BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • NLD ပါတီမှာ မွတ်စလင်ကိုယ်စားလှယ် ၄၈...
      သတင်းအတု

      NLD ပါတီမှာ မွတ်စလင်ကိုယ်စားလှယ် ၄၈ ဦး ဝင်ပြိုင်မယ်ဆိုတဲ့ သတင်းအမှား

      ဒီရက်ပိုင်းအတွင်းမှာ NLD ပါတီက မွတ်စလင် ကိုယ်စားလှယ်လောင်း ၄၈ ဦးနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ သတင်းအမှားတွေ ပျံ့နှံ့နေပါတယ်။

      By - Boom Live Myanmar | 14 Aug 2020 12:23 PM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • NLD ပါတီမှာ မွတ်စလင်ကိုယ်စားလှယ် ၄၈ ဦး ဝင်ပြိုင်မယ်ဆိုတဲ့ သတင်းအမှား

      အဆိုပါ သတင်းအမှားကို Ko Ko Aung Aung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇူလိုင်လ ၂၈ ရက်နေ့ ၃ နာရီ ၄၂ မိနစ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

      အဆိုပါ သတင်းအမှားထဲမှာ "ရုပ်လုံးပေါ်လာပြီဖြစ်တဲ့ OIC ပါတီ" လို့ ခေါင်းစဉ်တပ်ထားပြီး သတင်းရဲ့ အတွင်းမှာတော့ "NLD ဟာ မွတ်ပါတီမှန်း အမျိုးသားရေးသမား အကုန်နီးနီးသိကြပါတယ် သူတို့ဟာ။ Oic ရဲ့ ကျေးကိုစားထားတဲ့ ကျေးကျွန်ပါ။ ဒါ့ကြောင့်nldကိုမွတ်ပါတီလို့ ပြောရင် ငပြိန်း ငတုဏ်း ငဒူ ငဆနူ ကောင်တွေက ယခင် usdp မှာပါခဲ့တဲ့ ရွှေမောင်တို့ သုံ ယောက်နဲ့ ပြုပြင်ထားတဲ့ ပုံတွေကို လိုက်မန့်ကြပါလေရော။ USDP မှာ ပါခဲ့ပေမယ့် လွှတ်တော်မှာ ဘာမှ လုပ်လို့မရလို့ ပြည်ပထွက်ပြေးပြီးမွတ်အရေး လုပ်နေတာကိုကြည့်ပါ ပူးသတ်မရလို့ ခွာသတ် နည်းကိုသုံးနေကြတာပါ။ NLD က Oic ရဲ့ကျေးကျွန်ဖြစ်နေတဲ့အပြင် တစ်ပါတီလုံး ငနီရဲ့ တပည့်တွေချည့်ပဲ အဲ့ဒီလိုကွာပါတယ် 2015 ရွေးကောက်ပွဲမှာလဲ မွတ်အကုန်လုံးက nld ဖက်မှာပဲရှိခဲ့ပါတယ်" (မူရင်းဖော်ပြထားသည့်အတိုင်း) စသည်ဖြင့် ရေးသားထားပါတယ်။

      အဆိုပါ သတင်းအမှားကို ထပ်ဆင့်ဝေမျှသူ ၂၀၀ ကျော်ရှိပြီး တခြား ဖေ့စ်ဘွတ်အကောင့်တွေကလည်း ထပ်ဆင့်ဖြန့်ဝေထားကြပါတယ်။

      သတင်းဆန်းစစ်ချက်

      NLD ပါတီဟာ OIC က ထောက်ပံ့ကြေး ယူပြီး မွတ်စလင် ကိုယ်စားလှယ်လောင်း ၄၈ ဦးနဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးဖို့ NLD ပါတီ ဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင် ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ အဆိုပါ သတင်းဟာ သတင်းအမှားသာ ဖြစ်တယ်လို့ ဆိုပါတယ်။

      မွတ်စလင် ကိုယ်စာလှယ်လောင်း ၄၈ ဦး နဲ့ ယှဉ်ပြိုင်မယ် ဆိုတာနဲ့ ပက်သက်ပြီး "ဒါ သတင်းအမှားပါ။ ၄၈ ဦးဆိုတာ လုံးဝ မဟုတ်ပါဘူး။ ဒေါ်ဝင်းမြမြနဲ့ ကိုစည်သူမောင် ၂ ယောက်ထဲပါ။ ဒါတောင်မှ ရှားရှားပါးပါးပါ။ ဒေါ်ဝင်းမြမြတို့ ကိုစည်သူမောင်တို့ ဆိုတာက သူ့ အရည်အချင်းနဲ့ သူတို့ အရွေးခံရတာပါ။ သူ့ဒေသ လူထုက ကြိုက်လို့ ရွေးချယ်လို့ အရွေးခံရတာပါ။ ကျွန်တော်တို့ ပါတီက လူမျိုးရေးခွဲခြားမှု မရှိဘဲ တော်ရင်တော်သလို နေရာပေးတဲ့ အစဉ်အလာ ရှိပါတယ်။ ခုနက ပြောတဲ့ ၄၈ ဦးဆိုတာ လုံးဝ မဟုတ်ပါဘူး" လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

      NLD ပါတီဟာ OIC က ထောက်ပံ့ကြေးယူတယ်လို့ စွပ်ဆွဲထားတဲ့ သတင်းအမှားတွေနဲ့ မကြာခဏ တိုက်ခိုက်ခံရလေ့ ရှိပါတယ်။ အဆိုပါ OIC က ထောက်ပံ့ကြေး ယူတယ်လို့ ပုတ်ခတ်ပြောဆိုမှုနဲ့ ပက်သက်ပြီး "အဲ့ဒါကတော့ ဘယ်လိုမှ အခြေအမြစ်မရှိတဲ့ အောက်တန်းကျတဲ့ သတင်းပါ။ ကျွန်တော်တို့က OIC ဆီကလည်း မဟုတ်ဘူး။ ဘယ်နိုင်ငံကမှ ကျွန်တော်တို့ ယူလို့မရပါဘူး။ အဲ့ဒါကတော့ ပါတီတင် မကပါဘူး၊ ကျွန်တော်တို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ထဲမှာ ပါပြီးသားပဲ။ အဲ့အတိုင်း လိုက်နာနေရတာ။ ပါတီက ဘယ်နိုင်ငံခြားက အကူအညီမှ ယူလို့ မရပါဘူး၊ အဖွဲ့အစည်းက မပြောနဲ့ လူဆီကတောင်မှ ကျွန်တော်တို့က နိုင်ငံခြားငွေဆို ယူလို့မရပါဘူး" လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်က Boom Myanmar ပြောပါတယ်။

      Tags

      fake newsNLD party48 Muslim candidatesNLD ပါတီမွတ်စလင် ကိုယ်စားလှယ်သတင်းအမှား
      Read Full Article
      Claim :   NLD ပါတီဟာ OIC က ထောက်ပံ့ကြေး ယူပြီး မွတ်စလင် ကိုယ်စားလှယ်လောင်း ၄၈ ဦးနဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ်ဆိုတဲ့ သတင်းကို Boom Myanmar က NLD ပါတီ ဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင် ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  Facebook
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!