BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • UEC တရားစွဲခံရပြီး NLD...
သတင်းအတု

UEC တရားစွဲခံရပြီး NLD ထိပ်ပိုင်းခေါင်းဆောင်တွေ လျှို့ဝှက်အစည်းအဝေး လုပ်တယ်ဆိုတဲ့ သတင်းအတု

ရွေးကောက်ပွဲကော်မရှင်ကို တရားစွဲပြီးတဲ့နောက် NLD ထိပ်ပိုင်းခေါင်းဆောင်တွေ လျှို့ဝှက် အစည်းအဝေး လုပ်ခဲ့တယ် ဆိုတဲ့ သတင်းအမှားတွေ လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  10 Dec 2020 3:30 PM IST
  • UEC တရားစွဲခံရပြီး NLD ထိပ်ပိုင်းခေါင်းဆောင်တွေ လျှို့ဝှက်အစည်းအဝေး လုပ်တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို ဒီဇင်ဘာလ ၈ ရက်နေ့ မနက် ၉ နာရီ ၁၃ မိနစ်မှာ Nay Thurain ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးတင်ခဲ့တာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားထဲမှာ "ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တရားစွဲဆိုလိုက်တဲ့ ညမှာပဲ NLDပါတီထိပ်သီးတွေ လှို့ဝှက်အစည်းအဝေးလုပ်တယ်။ ဒေါ်စုကြည်ကလည်း သူခန့်ထားတဲ့ ပြည်ပအကြံပေးတွေနဲ့ အစည်းအဝေးထိုင်တယ်။ လိပ်ပြာလုံနေရင် ဒီလောက်အထိ ပြာယာခတ်နေစရာ အကြောင်းမရှိဘူးလေဗျာ။ မနေ့ညကတော့ ဒေါ်စုကြည်ဆီက ဘာလာဘာလာ အသံထွက်လာတယ်။ မကြာပါဘူး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာချက်ထုတ်တယ်" (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    အဲ့ဒီ ဖေ့စ်ဘွတ်ပိုစ့်ထဲမှာ UEC ကို တရားစွဲတဲ့အတွက် NLD ဟာ အမှုတွဲ ခံရမှာ ဖြစ်တယ်လို့ ရေးထားပြီး NLD ပါတီဘက်ကလည်း ထိတ်လန့်နေတယ်လို့ ရေးသားထားပါတယ်။ စစ်ဆေးပေါ်ပေါက်ချက်တွေအရ စာရွက်စာတမ်းတွေ ရုံးတော်တင်သွင်းဖို့ အမိန့်ချခံရမယ် ဆိုပြီးတော့လည်း ရေးသားထားပါတယ်။

    အဲ့ဒီပိုစ့်ကို Nay Thurain ဖေ့စ်ဘွတ်အကောင့်ကနေ လူပေါင်း ၉၀၀ ကျော်က ထပ်ဆင့် ဝေမျှထားပြီး တခြား ဖေ့စ်ဘွတ်အကောင့်တွေကလည်း ကူးယူဖော်ပြထားကြပါတယ်။

    မူရင်းရေးသားမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေထားတဲ့ UEC တရားစွဲခံရပြီး NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ လျှို့ဝှက် အစည်း လုပ်ခဲ့တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ အဆိုပါ သတင်းဟာ သတင်းအမှား ဖြစ်ကြောင်း အတည်ပြု ပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း UEC ကို ရဲအရေးပိုင် ပုဒ်မတွေနဲ့ တရားစွဲထားတယ် ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ အခု သတင်းအမှား ထပ်မံ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ လက်ရှိဖြန့်ဝေထားတဲ့သတင်းအမှားထဲမှာ UEC ကိုတရားစွဲတယ်ဆိုတဲ့အကြောင်းအရာထည့်သွင်းရေးသားထားပေမယ့် ဘယ်အဖွဲ့အစည်းကတရားစွဲတယ်ဆိုတာမပါသလို၊ ဘယ်တုန်းက တရားစွဲပါတယ်ဆိုတဲ့အချက်တွေမပါပဲ ထင်ယောင်ထင်မှားဖြစ်ဖို့ရေးသားထားတာဖြစ်ပါတယ်။

    ဒီလို သတင်းအမှားဖြန့်တဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က "သူတို့က တစ်ခုပြီးတစ်ခု ရှုပ်ထွေးအောင်ပေါ့လေ ကျွန်တော်မြင်တာက။ နောက်တစ်ခုက အနိုင်ရပါတီနဲ့ UEC နဲ့ ပြည်သူလူထုကို ရန်တိုက်ပေးမယ်။ အနိုင်ရပါတီနဲ့ UEC အလုပ်ရှုပ်နေအောင် ၊ ရှုပ်ထွေးနေအောင် လုပ်နေတယ်လို့ပဲ ကျွန်တော်တော့ မြင်ပါတယ်။ သူတို့ရဲ့ ကြိုးစားမှုကလည်း အရာထင်လာမှာ မဟုတ်ပါဘူး" လို့ မှတ်ချက် ပေးပါတယ်။

    Tags

    Fake newsUECtop NLD leaderssecret meetingရွေးကောက်ပွဲ ကော်မရှင်NLD ထိပ်ပိုင်းခေါင်းဆောင်လျှို့ဝှက်အစည်းအဝေးသတင်းအတု
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေထားတဲ့ UEC တရားစွဲခံရပြီး NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ လျှို့ဝှက် အစည်း လုပ်ခဲ့တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!