BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ၄၅ ရက် မပြည့်ခင် UEC နုတ်ထွက်ခွင့်...
သတင်းအတု

၄၅ ရက် မပြည့်ခင် UEC နုတ်ထွက်ခွင့် တင်တယ်ဆိုတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၄၅ ရက် မပြည့်ခင် နုတ်ထွက်ခွင့် တင်ထားတယ် ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  7 Dec 2020 7:20 PM IST
  • ၄၅ ရက် မပြည့်ခင် UEC နုတ်ထွက်ခွင့် တင်တယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားဟာ ဒီဇင်ဘာလ ၄ ရက်နေ့ခန့်က လူမှုကွန်ယက်ပေါ်မှာ ပျံနှံ့ခဲ့တာ ဖြစ်ပါတယ်။ ဒီ သတင်းအမှားကို ညီညီထွန်း ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီဇင်ဘာလ ၄ ရက်နေ့ မနက် ၉ နာရီ ၄ မိနစ်မှာ ရေးသားဝေမျှထားတာကိုတွေ့ရပြီး အဲ့ဒီ သတင်းအမှားထဲမှာ "အရေးကြီး သတင်း ထွက်လာပြီ၊ပြည်ထောင်စုUEC ၄၅ ရက်မပြည့်ခင် နှုတ်ထွက်ခွင့်တင် ဟုကြားသိရ" လို့ ရေးတင်ထားပါတယ်။

    အဲ့ဒီသတင်းအမှားကို ၎င်းရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ လူ ၁၅၀ ကျော်က ထပ်ဆင့်ဝေမျှထားကြပါတယ်။ နောက်ထပ် Aung Zaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကလည်း အဲ့ဒီ သတင်းအမှားကို ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ် ရေးတင်ထားပါတယ်။

    ဒီ သတင်းအမှား မထွက်ပေါ်ခင်မှာ UEC ခေါင်းဆောင် ၆ ဦးထက်မနည်း နုတ်ထွက်စာ တင်ထားတယ် ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ပျံ့နှံ့ခဲ့ပါ သေးတယ်။ ပထမ သတင်းအမှား ထွက်ပေါ်ပြီး နောက်ပိုင်းမှာ အခုသတင်းအမှား ထပ်မံထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

    ပထမ ထွက်ပေါ်ခဲ့တဲ့ သတင်းအမှားနဲ့ အခု သတင်းအမှားကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်က ၄၅ ရက်အတွင်း နုတ်ထွက်ခွင့် တင်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှား ဖြစ်ကြောင်း တွေ့ရပါတယ်။

    ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၎င်းတို့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ အဆိုပါ သတင်းဟာ သတင်းအမှားဖြစ်ကြောင်း အတည်ပြု ထုတ်ပြန်ထားပါတယ်။ UEC ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတဲ့ သတင်းအမှား ဖြစ်ကြောင်း ထုတ်ပြန်ချက်ကို ဒီမှာ ဖတ်ပါ။


    အခု သတင်းအမှား မထွက်ပေါ်ခင်မှာ UEC ခေါင်းဆောင် ၆ ဦးထက်မနည်း နုတ်ထွက်စာ တင်ထားတယ် သတင်းအမှား အကြောင်းအရာ တစ်ခုလည်း ထွက်ပေါ်ခဲ့ပြီး ပထမ ထွက်ပေါ်ခဲ့တဲ့ အဲ့ဒီ သတင်းအမှားအကြောင်း Boom က အချက်အလက် စစ်ဆေးထားတဲ့ သတင်းကို ဒီမှာ ဖတ်ပါ။





    Tags

    False newsUECresignedElection Myanmarသတင်းအမှားရွေးကောက်ပွဲကော်မရှင်နုတ်ထွက်
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်က ၄၅ ရက်အတွင်း နုတ်ထွက်ခွင့် တင်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!