BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NLD ကိုယ်စားလှယ်လောင်းစာရင်းတွင်...
သတင်းအတု

NLD ကိုယ်စားလှယ်လောင်းစာရင်းတွင် မွတ်စလင် ထက်ဝက်ကျော်ပါဝင်တယ် ဆိုတဲ့ သတင်းအမှား

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အတွက် NLD ပါတီက ကိုယ်စားလောင်း ရွေးချယ်မှူနဲ့ပတ်သက်ပြီး သတင်းအမှားတွေ မကြာခဏ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  3 July 2020 6:28 PM IST
  • NLD ကိုယ်စားလှယ်လောင်းစာရင်းတွင် မွတ်စလင် ထက်ဝက်ကျော်ပါဝင်တယ် ဆိုတဲ့ သတင်းအမှား

    ဒီလို သတင်းအမှားဖြန့်ဝေမှုတွေဟာ လူမျိုးရေး ဘာသာရေးကို အသုံးချပြီး ဝါဒဖြန့်ချိမှုတွေ မဲဆွယ်စည်းရုံးမှုတွေ ပါဝင်နေပါတယ်။ တန်ပြန် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့် တစ်ခုဟာ ဇွန်လ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၄ဝ မိနစ်မှာ NLD ပါတီကို မဲမပေးဖို့ လူမျိုးရေး လိမ်ညာလှုံ့ဆော်ထားတဲ့ သတင်းအမှား တစ်ပုဒ် တင်ထားပါတယ်။ အဲ့ဒီ သတင်းအမှားထဲမှာ "NLD အမတ်လောင်းများတွင် မွတ်ဆလင် ထက်ဝက်ခန့် စာရင်းပါနေသည်။ ပြည်သူများ မဲမပေးမိပါစေနဲ့" လို့ ရေးသား ထားပါတယ်။

    အဆိုပါ သတင်းအမှားကို တန်ပြန်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ထပ်ဆင့်ဝေမျှသူ ၃၃၀၀ ကျော်ရှိနေပြီး ဆက်လက်ဖြန့်ဝေနေကြဆဲ ဖြစ်ပါတယ်။

    ဒီ သတင်းအမှားတင်ခဲ့တဲ့ တန်ပြန်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုဖြစ်တာကို တွေ့ရပြီး ၎င်းရဲ့ ဖေ့စ်ဘွတ်ပိုစ့်အများစုဟာ NLD ပါတီအကြောင်း သတင်းအမှား တွေနဲ့ လူမျိုးရေးအမုန်းစကားတွေ ဖြန့်ဝေထားတာကို တွေ့ရပါတယ်။

    သတင်းဆန်းစစ်ချက်

    တန်ပြန်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာတင်ထားတဲ့ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း စာရင်းမှာ မွတ်စလင် ထက်ဝက်ခန့်ပါဝင်နေတယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးဖို့ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ အဲ့ဒီ ပမာဏဟာ လုံးဝမဖြစ်နိုင်တဲ့ ကိန်းဂဏာန်းသာဖြစ်ပြီး သတင်းအမှားသက်သက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီ ရေးသားဖြန့်ဝေမှုနဲ့ ပက်သက်ပြီး "ရာခိုင်းနှုန်းထက်ဝက်ကျော် ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ အမှန်အတိုင်းပြောရရင် ဒီဘက်က ကိုယ်စားလှယ်လောင်းရွေးတဲ့ စာရင်းတွေက ဘာမှ ထွက်မလာသေးဘူး။ စာရင်းထွက်လာရင်လည်း တရားဝင် ကြေငြာမှာပဲလေ။ အခုဟာက ဗဟိုအလုပ်အမှုဆောင်က ဘာမှ အတည်မပြုရသေးဘူး။ ဗဟိုက ခုမှ စစ်နေတုန်း ရှိသေးတာလေ။ ဒီဘက်က ဘာမှတောင် အတည်မပြုရသေးဘူး။ အတိအကျတောင် ပါတီဘက်က စာရင်းမထွက်သေးဘူး။ အဲ့လိုရာခိုင်နှုန်းတွေလည်း ပြောလို့ မရဘူး။ ပြီးတော့ ဒီပမာဏက မဖြစ်နိုင်ဘူးလေ။ လျှောက်တဲ့သူထဲမှာတောင် အဲ့လောက် ရာခိုင်နှုန်း ပါမှာ မဟုတ်ဘူး" လို့ ကိုနေဘုန်းလတ်က ဆိုပါတယ်။

    ရေးသားဖြန့်ဝေမှုဟာ လွန်ခဲ့တဲ့ ၁ လ ခန့်က သတင်းအမှား တစ်ပုဒ်ကို အခြေခံပြီး ရေးသား ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။ ပထမ ထွက်ပေါ်ခဲ့တဲ့ သတင်းအမှားထဲမှာ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း စာရင်းမှာ မွတ်စလင် ၆၈% ပါဝင်နေတယ်လို့ ဖော်ပြထားခဲ့ပါတယ်။

    အဲ့ဒီ သတင်းအမှားနဲ့ ပက်သက်ပြီး NLD ပါတီက ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးဟံသာမြင့်က "ကျွန်တော်တို့ကတော့ ခုထက်ထိ မွတ်စလင်နဲ့ ပက်သက်လို့ ဘာမှကို ပြောထားတာ မရှိဘူး။ ကျွန်တော်တို့က အစတုန်းက အတိုင်းလိုပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့အတိုင်း အမတ်လောင်း တစ်ယောက်ရဲ့ ကန့်သတ်ချက်နဲ့ ပြည့်စုံရင် လက်ခံမယ်ဆိုတဲ့ဟာပဲ ရှိတယ်။ ဒါပေမယ့် ကျွန်တော် သိရသလောက်က အဲ့ဒီ ၆၈% ဆိုတဲ့ ဂဏာန်းကြီးက လုံးဝ မဖြစ်နိုင်ပါဘူး" လို့ Boom ရဲ့ ဆက်သွယ် မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

    အဲ့ဒီသတင်းတုကို ပြန်လည်ဆန်းစစ်ထားတဲ့ သတင်းကို ဒီမှာ ဖတ်ရှု့နိုင်ပါတယ်။

    Tags

    fake newsNLD's candidate listmore than half of MuslimsFake accountသတင်းအမှားNLD ကိုယ်စားလှယ်လောင်းစာရင်းမွတ်စလင် ထက်ဝက်ကျော်ပါဝင်အကောင့်အတု
    Read Full Article
    Claim :   တန်ပြန်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာတင်ထားတဲ့ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း စာရင်းမှာ မွတ်စလင် ထက်ဝက်ခန့်ပါဝင်နေတယ်ဆိုတဲ့ သတင်းကို Boom Myanmar က တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေး ထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!