမြမြနဲ့ ကိုစည်သူမောင် တို့ပဲ ဖြစ်တယ်။ ဒါပေမယ့် သူတို့က NLD ထဲမှာ မွတ်စလင် ကိုယ်စားလှယ်လောင်းတွေ အများကြီး ရွေးထားတယ်ဆိုပြီး သတင်းအမှားကြီး ပေးထားတာကို တွေ့ရတယ်။ ဒါကတော့ ရှင်းရှင်းပြောရင်တော့ ဒီဘက်က အစ္စလာမ် ဘာသာဝင်တွေနဲ့ NLD ကြားထဲမှာလည်း ဒါက ပြဿနာဖြစ်အောင် ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ တခြား ဗုဒ္ဓဘာသာဝင်တွေ အထင်မှား အမြင်မှားဖြစ်အောင် တမင်ရည်ရွယ်ချက်နဲ့ လုပ်နေတာတွေ တွေ့ရတယ်" လို့ ဒေါက်တာမြင့်သိန်း(ငြိမ်းချမ်းလုလင်) Boom Myanmar ကို ပြောပါတယ်။

    အဆိုပါ Myanmar Hard Talk ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က စတင် ပြုလုပ်ထားတာ တွေ့ရပြီး Page Admin အဖြစ် ၂ ဦး အသုံးပြုနေတာကို တွေ့ရပါတယ်။ ၎င်း ပေ့ချ်မှာ NLD ပါတီကို ဝေဖန်ရေးသားမှုတွေ တွေ့ရသလို သတင်းအမှားတွေကိုလည်း မကြာခဏ ပြန်တင်တာကို တွေ့ရပါတယ်။ သတင်းအမှား အများစုဟာ ဘာသာရေးကို အခြေခံပြီး ဖြန့်ဝေလေ့ရှိတာကို တွေ့ရပါတယ်။ တစ်ခါတစ်ရံ အဆိုပါ Page မှာ တခြားနိုင်ငံသား အဖြစ်ခံယူထားသူ တစ်ဦးရဲ့ Live Video တွေ တွေ့ရပါတယ်။

    Tags

    False newsNLDchoosing many Muslims candidates2020 electionသတင်းအမှားNLD ပါတီအစ္စလာမ်ဘာသာဝင်ကိုယ်စားလှယ်လောင်း
    Read Full Article
    Claim :   Myanmar Hard Talk ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတဲ့ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း စာရင်းမှာ အစ္စလာမ်ဘာသာဝင်တွေ ၆၃ ဦးခန့် ပါဝင်မယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် ဆန်းစစ်ဆေးဖို့ NLD ပါတီ ဗဟိုပြန်ကြားရေး ကော်မတီ က အတွင်းရေးမှူး မုံရွာအောင်ရှင် ကို ဆက်သွယ်မေးမြန်းထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!