BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • UEC မဲခိုးကြောင်း ဝန်ခံပြီး...
သတင်းအတု

UEC မဲခိုးကြောင်း ဝန်ခံပြီး ဖျက်သိမ်းတယ် ဆိုတဲ့ သတင်းအတု

ရွေးကောက်ပွဲ အပြီး မဲစာရင်း ရလဒ်တွေ ထွက်ပေါ်အပြီးမှာ UEC ကို တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ ဆက်တိုက်ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  21 Dec 2020 6:56 PM IST
  • UEC မဲခိုးကြောင်း ဝန်ခံပြီး ဖျက်သိမ်းတယ် ဆိုတဲ့ သတင်းအတု

    ဒီလိုထွက်ပေါ်လာတဲ့ သတင်းအမှားတွေထဲမှာ UEC က မဲခိုးကြောင်းဝန်ခံပြီး ဖျက်သိမ်းလိုက်ပြီ ဆိုတဲ့ သတင်းအမှား တစ်ပုဒ်လည်းပျံ့နှံ့လျက်ရှိပါတယ်။

    အဲ့ဒီ သတင်းအမှားကို ကျော်စွာထက် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီဇင်ဘာလ ၁၉ ရက်နေ နေ့ခင်း ၂ နာရီ ၇ မိနစ်မှာ ရေးတင်ခဲ့တာ ဖြစ်ပြီး အဆိုပါ သတင်းအမှားထဲမှာ UEC ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရတယ်လို့ ရေးသားထားပါတယ်။

    ဒါ့အပြင် UEC က မဲခိုးကြောင်း ဝန်ခံခဲ့တယ်လို့ ရေးသားထားပြီး ဒီလို ဝန်ခံခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က ဒေါသထွက်နေတယ်လို့ ရေးသားထားပါတယ်။ ဒီလို ရေးသားရာမှာ ဒေါ်အောင်ဆန်းစုကြည်နာမည်ကို တိုက်ရိုက်မရေးထားဘဲ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်မကြည်သူတွေ သုံးလေ့ရှိတဲ့ ဗန်းစကားကို သုံးထားပါတယ်။ အဲ့ဒီ ဖေ့စ်ဘွတ် status ထဲမှာပဲ USDP ပါတီထောက်ခံသူတွေကို ရည်ရွယ်ပြီး အစိမ်းရောင်တွေဟာ စေတနာမှန်လို့ ကံကောင်းတာ ဆိုတဲ့ ပုံစံမျိုး ရေးသားထားပါတယ်။

    မူရင်းရေးသားမှု အပြည့်အစုံကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၁၀၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၆၀၀ ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေထားတဲ့ UEC က မဲခိုးကြောင်း ဝန်ခံခဲ့ပြီး ဖျက်သိမ်းလိုက်ပြီ ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    ရွေးကောက်ပွဲ မဲစာရင်းတွေ ရေတွက်အပြီးမှာ UEC ကို တိုက်ခိုက်ထားတဲ့ သတင်းအမှားများစွာ ထွက်ပေါ်ခဲ့ပါတယ်။ ဒီလို ထွက်ပေါ်ခဲ့တဲ့ သတင်းအမှားတွေထဲမှာ UEC ဥက္ကဌ ဦးလှသိန်းက မဲခိုးတယ်လို့ ဝန်ခံခဲ့တယ်ဆိုတဲ့ သတင်းအမှားလည်း ထွက်ပေါ်ခဲ့ပါတယ်။

    အဲ့ဒီနောက်မှာ UEC က ၄၅ ရက်မပြည့်ခင် နုတ်ထွက်ခွင့် တင်ခဲ့တယ်ဆိုတဲ့ သတင်းအမှားလည်း ထွက်ပေဓခဲ့ပြီး ဒီသတင်းအမှား နောက်မှာ UEC က တရားစွဲခံရပြီး NLD ထိပ်ပိုင်းခေါင်းဆောင်တွေ လျှို့ဝှက် အစည်းအဝေး လုပ်ခဲ့တယ် ဆိုတဲ့ သတင်းအမှား ထပ်မံ ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ မဲမသမာမှု လုပ်ခဲ့ကြောင်း ကော်မရှင် အတွင်းရေးမှူး ဦးမြင့်နိုင်က ဝန်ခံခဲ့တယ် ဆိုတဲ့ သတင်းအမှားတွေလည်းဆက်တိုက် ထွက်ပေါ်ခဲ့ပါတယ်။

    UEC နဲ့ ပတ်သက်ပြီး ယခင် ထွက်ပေါ်ခဲ့တဲ့သတင်းတွေကို အောက်ဖော်ပြပါ Link တွေမှာ ဖတ်ပါ။

    ဆရာ၊ဆရာမတွေ မဲခိုးခဲ့တယ်လို့ UEC ဥက္ကဌ ဝန်ခံခဲ့တယ်ဆိုတဲ့ သတင်းအမှား

    ၄၅ ရက် မပြည့်ခင် UEC နုတ်ထွက်ခွင့် တင်တယ်ဆိုတဲ့ သတင်းအမှာ

    မဲမသမာမှုပြုလုပ်ကြောင်း ဦးမြင့်နိုင်ဝန်ခံတယ်ဆိုတဲ့ သတင်းအမှား

    UEC တရားစွဲခံရပြီး NLD ထိပ်ပိုင်းခေါင်းဆောင်တွေ လျှို့ဝှက်အစည်းအဝေး လုပ်တယ်ဆိုတဲ့ သတင်းအတု


    အခုထွက်ပေါ်ခဲ့တဲ့ သတင်းအမှားဟာလည်း ယခင်ဖြန့်ဝေခဲ့ပြီးသား သတင်းအဟောင်းတွေကို အခြေခံပြီး ရေးသားဖြန့်ဝေ ကြခြင်းသာ ဖြစ်ပါတယ်။ UEC က ဖျက်သိမ်းခြင်း မရှိသလို ၎င်းတို့စွပ်စွဲထားတဲ့ မဲခိုးတာ ဝန်ခံခဲ့တယ် ဆိုတဲ့ အကြောင်းအရာဟာလည်း သတင်းအမှား သက်သက်သာ ဖြစ်ပါတယ်။


    Tags

    Fake newsUECstealing votesမဲခိုးရွေးကော်ဖျက်သိမ်းသတင်းအတု
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေထားတဲ့ UEC က မဲခိုးကြောင်း ဝန်ခံခဲ့ပြီး ဖျက်သိမ်းလိုက်ပြီ ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!